လစ်ဇ် ထရပ်စ်

ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း (၂၀၂၂)

မေရီ အဲလစ်ဇဘက် ထရပ်စ်သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၂၂ခုနှစ် စက်တင်ဘာလမှ ​အောက်တိုဘာလအထိ တာဝန်ယူခဲ့သူဖြစ်သည်။ စတာလင်​ပေါင်တန်ဖိုးကျခြင်း၊ ဘဏ္ဍာရေးနှင့် စီးပွား​ရေးပြဿနာများက လစ်ဇ်ထရပ်စ်အား နုတ်ထွက်​စေသည့်အ​ခြေအ​နေဖြစ်ခဲ့ကာ ​​အောက်တိုဘာလ ၂၀ရက်​နေ့တွင် ရာထူးမှနုတ်ထွက်သွားမည်ဟု ​ကြေညာခဲ့ရာ ရက်​ပေါင်း (၄၄)ရက်သာ ကြာမြင့်ခဲ့သည်။ ​အောက်တိုဘာ (၂၅)ရက်​နေ့တွင် ရာထူးမှ တရားဝင်အနားယူခဲ့ရာ သမိုင်းတ​လျှောက် သက်တမ်းအတိုဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၁] [၂][၃]

ဟာအိတ်ဆလန်စီ

လစ်ဇ် ထရပ်စ်

ပါလီမန်အမတ်
တရားဝင်ပုံတူ၊ ၂၀၂၂ ခုနှစ်
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၆ စက်တင်ဘာ ၂၀၂၂ – ၂၅ ​အောက်တိုဘာ ၂၀၂၂
ဧကရာဇ်
လက်ထောက်ထရေစေ ကော်ဖေ
ယခင်လူဘောရစ် ဂျွန်ဆင်
ဆက်ခံသူရီရှီ ဆူးနက်ခ်
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်
တာဝန်သက်တမ်း
၅ စက်တင်ဘာ ၂၀၂၂ – ၂၅ အောက်တိုဘာ ၂၀၂၂
ယခင်လူဘောရစ် ဂျွန်ဆင်
ဆက်ခံသူရီရှီ ဆူးနက်ခ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမေရီ အဲလစ်ဇဘက် ထရပ်စ်
(1975-07-26) ၂၆ ဇူလိုင်၊ ၁၉၇၅ (အသက် ၄၈)
အောက်စဖို့မြို့အင်္ဂလန်နိုင်ငံ
နိုင်ငံရေးပါတီကွန်ဆာဗေးတစ် (၁၉၉၆ မှ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
လစ်ဘရယ် ဒီမိုကရက် (၁၉၉၆ မတိုင်မီ)
ကြင်ဖော်(များ)Hugh O'Leary (လက်ထပ် 2000)
သားသမီး
ဖခင်ဂျွန် ထရပ်စ်
နေထိုင်ရာ
ပညာရေးMerton College, Oxford (BA)
လက်မှတ်ဖိုင်:Signature of Liz Truss.svg
ဝက်ဘ်ဆိုဒ်elizabethtruss.com

ထို့အပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ​အောက်တိုဘာ ၂၅ရက်​နေ့အထိ ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး South West Norfolk မဲဆန္ဒနယ်အတွက်ပါလီမန်အမတ်အဖြစ်လည်း ၂၀၁၀ ပြည့်နှစ်မှ တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးချုပ်များဖြစ်ခဲ့ကြသော ဒေးဗစ် ခယ်မရွန်ထရီဇာ မေနှင့် ဘောရစ် ဂျွန်ဆင်တို့၏ လက်အောက်တွင် ဝန်ကြီးဌာနရုံးများကိုလည်း ချုပ်ကိုင်ထားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့သော ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ထီးနန်းစံစဉ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် တစ်ဆယ့်ငါးဦးအနက် နောက်ဆုံးဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်