ရှောက်

အဝါရောင်ရှောက်သီး

ရှောက်ပင် (Citrus × limon) သည် အာရှဒေသတွင် ပေါက်ရောက်ရှင်သန်သော အမြဲစိမ်းမျိုးစိတ် အပင်ငယ် တစ်ခုဖြစ်သည်။

ရှောက်သီး
P1030323.JPG
အပွင့် နှင့် အသီးပါသော ရှောက်ပင်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
C. × limon
ဒွိနာမ
Citrus × limon, often given as C. limon

တစ်ကမ္ဘာလုံးတွင် အဝါရောင် အဆင်းရှိသော ရှောက်သီးကို မီးဖိုချောင်ဟင်းလျာ ချက်ပြုတ်ရာတွင်သာမက အခြားသောအရာများ အတွက်လည်း အသုံးပြုသည်။ ၎င်းကို အချိုရည် ပြုလုပ်ရာတွင် အသုံးပြု၏။ အညစ်အကြေးများ သန့်ရှင်းရန်အတွက်လည်း အသုံးပြုသည်။ အခွံများကို ဟင်းလျာနှင့် ကိတ်မုန့်ဖုတ်ရာတွင် အသုံးပြုကြသည်။ ရှောက်ရည်တွင် စီထရစ် အက်ဆစ်(citric acid) ၅-၆ ရာခိုင်နှုန်းပါဝင်ကာ ချဉ်သောအရသာ ရှိ၏။ ရှောက်သီးကို အခြားသော ဖျော်ရည်များ ပြုလုပ်ရာတွင်လည်း အသုံးပြု၏။

သမိုင်းပြင်ဆင်

 
အပြင်ပန်းပုံနှင့် ထက်ခြမ်းခြမ်းထားပုံ

ရှောက်ပင်၏ မူလပေါက်ရောက်ရာဒေသကို မသိရှိကြပေ။ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်စမ်(Assam)တွင်မူ ပထမဆုံး စိုက်ပျိုးကြသည်ဟု ခန့်မှန်းကြသည်။[၁] လေ့လာမှုတရပ်အရ ရှောက်ပင်သည် ချဉ်သော လိမ္မော်မျိုးနှင့် စီထရွန် (citron) မျိုးစပ်ထားကြခြင်း ဖြစ်သည်။[၂]

ရှောက်ပင်သည် ဥရောပတိုက်သို့ အီတလီနိုင်ငံ တောင်ဘက်အနီးမှ အေဒီ ၁ ရာစုအစောပိုင်းက ဝင်ရောက်လာခဲ့သည်။[၁]

ပုံသဏ္ဌာန်ပြင်ဆင်

ဆူးပါသော ချုံပင်မျိုးဖြစ်သည်။ အရွက်ကြမ်း၍ ရွက်ညှာ ခိုင်သည်။ ရွက်မြွှာ များသည်။ ဘဲဥပုံ ရှည်မျောမျောရှိသည်။ ရွက်ထိပ် ချွန်သည်။ အဖြူရောင် သို့မဟုတ် ပန်းနုရောင်သန်းသော အပွင့်ကလေးများ ပွင့်သည်။ အသီးသည် လုံးဝန်းသည်။ နုလျှင်အစိမ်းရောင် ဖြစ်ပြီး မှည့်လျှင် အဝါရောင်သို့ ပြောင်းသည်။ အသီးနှစ်များသည် အဝါရောင်သန်းသော အစိမ်းရောင် ဖြစ်သည်။

အပင်ပြင်ဆင်

အပင် လတ်မျိုး ဖြစ်သည်။ အမြင့်ပေ ၂၀ ခန့် ထိ ရှိတတ် သည်။ အခေါက် ညိုမည်း သော အရောင် ရှိသည်။ အကိုင်း အခက် များသည်။ တစ်ပင်လုံး၌ ချွန်ထက်သော ဆူးများ ရှိသည်။

အရွက်ပြင်ဆင်

ရွက်လွှဲ ထွက်သည်။ ဘဲဥပုံရှိပြီး ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ပြား ထူ၍ ချောသည်။ ရွက်ညှာတွင် အတောင်ပါသည်။

အပွင့်ပြင်ဆင်

သေးငယ်၏။ အဖြူရောင်ရှိ၍ ပွင့်ဖတ် ကျောဘက် တွင် အညိုရောင် သမ်း၏။ သင်းပျံ့သော အနံ့ ရှိသည်။

အသီးပြင်ဆင်

အစေ့များ ခွံပျော့ သီး ဖြစ်သည်။ အသီးမှာ အလတ်စား အသီးမျိုး ဖြစ်၍ လုံးဝိုင်းပြီး အစိမ်းရောင် ရှိသည်။ အရည် ရွှမ်းသည်။ အသီးခွံ ထူ၍ အဆီ အိတ်ကလေး များ ရှိသည်။ အစေ့ သေးငယ်ပြီး အဖြူရောင် ရှိသည်။

