ရွှေဟင်္သာဆရာတော်သည် စစ်ကိုင်းတိုင်းစစ်ကိုင်းတောင်ရိုး၊ ရွှေဟင်္သာတိုက်သစ်မှ ဘဒ္ဒန္တပဏ္ဍိတသိရီ ဆရာတော်ဘုရားကြီး ဖြစ်ပေသည်။ ၁၉၉၃-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည်။

ရွှေဟင်္သာဆရာတော် ဦးပဏ္ဍိတသိရီ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
အခြားအမည်များရွှေကျင်သာသနာပိုင် ရွှေဟင်္သာဆရာတော်
ဓမ္မအမည်ပဏ္ဍိတသိရီ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား၁၂၅၅-ခု၊ နတ်တော်လဆန်း (၇)ရက်
စစ်ကိုင်းတိုင်း၊ လင်းယဉ်ရွာ
ရာထူး တာဝန်
ဌာနစစ်ကိုင်းတောင်ရိုး၊ ရွှေဟင်္သာတိုက်သစ်
ဂုဏ်ဒြပ်ဒွါဒသမ ရွှေကျင်သာသနာပိုင်
ယခင်​ကြေးမြင်ဆရာတော်
ဆက်ခံညောင်ရွှေကန်ကြီး ဆရာတော်

ငယ်ဘဝ ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၅၅-ခု၊ နတ်တော်လဆန်း (၇)ရက်၊ ကြာသပတေးနေ့၌ ဧရာဝတီတိုင်းဟင်္သာတခရိုင်လေးမျက်နှာမြို့၊ အလယ်ရပ်၊ ခမည်းတော် ဦးကျောက်စိမ်း၊ မယ်တော် ဒေါ်ရွှေသော့တို့မှ ဖွားမြင်လေသည်။ ၁၂၆၉-ခုတွင် လေးမျက်နှာမြို့၊ မိချောင်းရဲကျောင်း ဆရာတော်အရှင် အာစရထံ ရှင်သာမဏေပြုသည်။

ရဟန်းပြုခြင်း ပြင်ဆင်ရန်

၁၂၇၅-ခု၊ ဝါဆိုလဆန်း (၁၄)ရက်တွင် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရကျောင်းတိုက်၊ သီလဝိသောဓနီ သိမ်တော်၌ ရန်ကုန်မြို့၊ ဗဟန်းကျောင်းတော်ရာ၊ ရွှေကျင်ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည်။ ရွှေဟင်္သာတောရတိုက်၊ ပထမစံကျောင်း ဆရာတော်၊ ဒုတိယစံကျောင်း ဆရာတော်၊ စပယ်ရုံကျောင်း ဆရာတော် အရှင်ယုဂန္ဓရ စသော စာချ ဆရာတော်ကြီးများထံတွင် စာပေသင်ယူခဲ့သည်။ ကျန်းမာရေး ချို့တဲ့မှုကြောင့် ပထမလတ်တန်းမျှသာ အောင်မြင်ခဲ့သည်။

စာပေပို့ချခြင်း ပြင်ဆင်ရန်

သိက္ခာ(၅)ဝါ ခန့်မှစ၍ သက်တော် (၈၅)နှစ်တိုင်အောင် ညောင်တုန်းရွှေဟင်္သာတောရတိုက်နှင့် စစ်ကိုင်းရွှေဟင်္သာတိုက်သစ်တို့၌ ပရိယတ္တိစာပေများ ပို့ချခဲ့သည်။

သာသနာရေးတာဝန် ဆောင်ရွက်ချက်များ ပြင်ဆင်ရန်

၁၃၀၄-ခု၊ စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံကျောင်းတိုက်၌ ကျင်းပသည့် ရွှေကျင်သံဃာ့ အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ ဝန်ဆောင်ဆရာတော်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ၁၃၃၇-ခု၊ တန်ဆောင်မုန်းလ၌ ပဲခူး ကြခတ်ဝိုင်း ရွှေကျင်ဂိုဏ်း သံဃာ့အစည်းအဝေးကြီးမှ ရွှေကျင်ဂိုဏ်း တွဲဖက် သာသနာပိုင် အဖြစ် ခန့်အပ်သည်။ ၁၃၅၁-ခု၊ နတ်တော်လဆန်း (၁၃)ရက်နေ့တွင် ရွှေကျင်ဂိုဏ်းကြီး၏ ဒွါဒသမမြောက် သာသနာပိုင်ဆရာတော်ကြီး တာဝန်ကို ယူခဲ့သည်။

ရေးသားပြုစုသော ကျမ်းဂန်များ ပြင်ဆင်ရန်

  • မြန်မာ အလင်္ကာကျမ်း
  • ဝိနည်းမဟာဝါ ပါဠိတော်မြန်မာပြန်
  • ရွှေကျင်နိကာယ သာသနာဝင် (ကျယ်)
  • ရွှေကျင်နိကာယ သာသနာဝင် (ကျဉ်း)
  • မေတ္တာသုတ် မြန်မာဋီကာ
  • ပရာဘဝသုတ် မြန်မာဋီကာ
  • စာဏကျနီတိ မြန်မာနိဿယ
  • ကာယာနုပဿနာဝေဒနာနုပဿနာစိတ္တာနုပဿနာဓမ္မနုပဿနာ စသောကျမ်းစာအုပ်ပေါင်း (၃၀)ကျော်ကို ရေးသားပြုစုခဲ့သည်။

ရဟန်းရှင်လူတို့၏ ကြည်ညိုလေးစားမှု ပြင်ဆင်ရန်

သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ အများအကျိုး လိုလားသော စိတ်နှလုံးရှိခြင်း၊ ဂါရဝ၊ နိဝါတတရားနှင့် ပြည့်စုံခြင်း၊ သက်တော်ရှည်ခြင်း၊ နာယကဂုဏ် ခြောက်ပါးနှင့် ပြည့်စုံခြင်း၊ သီလသမာဓိ ပညာဂုဏ် ကြီးမြတ်တော်မူခြင်း၊ သာသနာ၏ အကျိုးစီးပွားအတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဓာတ် ကြီးမားခြင်း၊ သိက္ခာ ကာမဝိနယ ဂရုက သံသာရ ဘီရုက စသော ဂုဏ်တို့နှင့် ပြည့်စုံခြင်းကြောင့် ရဟန်းရှင်လူ အများပြည်သူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော် မူပါသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တိပိဋက= နိကာယသာသနာပြု ဥပဋ္ဌာကအဖွဲ့မှ ထုတ်ဝေသည့် ဆရာတော်နှင့် လူပုဂ္ဂိုလ်တို့၏ ထေရုပ္ပတ္တိနှင့် အတ္ထုပ္ပတ္တိများ၊ ၁၉၉၃၊ မေလ၊ စာ-၃