ရွှေအုန်းသီးမင်း (၆၂၈ - တို ၁၂) သည် တတိယပုဂံမင်းဆက်တွင် စိုးစံသော မင်းတပါးတည်း။

ငယ်ဘဝ ပြင်ဆင်ရန်

ထွန်ချစ်မင်း၏ သားတော်ဖြစ်၏။ ထွန်ချစ်မင်းလွန်၍ ပုပ္ပါးစောရဟန်း နန်းတက်လျှင် အသက်ဘေးကို ကြောက်၍ ပလင်းအရပ်၌ ရူးဟန်ပြု၍ တောင်းရမ်းစားကာ နေသည်။

နောက် ပုပ္ပါးစောရဟန်းက ပြန်ခေါ်ကာ သမီးတော်နှင့် လက်ဆက်ပေး၍ အိမ်ရှေ့နေစေ၏။

နန်းစံကာလ (၂ - ၁၂) ပြင်ဆင်ရန်

ပုပ္ပါးစောရဟန်းလွန်သည့် သက္ကရာဇ်တို ၂ ခုတွင် မင်းပြုသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

သက်တော် ၄၇ နှစ်တွင် အနိစ္စရောက်၏။ ရောက်လိုသော် နန်းတွင်းသို့ ကျားဝင်၏။ နံတော် သောကြာသား ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။