လယ်တွင်းသား စောချစ်

ကျွန်တော်အမုန်းဆုံးကျွန်တော်
(လယ်တွင်းသားစောချစ် မှ ပြန်ညွှန်းထားသည်)

လယ်တွင်းသားစောချစ်သည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သည်။ ထို့အပြင် ကျော်ကြားသော စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။ စာပေရေးသားမှုဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်ခဲ့သောကြောင့် အမျိုးသားစာပေဆု၊ အမျိုးသားစာပေတစ်သက်တာဆုများအပါအဝင် စာပေဆိုင်ရာဆုများဖြင့်ချီးမြှင့်ခံခဲ့ရသည်။ ထို့အပြင် ၂၀၁၃ ခုနှစ်တွင် စည်သူဘွဲ့၊ ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ဖြင့် ချီးမြှင့်ခံခဲ့ရသည်။

အလင်္ကာကျော်စွာ၊ စည်သူ

(အမျိုးသားစာပေဆုရ၊ အမျိုးသားစာပေတစ်သက်တာဆုရ) လယ်တွင်းသားစောချစ်

မွေးဖွား ၁၂.၀၉.၁၉၄၁

ထန်းတောကျေးရွာ၊ စဉ့်ကိုင်မြို့နယ်၊ကျောက်ဆည်ခရိုင်

အလုပ်အကိုင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း၊ စာရေးဆရာ
ရရှိသည့်ဘွဲ့များ စည်သူဘွဲ့ (၂၀၁၃ ခုနှစ်)
အလင်္ကာကျော်စွာဘွဲ့ (၂၀၂၂ ခုနှစ်)

၁၉၄၁ - ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာ၌ အဖ-လယ်သမား ကြီး ဦးချစ်စိန်၊ အမိ-ဒေါ်စောရှင်တို့က ဖွားမြင်သည်။ နာမည်အရင်းမှာ ဦးတင်လှိုင် ဖြစ်သည်။၁၉၄၆ - (၅)နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်သောအခါ၊ ထန်းတောရွာနှင့် (၂)မိုင်ခန့်သာကွာသည့် ဝန်းသို ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့။ မိခင်၏ဇာတိရွာဖြစ်သည့် ဝန်းသိုရွာမှာပင် အဘိုးဖြစ်သူ ကျောင်းအုပ်ဆရာကြီး ဦးဖိုးသာနှင့် အဘွား ဒေါ်သောင်တို့က မွေးစား၍ ပညာသင်ပေးခဲ့။ အဖေကြီး(အဖိုး)ဖြစ်သူမှာ မူလတန်းကျောင်းအုပ်ဆရာကြီးဖြစ်၍ အဖေကြီးကျောင်းမှာပင် မူလတန်းပညာသင်ယူခဲ့။

၁၉၅၂ - ဝန်းသိုရွာမှာ အဖိုးကျောင်းမှာပြန်နေပြီး စဥ့်ကိုင်မြို့တွင် စတုတ္ထတန်းအောင်မြင်ခဲ့။

၁၉၅၃ - ၅၇ - စဉ့်ကိုင်မြို့၊ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ယူခဲ့။

၁၉၅၈ - ကျောက်ဆည်မြို့၊ ပြည်လုံးနိုင် အလွတ်ပညာသင် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်။ ထိုကျောင်းမှ အထက်တန်းကျောင်းထွက်လက်မှတ်ရ စာမေးပွဲအောင်မြင်ခဲ့။

၁၉၅၉-၆၄ - ပြည်လုံးနိုင် ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်ခဲ့။

၁၉၆၃ - မြန်မာ့အလင်းသတင်းစာ(သီတင်းကျွတ်လပြည့် အထူးထုတ်)တွင် နောင်တအမည်ရှိ ဝတ္ထုတိုဖော်ပြ ခြင်းခံရ။ (ပထမဆုံး ပုံနှိပ်ခံရသည့် ဝတ္ထုတိုဖြစ်သည်။)

