ရှင်မဖြူကျွန်းက အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့ခေါ်သည်။ နတ်မြစ်ဝပေါ်တွင် ရှိသည်။ ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှင်မဖြူကျွန်းကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။

ရှင်မဖြူကျွန်းသည် စစ်တကောင်းကုန်းမြေနှင့် တစ်ဆက်ထဲနီးပါးဖြစ်ပြီး ဒီရေကျသည့်အခါ ကျွန်းနှင့် ကုန်းမကြီးကြားရှိရေသည် လူ့ခါးခန့်သာရှိပြီး အလွယ်တကူဖြတ်ကူးနိူင်သည်ဟုသိရှိရသည်။

ကိုးကား ပြင်ဆင်ရန်