လင်္ကာ
လင်္ကာဟူသည် ပါဠိစကား အလင်္ကာရ ဖြစ်၍ တန်ဆာဆင်ခြင်း အနက်ရသည်။ မိန်းမပျိုကလေး တစ်ဦးအား ရိုးရိုးဝတ်စား ဆင်ယင်သည်ထက် ပုတီး၊ လက်ကောက်၊ ခြေကျင်း၊ နားဍောင်းများကို ဆင်ထားပါက ပိုမိုကြည့်၍ ကောင်းသကဲ့သို့ စာပေတွင်လည်း ရိုးရိုးစကားလုံးများကို နားထောင်၍ကောင်းအောင် သုတိသာယာသော စကားလုံးများဖြင့် ညှပ်ကာ ပုလဲတတန့် ရွဲ့တစ်ကန့် စပ်ဆိုဖွဲ့နွဲ့ထားခြင်း စသော သဒ္ဒါအဆင်တန်ဆာ၊ အနက်အဆင်တန်ဆာများဖြင့် တန်ဆာဆင်ထားလျှင် အထူးနှစ်သက်ဘွယ်ရာ ဖြစ်လာလေသည်။ ထိုစာပေကို အလင်္ကာ၊ လင်္ကာ ဟုခေါ်ဆိုသည်။
လင်္ကာတွင် ပုဒ်ရေပေါင်း ဖွဲ့လိုသမျှ ဖွဲ့နိုင်သည်။ အဖျားချ တွင်လည်း စာလုံးရေ အကန့်အသတ် မရှိပေ။ ကဗျာ၊ လင်္ကာသည် ပုဂံခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်။ ပုပ္ပါးနတ်တောင်ဖွဲ့ လင်္ကာ၊ အနန္တသူရိယ လင်္ကာ၊ မြကန်လင်္ကာ တို့သည် ပုဂံခေတ်လက်ရာများ ဖြစ်သည်။ သို့သော် ကျောက်စာများပေါ်တွင် ကဗျာ၊ လင်္ကာများကို မတွေ့ရပေ။[၁]
သမိုင်းတွင်သော လင်္ကာများ
ပြင်ဆင်ရန်အနန္တသူရိယ အမတ် ရေးသားခဲ့သော "သူတည်းတယောက် ကောင်းဖို့ရောက်မူ"အစချီသော မျက်ဖြေလင်္ကာ လေးပိုဒ်သည် မြန်မာစာပေ သမိုင်း၌ အထူး ထင်ရှားသည်။
မဟာဘာရတနှင့် ရာမယဏ ကဗျာလင်္ကာရှည်ကြီး နှစ်စောင်သည် ဟိန္ဒူဘာသာဝင်တို့ အတွက် သူရဲကောင်း ၂ ဦး၏ ခြင်းရာထုပ္ပတ်ကို စပ်ဆိုထားပြီး၊ အလွန် ထင်ရှားသည်။
ကျမ်းကိုး
ပြင်ဆင်ရန်- ↑ ရှေးဟောင်း မြန်မာစာပေ သမိုင်း