ကသာမြို့
ကသာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင် တည်ရှိသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ တည်ရှိသော ကသာမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ သင်္ဘောဆိပ်မြို့ဖြစ်ပြီး ရထားလမ်း၊ ကားလမ်းများလည်း ဆုံရာမြို့ ဖြစ်သည်။ လေယာဉ်ကွင်း ရှိသော်လည်း ပုံမှန် ဆင်းသက်မှု မရှိပေ။ ကသာ-ဗန်းမော် ရထားလမ်းကို ဖောက်လုပ်ပြီးစီး၍ ရထားများပြေးဆွဲခဲ့သော်လည်း ယခုအခါမှာ ရထားများပြေးဆွဲတော့ခြင်းမှရှိပေ။ ကသာမြို့ သည် ရှေးအခါက ကမ်းသာ ဟု ထင်ရှားခဲ့သည်။ ရှမ်းဘာသာဖြင့် ကပ်ဆာဟု ခေါ်သည်။ မိုင်းသာဈေးမြို့ဟု အဓိပ္ပာယ်ရသည်။ ကဒူးရာဇဝင်တွင် ကဆာ (ကျားမြို့) ဟုတွေ့ရသည်။
ကသာမြို့နယ် | |
---|---|
မြို့နယ် | |
![]() | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 24°13′N 96°08′E / 24.217°N 96.133°Eကိုဩဒိနိတ်: 24°13′N 96°08′E / 24.217°N 96.133°E | |
နိုင်ငံအမည် | ![]() |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | ကသာ |
မြို့နယ်ရုံးစိုက်ရာမြို့ | ကသာမြို့ |
အချိန်ဇုန် | MST (UTC+၆:၃၀) |
တည်နေရာ
ပြင်ဆင်ရန်ကသာမြို့သည် မန္တလေးမြို့၏ မြောက်ဘက်တွင် ရှိပြီး မီးရထားမှတစ်ဆင့် သွားလျှင် ၁၂ နာရီ ကြာမြင့်သည်။ ကသာမြို့၏ အနောက်ဘက်ရှိ မီးရထားလမ်းဆုံမြို့ဖြစ်သော နဘားမှတစ်ဆင့် စီးရခြင်းဖြစ်သည်။ နဘားမှ အရှေ့ဘက်ရှိ ကသာသို့ မီးရထားလမ်းခွဲသေးတစ်ခု ရှိသည်။ ကသာသို့ သင်္ဘောဖြင့်လည်း ရောက်ရှိနိုင်သည်။ ထိုသင်္ဘောများသည် မြစ်ညာဘက် ဗန်းမော်မြို့မှ မန္တလေးသို့ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းခြင်း ဖြစ်သည်။ မန္တလေးမှ ကသာသို့ တိုက်ရိုက်ပြေးဆွဲသော ဘက်စ်ကားများလည်း ရှိသည်။
ရာသီဥတု
ပြင်ဆင်ရန်ကသာမြို့သည် အပူပိုင်းရာသီဥတု (tropical savanna climate) ရှိသည်။ အပူချိန်သည် တစ်နှစ်ပတ်လုံး အလွန်နွေးသည်မှ ပူသည်အထိ ရှိသည်။ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ အနည်းငယ်အေးသော ဆောင်းဥတုရှိသည်။ အေးမြခြောက်သွေ့သော ရာသီဥတု (နိုဝင်ဘာမှ မတ်လ) ရှိပြီး ပူနွေးစိုစွတ်သော ရာသီဥတု (ဧပြီမှ အောက်တိုဘာလ) လည်း ရှိသည်။
စီးပွားရေး
ပြင်ဆင်ရန်ကသာမြို့သည် မြို့နယ် ခုနှစ်မြို့နယ် ပါဝင်သော ကသာခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ ကသာတွင် အစိုးရရုံးအများအပြားရှိပြီး မြို့တွင် ရှေးဦးအချေချနေထိုင်သူများမှာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ ဖြစ်၍ ထိုသူများတွင် များသောအားဖြင့် ဝန်ကြီးဋ္ဌာန အနည်းဆုံးတစ်ခုတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော နောက်ကြောင်းရာဇဝင် ရှိကြသည်။ မြို့၏ အဓိက စီးပွားရေးလုပ်ငန်းမှာ ငါးလုပ်ငန်းနှင့် ဘိုစားပဲ စိုက်ပျိုးသည့် လုပ်ငန်းဖြစ်သည်။ ကသာမြို့နယ်တွင် ဆန်ထုတ်လုပ်မှုသည် သုံးစွဲမှုထက် လျော့နည်းပြီး အနီးနားရှိ မြို့နယ်များဖြစ်သော အင်းတော်၊ ကောလင်း စသည့် မြို့နယ်များမှ တင်သွင်းမှုအပေါ် မှီခိုရသည်။
George Orwell ၏ Burmese Days ဝတ္ထုမှ ဇာတ်ဝင်ခန်းနေရာ
ပြင်ဆင်ရန်ကသာမြို့သည် စာပေနယ်ပယ်တွင် George Orwell ၏ ပထမဆုံး ဝတ္ထု Burmese Days ဝတ္ထု (၁၉၃၄) မှ ဇာတ်ဝင်ခန်းနေရာ ဖြစ်သော စိတ်ကူးယဉ် ကျောက်တံတားမြို့၏ အမှန်တကယ် မြို့အဖြစ် လူသိများသည်။ စာရေးဆရာ Orwell ကိုယ်တိုင် အိန္ဒိယအင်ပါယာရဲတပ်ဖွဲ့လက်အောက်တွင် ကသာမြို့၌ ၁၉၂၆-၂၇ တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗြိတိသျှကလပ် (လက်ရှိ တင်းနစ်ကလပ် အပါအဝင်)၊ ရဲစခန်း နှင့် မြို့၏ ထောင်တို့သည် ဝတ္ထုတွင် ဖော်ပြထားသော ယနေ့တိုင် လည်ပတ်နိုင်သည့် နေရာများ ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်များ အသေးစိတ်များကို Emma Larkin ၏ "Finding George Orwell in Burma" တွင် ဖတ်ရှုနိုင်သည်။ ကသာသည် ထင်ရှားသော မြန်မာစာရေးဆရာများဖြစ်သည့် ရွှေဥဒေါင်း၊ သော်တာဆွေ၊ သိပ္ပံမှူးတင်နှင့် Stable faction မှ AFPFL ခေါင်းဆောင် ကျော်ငြိမ်း စသူတို့နှင့် ဆက်စပ်နေသည်။
ကိုးကား
ပြင်ဆင်ရန်Lua error in မော်ဂျူး:Navbox at line 15: table index is nil. Lua error in မော်ဂျူး:Navbox at line 15: table index is nil.