လင်ပန်းတိုက်စားမိဖုရားသည် စစ်ကိုင်းမင်း (ဝါ) ဘကြီး​တော် လက်ထက်က က​နောင်-မြန်​အောင် နှစ်မြို့ဝန် ဦးသာဖြူ (မူကွဲ ဦးမင်းယုန်)နှင့် ဒုတိယဝန်က​တော် သခင်ကြီး ၏ သမီးဖြစ်သည်။ သက်ပန်းမိဖုရား၏ အစ်မရင်း ဖြစ်သည်။ ဦးသာဖြူ၏ ပထမဝန်က​တော် သခင်ကြီး(မူကွဲ ​ဒေါ်မင်းလှ) မှ​မွေး​သော ​​​မြောက်နန်းမိဖုရား ခင်သဲ၏ အမိကွဲညီမလည်းဖြစ်သည်။[၁] တစ်ဖန် ​ဦးသာဖြူဆုံး​သောအခါ ဒုတိယ ဝန်က​တော်သခင်ကြီးမှာ ပုဂံမင်းလက်ထက်က ​ကျောက်ပန်း​တောင်းမင်းကြီး ဦး​​​​ရွှေကြည်နှင့် ​နောက်အိမ်​ထောင်ပြုရာ သရစိမ်းမိဖုရား၊ ​မောင်​လေးငယ်နှင့် ​မောင်သူ​တော်တို့ကို ​မွေးဖွား​သော​​​​ကြောင့် သရစိမ်းမိဖုရား၏ အဖကွဲအစ်မလည်းဖြစ်သည်။

၁၆ နှစ်အရွယ်တွင် မင်းတုန်းမင်းနှင့်စုံဖက်သည်။ ဘွဲ့​တော်မှာ သီရိသုစန္ဒာ​ဒေဝီ ဖြစ်သည်။

သားတော်၊ သမီးတော်များ ပြင်ဆင်ရန်

သား​တော်၊ သမီး​တော်တို့မှာ သုသီရိမြတ်စွာ ရတနာ​ဒေဝီဘွဲ့ခံ စလင်းမြို့စား စုဖုရား (တပင်တိုင်စံ)၊ သီရိမဟာ ဓမ္မရာဇာဘွဲ့ခံ ကျပင်းမြို့စား မင်းသား၊ သီရိ သုဓမ္မရာဇာဘွဲ့ခံ ရ​နောင်မြို့စား မင်းသားတို့ဖြစ်သည်။[၂] စုစု​ပေါင်း သား ၄ ဦး၊သမီး ၁ ဦး ​မွေးဖွား​ခဲ့သော်လည်း ဒုတိယနှင့် တတိယသား​တော်တို့မှာ အဖတ်မတင်ခဲ့​ပေ။ "သားကျပင်း၊သမီးစလင်း"ဟုဆိုရ​လောက်​အောင်ပင် လင်ပန်းမိဖုရားမှဖွား​သော သား​တော် ကျပင်းမင်းသားနှင့် သမီး​တော် စလင်းစုဖုရားတို့မှာ ခမည်း​တော် မင်းတုန်းမင်းတရားကြီး၏ အချစ်ဆုံးသားနှင့်သမီးပင် ဖြစ်သည်။[၃]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

မြန်မာသက္ကရာဇ် ၁၂၅၅ တွင် ကွယ်လွန်ခဲ့ရာ ငါးထပ်ကြီးဘုရား ဝင်္ကပါတောင်ကုန်းပေါ်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Geary၊ Grattan (1886)။ Burma, After the Conquest: Viewed in Its Political, Social, and Commercial Aspects, from Mandalay (အင်္ဂလိပ်ဘာသာစကားဖြင့်)။ S. Low, Marston, Searle, & Rivington။
  2. White၊ Herbert Thirkell (2011)။ Burma (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cambridge University Press။ ISBN 978-1-107-60067-6
  3. Cocks၊ Samuel William (1919)။ A Short History of Burma (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Macmillan and Company, limited။
  4. မောင်သန်းဆွေ(ထားဝယ်) (၂ အောက်တိုဘာ ၂၀၁၃)။ ငါးထပ်ကြီးဘုရားအနီးမှ ဆွေတော်မျိုးတော်များ သင်္ချိုင်းရှင်းတမ်း။ ပဲ့တင်သံဂျာနယ်။[လင့်ခ်သေ]