ရှင်းဆန်းဆန်း (神泉苑) သည် ဂျပန်နိုင်ငံကျိုတိုမြို့နိဂျောရဲတိုက်၏ တောင်ဘက်တွင် တည်ရှိသည့် ရှင်းဂွန်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်ကို ၈၂၄ ခုနှစ်တွင် ခူးခိုင်းက တည်ထောင်ခဲ့သည်။ ကျောင်းတော်တွင် ကန်တစ်ခုကို အလယ်ဗဟိုထားတည်ဆောက်ထားသည့် ကြီးမားသည့် အဏ္ဏဝါဥယျာဉ်တစ်ခုလည်း တည်ရှိသည်။ ဤဥယျာဉ်သည် ကျိုတိုမြို့ရှိ ရှေးအကျဆုံးဥယျာဉ်များထဲမှ တစ်ခု ဖြစ်သည်။[]

ရှင်းဆန်းဆန်း
Shinsenen
神泉苑
ပင်မကျောင်းဆောင်
အချက်အလက်များ
တည်နေရာMonzencho, Oike-dori Shisenencho Higashi-iru, Nakagyo-ku, Kyoto, Kyoto Prefecture
ဘာသာရေး နှီးနွယ်မှုShingon
နိုင်ငံJapan
ဝက်ဘ်ဆိုဒ်http://www.shinsenen.org/
ဗိသုကာ
တည်ထောင်သူKūkai
ပြီးစီး826

သမိုင်းကြောင်း

ပြင်ဆင်ရန်

ကျောင်းတော်ကို ၇၉၄ ခုနှစ်တွင် ပထမဆုံးတည်ဆောက်ခဲ့သည်။ ထိုအချိန်က ကျောင်းတော်ကို ဟဲအိအန်နန်းတော်နှင့် ချိတ်ဆက်ထားကာ ဘုရင့်အတွက် သီးသန့်ဥယျာဉ်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ မှတ်တမ်းများအရ ထိုနေရာကို မြောက်မှတောင်သို့ မီတာ ၄၀၀၊ အရှေ့မှ အနောက်သို့ မီတာ ၂၀၀ တိုးချဲ့ခဲ့သည်။ အခြားသော မှတ်တမ်းများတွင်မူ မြောက်မှတောင်သို့ မီတာ ၅၀၀၊ အရှေ့မှ အနောက်သို့ မီတာ ၂၄၀ တိုးချဲ့ခဲ့သည်ဟု ဖော်ပြထားသည်။[]

ပြင်ပလင့်များ

ပြင်ဆင်ရန်
  1. Shinsenen။ “Shinsenen is the oldest existing garden in Kyoto and dates back to the Heian era (794-1185).”
  2. 神泉苑 京都最古の庭園を歩く|京都観光 歴史と文学の旅။ 2019-04-19 တွင် ပြန်စစ်ပြီး။

ကိုဩဒိနိတ်: 35°00′40.45″N 135°44′51.79″E / 35.0112361°N 135.7477194°E / 35.0112361; 135.7477194