၁၉၆၄ - ဆယ်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုအောင်မြင်။

၁၉၆၅ - မန္တလေးတက္ကသိုလ် ဆက်တက်။

၁၉၆၅ - ၁၉၆၈ - ထိုနှစ်များတွင် တက္ကသိုလ်လူရည်ချွန်ဆုရရှိ(၂-ကြိမ်)။

၁၉၆၈ - မြန်မာစာအဓိကဖြင့်ဘွဲ့ရ။

နိုင်ငံဝန်ထမ်းဘဝ

ပြင်ဆင်ရန်

၁၉၆၉ - ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးရွာ၌ အလယ်တန်းပြဆရာ။

၁၉၇၀ - မလိုင်မြို့နယ်၊ပါတီယူနစ်ကော်မတီ။

၁၉၇၁ - မင်္ဂလာဒုံ၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်-လက်ထောက်ကထိက။ ထိုနှစ်မှာပင် အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်နှင့်လက်ထပ်။ (သား ကိုလင်းသန့်၊ သမီး ယမင်းလှိုင်တို့ ထွန်းကားခဲ့။)

၁၉၇၇ - တစ်လုံးနှစ်လုံး ပုလဲကုံးစာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်(ဒုတိယ)ဆုရရှိ။

၁၉၇၈ - ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးစာမူဖြင့် စာပေဗိမာန် စာပဒေသာ(ပထမ)ဆုရရှိ။

၁၉၈၀ - ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး စာအုပ်ဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိ။ (ထိုစာအုပ်ကို ၁၉၈၂၊ ၁၉၈၄၊ ၁၉၈၆၊ ၁၉၈၇၊

၁၉၉၀၊ ၁၉၉၃၊ ၁၉၉၅၊ ၁၉၉၈၊ ၂၀၀၁-တို့တွင် ပြန်လည်ရိုက်နှိပ်ခဲ့။)

၁၉၈၁ - ထိုနှစ်မှစ၍ မင်္ဂလာဒုံမြို့နယ် စာပေအဖွဲ့ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့။ စာနယ်ဇင်းများတွင် ဝတ္ထု၊ ဆောင်းပါးများရေးသားရင်း လုံးချင်းဝတ္ထုများလည်း ရေးသားဖြစ်ခဲ့။

၁၉၈၃ - နှစ်ကိုယ်တူသွားရာလမ်းဝယ်လုံးချင်း ဝတ္ထုထွက်။(၁၉၉၄-တွင် ဒုအကြိမ် ပြန်ရိုက်ခဲ့။)

၁၉၈၄ - မုန်းပင်မုန်းလည်း ချစ်ထုံးမပြေ ဝတ္ထုထွက်။ (ထိုဝတ္ထုကို ဗီဒီယိုရိုက်။)

၁၉၈၅ - ပြည်ထဲရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတွင် ဒု-လ/ထ ညွှန်ကြားရေးမှူး။ ရွှေမြင်းမိုရ် ပြိုမှာစိုးတယ်ဝတ္ထုထွက်။ (ထိုဝတ္ထုကို ဗီဒီယိုရိုက်ခဲ့။) (၁၉၉၅-တွင် ဒု-အကြိမ်ပြန်ရိုက်ခဲ့။) ပန်းလှေကားနဲ့တက်ပါ့ မယ်ဝတ္ထုထွက်။(၁၉၉၄-ဒုအကြိမ်)။

၁၉၈၆ - အကျည်းတန်ပန်း လုံးချင်းဝတ္ထုထွက်။ မငိုတတ်သော မိန်းကလေး(ဝတ္ထုတိုပေါင်းချုပ်)ထွက်။

၁၉၈၇ - ချစ်သူ့မာယာ အလင်္ကာဝတ္ထုထွက်။

၁၉၈၈ - တစ်လုံးနှစ်လုံးပုလဲကုံး(စာပေဗေိမာန် ဒုတိယဆုရ)စာအုပ်ထွက်။

၁၉၈၉ - ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိ။ (၁၉၉၀၊ ၉၁၊ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၉၊၂၀၀၁၊ ၂၀၀၂ ပြန်ရိုက်။) နှလုံးသားပဲ့တင်သံ(ဝတ္ထုတိုပေါင်းချုပ်)ထွက်။ ထိုနှစ်မှစ၍ မြန်မာနိုင်ငံ-စာပေ နှင့်စာနယ်ဇင်းအဖွဲ့တွင် ဗဟိုအမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်။

၁၉၉၀ - ကျွန်တော်အမုန်းဆုံးကျွန်တော်ဝတ္ထုထွက်(ဗီဒီယိုရိုက်)(၁၉၉၆၊ ၂၀၀၄-တွင် ပြန်ရိုက်)။

