မင်ယွန်ဂီ (ကိုရီးယား: 민윤기၊ ၁၉၉၃ မတ် ၉ ဖွား) သည် အနုပညာအမည် ရှူးဂါးAgust D တို့ဖြင့် ထင်ရှားသော တောင်ကိုရီးယားနိုင်ငံသား ရက်ပါ၊ တေးရေးနှင့် တေးထုတ်လုပ်သူ ဖြစ်သည်။ ဘစ်ဟစ်ဖျော်ဖြေရေးမှ ဘီတီအက်စ် အမျိုးသားတေးဆိုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ၂၀၁၃ ခုနှစ်တွင် ပွဲထွက်ခဲ့သည်။ ၂၀၁၆ ခုနှစ်၌ ပထမဆုံး တကိုယ်တော် အခွေ Agust D ကို ဖြန့်သည်။ ၂၀၁၈ ခု၌ ၎င်းကိုပင် ဒစ်ဂျစ်တယ်ဖြင့် ရောင်းသည်။ သူ၏သီချင်းများကို သီချင်းလွှင့်သော လုပ်ငန်းများကိုလည်း ရောင်းချခဲ့သည်။ ထိုစဉ်အခါက ဘီလ်ဘုတ်၏ ကမ္ဘာ့သီချင်းခွေများစာရင်းတွင် နံပါတ် ၃ ချိတ်၏။ ၂၀၂၀ ပြည့်တွင် ဒုတိယမြောက် တစ်ကိုယ်တော် Newcastle အခွေဒီတူး ကို ဖြန့်သည်။ အမေရိကန် ဘီလ်ဘုတ် ၂၀၀ စာရင်း၌ နံပါတ် ၁၁၊ ယူကေ သီချင်းခွေစာရင်းတွင် နံပါတ် ၇၊ ဩစတေးလျ၏ အရိယာ သီချင်းခွေဇယားတွင် နံပါတ် ၂ အသီးသီး နေရာရသည်။ ကိုရီးယားတေးသီချင်းမူပိုင်ခွင့်အသင်းမှ စာရင်းအရ သူသည် တေးရေးဆရာအဖြစ်လည်းကောင်း၊ တေးထုတ်လုပ်သူအဖြစ်လည်းကောင်း ပါဝင်သော တေး သီချင်းပေါင်း ၁၀၀ ကျော် ရှိပြီဟု သိရသည်။ ၎င်းသီချင်းများတွင် ၂၀၁၇ ဖရဲသီးတေးသီချင်းဆုပေးပွဲတွင် အကောင်းဆုံး ဆိုး/အာရမ္ဘီသီချင်းဆုရခဲ့သည့် ဂအွန်တေးသီချင်းစာရင်းတွင် နံပါတ် ၂ ချိတ်ခဲ့သော သုရန်ဝိုင် သီချင်းလည်း အပါအဝင်ဖြစ်၏။ ယခုလက်ရှိအချစ်ရေးတွင် ဘီတီအက်စ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ပတ်ခ်ဂျီမင်နှင့် ချစ်သူအဖြစ်ရှိနေသည်ဟုလည်း သိရှိရပါသည်။

  1. 대구 토박이 '부심'들게 만드는 대구 출신 미모의 아이돌 6인 (in ko) (January 26, 2020)။ November 5, 2020 တွင် ပြန်စစ်ပြီး။
ရှူးဂါး
၂၀၁၉ ​မေလ ၁ရက်နေ့ ​Billboard Music Awards ကော်ဇောနီလျှောက်လှမ်းပေါ်က ရှူးဂါး
မွေးဖွားမင်းယွန်းဂီ
(1993-03-09) ၉ မတ်၊ ၁၉၉၃ (အသက် ၃၁)
ဒယ်ဂူမြောက်ပိုင်းခရိုင်၊ ​တောင်ကိုရီးယား​[၁]
အလုပ်အကိုင်
  • Rapper
  • songwriter
  • record producer
တက်ကြွလှုပ်ရှားနှစ်များ2010–present
ရရှိသည့်ဆုများ Hwagwan Order of Cultural Merit (2018)
ဂီတခရီးလမ်း
အခြားအမည်များAgust D
ဂီတဟန်
တူရိယာVocals
တေးသံသွင်း ကုမ္ပဏီBig Hit
ပူးတွဲ ပါဝင်မှုဘီတီအက်စ်
Korean name
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်민윤기
ဟန်ဂျာ閔玧其
RRအက္ခရာဖလှယ်ခြင်း:Min Yun-gi
MRအက္ခရာဖလှယ်ခြင်း:Min Yunki
လက်မှတ်