တိုင်းလိုင်လူမျိုး

(ရှမ်းနီတိုင်းရင်းသား မှ ပြန်ညွှန်းထားသည်)

ရှမ်းနီ (ခေါ်) တိုင်းလျမ်လူမျိုးများသည် ရှမ်းလူမျိုးတစ်မျိုးဖြစ်ပြီး၊ မြန်မာပြည် အထက်ပိုင်း ကောလင်းဝန်းသိုထီးချိုင့်ပင်လည်ဘူးအင်းတော်ဗန်းမောက်ကသာကလေးတမူးမော်လိုက်ဖောင်းပြင်မိုးညှင်းမိုးကောင်းဗန်းမော်အင်းတော်ကြီးမြစ်ကြီးနားဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ၊ ဖားကန့်၊ စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ ရှမ်းစကားကို ပြောကြဆဲဖြစ်ပြီး၊ ယခုအခါတွင် စကားပြော တိမ်ကောစပြုလာပြီဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်အတော်နီးစပ်သည်။ ယခင်ကကိုယ်ပိုင်စာပေရှိခဲ့ကြပြီး အင်းတော်ကြီးသမိုင်းစသည်တို့ကို ရှမ်းနီဘာသာဖြင့်ရေးသားခဲ့ကြသည်။ ယခုအခါတွင်လေ့လာသူမရှိသလောက်နည်းပါးလာသဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ လူမျိုးအားဖြင့်လည်း ရှမ်းနီဘာသာစကားကိုပြောဆိုခြင်းနည်းပါးလာသဖြင့် လူမျိုးပျောက်လုပြီဖြစ်သည်။[]

ရှမ်းနီ လူမျိုး

တောတောင်ရေမြေ အများစုမှာ ရှမ်းနာမည်များ ဖြစ်လေ့ရှိပြီး၊ ကာလရွေ့လျော၍ မြန်မာသံပေါက်နေ သောဒေသများ ဖြစ်သည်။ ထိုဒေသ ရှမ်းတို့၏ ရိုးရာ အစားအစာများမှာ ပေါင်းတင်း၊ ခေါပုပ်၊ ငါးချဉ်၊ ညောင်ချဉ်၊ မုန့်ညင်းပေါင်း၊ မုန်ညင်းလှော်၊ မုန့်ညင်းချဉ်၊ မြစ်ရေစိမ်၊ မြစ်ချဉ်၊ မှိုချဉ် စသည့် ဒေသထွက် အစား အစာများဖြစ်သည်။[]

  1. ၁.၀ ၁.၁ https://www.shanstategovernment.com/tine-loe-tine-lu-tine-lynn/

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်