လက်စတာ စီးတီး
လက်စတာစီးတီး ဘောလုံးကလပ်အား မြေခွေးများဟုလည်း ခေါ်ကြပြီး အင်္ဂလန်နိုင်ငံ လက်စတာမြို့ ကင်းပါဝါ ဘောလုံးကွင်းတွင် အခြေပြုသော အင်္ဂလိပ်ကြေးစားဘောလုံးကလပ် အသင်းတစ်ခု ဖြစ်သည်။[၂] ၂၀၁၃-၁၄ ဘောလုံးလိဂ် ချန်ပီယံရှစ်တွင် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ပြန်လည် ကစားခွင့် ရရှိခဲ့ကာ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က အင်္ဂလိပ် ဘောလုံး လောကတွင် ထိပ်တန်း အသင်းတစ်သင်း အဖြစ် နေရာယူထားခဲ့သော အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ၂၀၁၅-၁၆ ခုနှစ် ပရီးမီးယားလိဂ် ကစားပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံ ဖြစ်လာခဲ့သည်။
အသင်းအမည် | လက်စတာစီးတီး ဘောလုံးကလပ် | |||
---|---|---|---|---|
အခြားအမည် | မြေခွေးများ | |||
တည်ထောင်နှစ် | ၁၈၈၄ တွင် လက်စတာဖော့စ် ဘောလုံးကလပ် အဖြစ်စတင်ခဲ့သည်။ | |||
အိမ်ကွင်း | ကင်းပါဝါ ဘောလုံးကွင်း (လူဝင်ဆံ့မှု: ၃၂,၂၆၂[၁]) | |||
ပိုင်ရှင် | ကင်းပါဝါ အင်တာနေရှင်နယ် ဂရုပ် | |||
ဥက္ကဋ္ဌ | Aiyawatt Srivaddhanaprabha | |||
မန်နေဂျာ | ကလောင်ဒီယို ရာနီယဲရီ | |||
ကစားသည့်လိဂ် | Championship | |||
၂၀၂၂-၂၃ | ပရီးမီးယားလိဂ်၊ အဆင့် ၁၈ | |||
ဝက်ဘ်ဆိုဒ် | Club home page | |||
| ||||
လက်ရှိ ရာသီ |
ကလပ်အား ၁၈၈၄ ခုနှစ်တွင် လက်စတာ ဖော့စ် ဘောလုံးကလပ် အဖြစ် စတင်တည်ထောင်ခဲ့ပြီး[၃] ဖော့စ်လမ်း အနီးအနားရှိ ကစားကွင်းတွင် ကစားခဲ့သောကြောင့် ဖြစ်သည်။ ၁၈၉၁ ခုနှစ်တွင် ဖေးလ်ဘတ်လမ်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၈၉၄ ခုနှစ်တွင် ဘောလုံးလိဂ်သို့ ရွေးချယ်ခြင်း ခံခဲ့ရကာ ၁၉၁၉ တွင် လက်စတာ စီးတီး အမည်ဖြင့် စတင် ကစားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် အနီးအနားရှိ ဝေါ့ကာ ကစားကွင်းသို့ ရွှေ့ပြောင်းခဲ့ကာ[၄] ၂၀၁၁ ခုနှစ် ပိုင်ရှင် ပြောင်းလဲပြီးနောက် ကင်းပါဝါ ကစားကွင်း အဖြစ် နာမည် ပြောင်းလဲခဲ့သည်။
လက်စတာ အနေနှင့် ၂၀၁၅-၁၆ တွင် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ဆွတ်ခူးခဲ့ခြင်းသည် ၎င်းတို့၏ ပထမဆုံး ထိပ်တန်း အင်္ဂလိပ် ဘောလုံး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းပင် ဖြစ်သည်။ ထိုအောင်ပွဲသည် ဗြိတိသျှ အားကစားလောကအတွက် အကြီးမားဆုံးသော အံ့ဩဖွယ် တစ်ခု ဖြစ်စေခဲ့သည်။.[၅] ယခု အောင်ပွဲ မတိုင်ခင်က အကြီးကျယ်ဆုံး ဖြစ်ခဲ့သော အောင်မြင်မှုမှာ ၁၉၂၈-၂၉ ခုနှစ် ပထမတန်း ဘောလုံးလိဂ်တွင် ဒုတိယ နေရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အဆင့် မှ ပရီးမီးယားလိဂ်သို့ ခုနှစ်ကြိမ်တိုင် အတန်းတက်ခဲ့ပြီး တတိယ အဆင့် လိဂ်ဝမ်းတွင် ပထမ ရခဲ့ဖူးသည်။ လိဂ်ဖလားကို ၃ကြိမ် ရရှိခဲ့သည်။ အက်ဖ်အေဖလားတွင် ဒုတိယနေရာကို ၄ ကြိမ် ရရှိခဲ့ပြီး ဖိုင်နယ်ပွဲတွင် အမြဲ ရှုံးနိမ့်ခဲ့သည်။
ပထမ အသင်းလူစာရင်း
ပြင်ဆင်ရန်Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
|
|
ကိုးကား
ပြင်ဆင်ရန်- ↑ "2013/14 Championship Guide"၊ Leicester City Football Club၊ 24 June 2013။ 11 February 2008 တွင် ပြန်စစ်ပြီး။
- ↑ Walkers Stadium။ The Stadium Guide website။ The Stadium Guide (2004)။ 31 October 2013 တွင် ပြန်စစ်ပြီး။
- ↑ The History of Leicester City Football Club။ Leicester City Official Website။ 21 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 October 2013 တွင် ပြန်စစ်ပြီး။
- ↑ A History of Filbert Street။ Filbertstreet.net။ 29 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2011 တွင် ပြန်စစ်ပြီး။
- ↑ "Leicester celebrate first title after Chelsea recover for Tottenham draw"၊ The Gaurdian။ 2 May 2016 တွင် ပြန်စစ်ပြီး။