၁၉၉၁ - စာပေခရီးအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စင်္ကကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့။ မျက်လုံးမှာအလွမ်း၊ နှုတ်ခမ်းမှာမာနဝတ္ထုထွက်(၁၉၉၆-တွင်ပြန်ရိုက်။ ပန်းတွေမွှေးတဲ့ည-ပျားရည်ဆမ်းတဲ့လ ဝတ္ထုထွက်( ၁၉၉၆-ပြန်ရိုက်)။ ခေါင်းလောင်းသံချိုချို(ဝတ္ထုတိုပေါင်းချုပ်)ထွက်။

၁၉၉၂ - ပြည်ထဲရေးဝန်ကြီးဌာန-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လ/ထ ညွှန်ကြားရေးမှူး။ ပန်းပေါက်ပွဲ ဝတ္ထုထွက်။ (ဗီဒီယိုရိုက်)။(၂၀၀၄-ပြန်ရိုက်)။ ပန်းဖြစ်သွားသောငါးဝတ္ထုထွက်(ရုပ်ရှင်ကားကြီးနှင့် ဗီဒီယိုရိုက်) (၂၀၀၃-ပြန်ထွက်)။ မြစ်တစ်စင်းနှင့် နှင်းတစ်စက်(ဝတ္ထုတိုပေါင်းချုပ်)ထွက်။

၁၉၉၃ - လရောင်အောက်မှာ ချစ်တဲ့သူ၊ ပန်းသလားမေပျို(၂၀၀၅-ပြန်ထွက်)၊ ရွှေတံခါးကြီးဖွင့်ပါဦး(၂၀၀၃-ပြန် ထွက်)၊ပတ္တမြားပင်ဆင့်မြပင်မြင့် (၂၀၀၅-ပြန်ထွက်)၊ ချစ်သူ့ရင်ခွင်မှလှိုင်းအိကလေးများ(၂၀၀၃-ဒုအကြိမ်)။ ပျား ရည်မြစ်မှ အချစ်လှေ (ဝတ္ထုတိုပေါင်းချုပ်)၊ မိုးသက်လေ (ဝတ္ထုတိုပေါင်းချုပ်)၊ စကားပုံမှပေးသောအတွေးအမြင်(သုတ-ရသ) (၂၀၀၀-ဒုအကြိမ်) စသော စာအုပ်များထွက်။

၁၉၉၄ - မေတ္တာကွန်သာယာ(ဗီဒီယိုရိုက်)၊ (၂၀၀၃-ဒု)။ ဒုတိယနေရာမှ ပထမလူ(ဗီဒီယိုရိုက်)။ မင်းနေရာမှာငါဆို ရင် (ဗီဒီယိုရိုက်)၊ ရွှေစင်ပန်းခက် စသောဝတ္ထုများထွက်။ ပန်းများပွင့်စေမွှေးစေသူ(သုတ၊ရသ)စာအုပ်ထွက်။

၁၉၉၅ - ဒု-ညွှန်မှူးအဆင့်သို့ တိုးမြှင့်၍ ရန်ကုန်မြို့ အင်းစိန်ခရိုင် အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်။

၁၉၉၅ - မောင်နွေဦးနှင့်မဖူးဝေ(၂၀၀၃-ဒု)၊ တစ်ခုလပ်ပေမယ့်ကွက်လပ်မရှိ (ဗီဒီယိုရိုက်)(၂၀၀၃-ဒု)၊ မာယာ သည်(၂၀၀၁-ဒု)၊ လေမှာနစ်သောငှက်၊ နှလုံးသားမလှသူမဖတ်ရ(၂၀၀၁-ဒု)(ရုပ်ရှင်၊ ဗီဒီယိုရိုက်)။ ဘဝပုံရိပ်(ဝတ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်။

၁၉၉၆ - ကချင်ပြည်နယ်အုပ်ချုပ်ရေးမှူး။ ကာရာအိုကေပျားမလေး၊ ရင်ခွင်ဦး ရင်ခွင်ရိုင်း ရင်ခွင်လှိုင်း၊ ပျားရည်နွံအိုင်လေးထဲမှာ။ လုံးချင်းဝတ္ထုများနှင့် လုပ်ရတော့ညာလက် ရွှေဝတ်ရတော့ဘယ်လက်(ဝတ္ထုတိုပေါင်း ချုပ်)စာအုပ်များထွက်။

၁၉၉၇ - ရွှေကောဇော ရောနှောလို့ထိုင်၊ သက်သေအမှုတည်ပါစေ ဝတ္ထုများနှင့် အချစ်အိမ်လေးတည်ဆောက် မယ် (သုတ၊ရသ)(၁၉၉၈၊ ၁၉၉၉၊ ၂၀၀၂-ဒု)စာအုပ်များထွက်။

