တိုင်းလိုင်လူမျိုး

(ရှမ်းနီ မှ ပြန်ညွှန်းထားသည်)

ရှမ်းနီ (ခေါ်) တိုင်းလျမ်လူမျိုးများသည် ရှမ်းလူမျိုးတစ်မျိုးဖြစ်ပြီး၊ မြန်မာပြည် အထက်ပိုင်း ကောလင်းဝန်းသိုထီးချိုင့်ပင်လည်ဘူးအင်းတော်ဗန်းမောက်ကသာကလေးတမူးမော်လိုက်ဖောင်းပြင်မိုးညှင်းမိုးကောင်းဗန်းမော်အင်းတော်ကြီးမြစ်ကြီးနားဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ၊ ဖားကန့်၊ စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ ရှမ်းစကားကို ပြောကြဆဲဖြစ်ပြီး၊ ယခုအခါတွင် စကားပြော တိမ်ကောစပြုလာပြီဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်အတော်နီးစပ်သည်။ ယခင်ကကိုယ်ပိုင်စာပေရှိခဲ့ကြပြီး အင်းတော်ကြီးသမိုင်းစသည်တို့ကို ရှမ်းနီဘာသာဖြင့်ရေးသားခဲ့ကြသည်။ ယခုအခါတွင်လေ့လာသူမရှိသလောက်နည်းပါးလာသဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ လူမျိုးအားဖြင့်လည်း ရှမ်းနီဘာသာစကားကိုပြောဆိုခြင်းနည်းပါးလာသဖြင့် လူမျိုးပျောက်လုပြီဖြစ်သည်။

ရှမ်းနီ လူမျိုး

တောတောင်ရေမြေ အများစုမှာ ရှမ်းနာမည်များ ဖြစ်လေ့ရှိပြီး၊ ကာလရွေ့လျော၍ မြန်မာသံပေါက်နေ သောဒေသများ ဖြစ်သည်။ ထိုဒေသ ရှမ်းတို့၏ ရိုးရာ အစားအစာများမှာ ပေါင်းတင်း၊ ခေါပုပ်၊ ငါးချဉ်၊ ညောင်ချဉ်၊ မုန့်ညင်းပေါင်း၊ မုန်ညင်းလှော်၊ မုန့်ညင်းချဉ်၊ မြစ်ရေစိမ်၊ မြစ်ချဉ်၊ မှိုချဉ် စသည့် ဒေသထွက် အစား အစာများဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်


ပြင်ပလင့်ခ်များ ပြင်ဆင်ရန်