အာနိသင်များပြင်ဆင်

ရှောက်သီးသည် ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သည်။ အခြားသော အာဟာရဓာတ်များလည်း ပါဝင်သည်။ မြန်မာ ဆေးကျမ်း များ အလိုအရ ရှောက်သီးသည် ချဉ်၏။ နှလုံးကို ကြည်လင် စေတတ်၏ ၊ သွေးသားကို သန့်ရှင်း စေ၏ ၊ ပေါ့ပါးသော ဂုဏ်သတ္တိ ရှိ၏ ၊ ဝမ်းမီးကို တောက်စေ၏ ၊ မောပန်းခြင်းကို ပျောက်စေ၏။ ချောင်းဆိုးနာ၊ နှုတ်မမြိန် ၊ အော့အန်နာ ၊ မွတ်သိပ်နာ ၊ အသံပျက်ခြင်း ၊ ဝမ်းကြောတင်းခြင်း ၊ အဖုအလုံးပေါက်ခြင်း များကို နိုင်၏ ၊ သလိပ်ကို ကြေစေ၍ ဆီးကို များစေသည်။

ရှောက်ရည် ၊ ကြောင်ပန်းရွက် ညှစ်ရည် အမျှရော၍ ရှူပေးက ဝက်ရူးနာ ပျောက်၏။ ရှောက်သီး အမြွှာနှင့် သလဲ အချဉ် အစေးကို ရောစားက မူးဝေ ထိုင်းမှိုင်းသော ရောဂါ ပျောက်ကင်း၏။ ရှောက်သီး အမြွှာနှင့် သိန္ဓောဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း၏။ ပျားရည်၊ ရှောက်ရည်၊ ဇဝက်သာ သုံးမျိုး ရောသောက်က ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်၊ ပန်းနာ ပျောက်၏။ မီးယပ် သွေးဆင်း၍ မူးဝေသောရောဂါအတွက် ရှောက်သီးကို ထန်းလျက် နှင့် စားက ပျောက်၏။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်းအောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ်သားခန့်ကို ဆားအနည်းငယ် နှင့် မွှေ၊ နေလှန်း၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း၏။[၃]

ချက်ပြုတ်ရာတွင် အသုံးပြုခြင်းပြင်ဆင်

ရှောက်သီး၏ အရည်နှင့် အခွံများကို အစားအသောက်များ ပြုလုပ်ရာတွင် သုံး၏။ အရွက်ကိုမူ လက်ဖက်ရည်၊ အသားနှင့် ပင်လယ်စာများတွင် အသုံးပြုသည်။

အခြားသော အသုံးပြုမှုများပြင်ဆင်

ရှောက်သီးမှရသော စီထရစ်အက်စစ်ကို သကြားမှ အက်စစ်၊ အယ်လ်ကိုဟော၊ ဓာတ်ငွေ့များအဖြစ်သို့ ပြောင်းလဲရာတွင်လည်း အသုံးပြုသည်။ သန့်ရှင်းရေးပြုလုပ်ရာတွင်လည်း ရှောက်သီးကို အသုံးပြုကြည်။ ဆား သို့မဟုတ် မုန့်ဖုတ်ဆော်ဒါတို့ဖြင့် နှစ်ထားသော ရှောက်ခြမ်းကို ကြေးနီဖြင့် ပြုလုပ်ထားသော အိုးခွက်များ တောက်ပြောင်လာစေရန် အသုံးပြုသည်။

ထုတ်လုပ်မှုပြင်ဆင်

အိန္ဒိယ၊ မက္ကဆီကို၊ တရုတ် နိုင်ငံများသည် အဓိက စိုက်ပျိုးထုတ်လုပ်သူများ ဖြစ်ကြသည်။[၄] အာဂျင်တီးနား နှင့် ဘရာဇီး နိုင်ငံတို့သည် ထုတ်လုပ်မှု အထိုက်အလျောက် ရှိသည်။ ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်မှု တန်ချိန် သန်း ၁၅.၄၂ တန် ရှိခဲ့သည်။[၄]

ရုပ်ပုံများပြင်ဆင်

ဆက်စပ်ဖတ်ရှုရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ Julia F. Morton (1987)။ Lemon in Fruits of Warm Climates 160–168။ Purdue University။
  2. "Lemons: Diversity and Relationships with Selected Citrus Genotypes as Measured with Nuclear Genome Markers" (2001). Journal of the American Society of Horticultural Science 126: 309–317. 
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 1 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2011 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Production/Crops, Lemons and Limes, World by Countries။ Food and Agriculture Organization of the United Nations, Statistics Division (FAOSTAT) (2016)။ 10 November 2016 တွင် ပြန်စစ်ပြီး။