ရှင်ပင်ခရုစေတီတော်
ရှင်ပင်ခရုစေတီတော် သည် ထားဝယ်မြို့နယ်၊ ကရပ်ပြင်ရပ်ကွက်၊ အာဇာနည်လမ်းတွင် တည်ရှိသည့် စေတီတော်တစ်ဆူဖြစ်သည်။ ရှင်ကိုးရှင်ဘုရားများမှ တစ်ဆူ ဖြစ်သည်။[၁]
သမိုင်း
ပြင်ဆင်ရန်ရှင်ပင်ခရုစေတီတော်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ကျော်က တည်ခဲ့သည်။ ၁၉၉၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ကရပ်ပြင် (တောင်) ရပ်ကွက်တစ်ခုလုံးနီးပါး မီးလောင်ခဲ့ရာတွင် စေတီတော်၏ အရှေ့ဘက် အာရုံခံတန်ဆောင်းတို့သည် မီးကွင်း၍ ကျန်ခဲ့သည်။[၁]
ထူးခြားချက် (၈) ချက်
ပြင်ဆင်ရန်- ရှင်ကိုးရှင်သမိုင်းဝင်ဘုရားများတွင် နံပါတ် (၁) ဆုတောင်းပြည့်အဓိဋ္ဌာန်အောင် ဘုရားဖြစ်ခြင်း။
- ဘုရားသိမ်တော်အတွင်းတွင် ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ စသည့်ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်း၌ ဖူးမြင်နိုင်ခြင်း။
- နေ့ကြီးရက်ကြီးများနှင့် ဘုရားပွဲတော်ကျင်းပသည့် နေ့ရပ်များတွင် ရှင်ပင်ခရုဘုရားသိမ်တော်မှဖြစ်စေ၊ စေတီတော်မှဖြစ်စေ တန်ခိုးပြခြင်း။
- ဘုရားတွင် အဓိဋ္ဌာန်ဝင်ဆုတောင်းပါက လိုအင်ဆန္ဒများ ပြီးမြောက်တတ်ခြင်း။
- ဘုရားဝင်းအတွင်းတွင် ကျောင်း၊ ကန်၊ တန်ဆောင်းများ ပြုပြင်တည်ဆောက်မွမ်းမံရန် အဓိဋ္ဌာန်ပြု၍ ငွေကြေးစုဆောင်းပါက မမျှော်လင့်သော နေရာမှ ငွေကြေးဝင်လာခြင်း၊ လှူဒါန်းပြီးစီးပါက ကုန်ကျငွေများ ပြန်ရတတ်ခြင်း။
- ရှင်ပင်ခရုဘုရားပွဲတော် (တပေါင်းပွဲတော်) ကျင်းပသည့်အခါတွင် မင်္ဂလာငွေခရုအမှတ်သင်္ကေတအဖြစ် ငြိမ်းအေးချမ်းမှုကို ဆောင်သည့် မိုးများရွာသွန်းဖြိုးခြင်း။[၁]
(နံပါတ် ၇၊ ၈ လိုအပ်နေသေးသည်)