၁၉၉၈ - ထိုနှစ်မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်တွင် ညွှန်ကြားရေးမှူး။ မနောမြေမှ မလိပန်း၊ လုံးချင်းဝတ္ထုထွက်။

၂၀၀၀ - နွေဦးလေ(ဝတ္ထုတိုပေါင်းချုပ်)ထွက်။

၂၀၀၁ - ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူ၊စာပေများဆက်လက်ရေးသား။ ပန်းနုရောင်မီးတောက်များ၊ လွမ်း စေတီနှင့်စမ်းရေကြည်(ဗီဒီယိုရိုက်)၊ လိမ်ညာဘေးမှဝေးပါစေ(သုတ၊ရသ) စာအုပ်များထွက်။

၂၀၀၂ - မယုံမရဲယုံမှရဲ၊ ချစ်သူနေခြည် စသောဝတ္ထုများနှင့် လူတွေ့စစ်ဆေးခြင်း(သုတ)၊ ဥပဓိရုပ်(သုတ)(ဆရာဝန်တင်ရွှေစာပေဆုရ) (၂၀၀၄ဒု-အကြိမ်)စာအုပ်များထွက်။ စာပေနှင့်စာနယ်ဇင်းဆိုင်ရာ အတတ်ပညာ နည်းပညာနှင့် သုတရသရေးသားမှု အရည်အချင်းမြင့်မားစေရန်နှင့် စာပေမျိုးဆက်သစ်များပေါ်ထွန်းလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး(စာတမ်း)ပြုစုဖတ်ကြား။

၂၀၀၃ - ကျောက်မှော်တောမှ ဒဏ္ဍာရီနှင်းဆီ၊ လောကနတ်၏စည်းခတ်သံ(ဝတ္ထုတိုပေါင်းချုပ်)၊ ကောင်းစွာ ပြောဆိုနိုင်ပါစေ(သုတ)့စာအုပ်များထွက်။ အမျိုးသားရေးအားမာန်ဝတ္ထုများ(စာတမ်း)ပြုစုဖတ်ကြား။

၂၀၀၄ - မနောမြေမနောအလှ(သုတ)၊ ပရိသတ်ရှေ့မှာစကားပြောနည်း(သုတ)၊ မွေးမြေကိုတဲ့ပြန်လေပြီ(သုတ၊ရသ)။ စာအုပ်များထွက်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် မြန်မာ့ရိုးရာအစဉ်အလာ(စာတမ်း)ပြုစု ဖတ်ကြား။

၂၀၀၅ - ရတနာစိမ်း၊ မေတ္တာရှင်နှင့်မာယာသည် ဝတ္ထုများနှင့် မုန်တိုင်းထဲမှမိုးစက်ပွင့်(ဝတ္ထုတိုပေါင်းချုပ်)၊ မိုးစွန်တမွတ် ကြယ်ကိုဆွတ်(လူငယ်ဝတ္ထုတိုများ)၊ လယ်တွင်းသားစောချစ်ဝတ္ထုတိုများ။ စာအုပ်များနှင့် ပန်းရည် ဘဏ်စာစီစာကုံးများ၊ စားဖွယ်ပေါတဲ့တို့တောရွာ(သုတ၊ ရသ)၊ စာပန်းပွင့်ကြွေအလွမ်းပြေ၊ အမေ့ထိုင်ခုံနှင့်ခံစားမှု(သုတ၊ရသ)၊ ဝယ်သူစိတ်ကြိုက် လူ့စိတ်ကြိုက်(သုတ၊ရသ)စာအုပ်များထွက်။ ခေါင်းစီးစာသားနှင့် မူပိုင်ခွင့်(စာတမ်း)ပြုစုဖတ်ကြား။

၂၀၁၃ - စည်သူဘွဲ့ရ

အမျိုးသားစာပေတစ်သက်တာဆုရရှိ

၂၀၂၀- ဘဝဇာတ်ခုံပေါ်မှာ စာအုပ်ထုတ်ဝေ

၂၀၂၂ - အလင်္ကာကျော်စွာဘွဲ့ရရှိ။

ဆရာလယ်တွင်းသားစောချစ်သည် မိသားစုနှင့်အတူ မင်္ဂလာဒုံမြို့နယ် ၂(ခ)ရပ်ကွက်၊ ခရေပင်လမ်း၊ အိမ်အမှတ်(၅၇-က)တွင် နေထိုင်လျက်ရှိသည်။