စည်သူဘွဲ့
စည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး ပဉ္စမတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
စည်သူ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ | |
---|---|
စည်သူဘွဲ့တံဆိပ် လည်ဆွဲဖဲကြိုးဖြင့် နမူနာ ပုံ | |
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | ပြည်ထောင်စုစည်သူသင်္ဂဟ |
တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
နိုင်ငံ | မြန်မာ |
ဖဲကြိုး | |
Precedence | |
နောက်ထပ် (ပိုမြင့်သော) | သရေစည်သူ |
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ
ပြင်ဆင်ရန်- အဂ္ဂမဟာသရေစည်သူ
- သတိုးမဟာသရေစည်သူ
- မဟာသရေစည်သူ
- သရေစည်သူ
- စည်သူ ဘွဲ့တို့ဖြစ်ကြသည်။
အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။
ချီးမြှင့်ခြင်း
ပြင်ဆင်ရန်သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းရှည့်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၁]
စည်သူဘွဲ့ ရရှိခဲ့သူများ
ပြင်ဆင်ရန်စည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-
- ဦးတင်(၁၈၉၀-၁၉၇၂) (ဗိသုကာပညာရှင်)
- ဦးညွှန့်
- ဦးသန့်
- ဦးစံဖေ
- ဦးချို (ပညာမင်းကြီး)
- စောရှီးရှိုး (ခေါ်) ဆင်မြူယယ်ရှီးရှိုး - ကာကွယ်ရေးဦးစီးချုပ်(လေ) (၁၉၄၉)[၂]
- ပညာမင်းကြီး ဦးကောင်း (မြန်မာနိုင်ငံသမိုင်း ကော်မရှင်)
- ဘခင်
- မောင်မောင်ကျော်
- ကာကွယ်ရေးဌါန အတွင်းဝန် ဦးမောင်မောင် (ဘီစီအက်) (ဆာမောင်ဘ၏သား)
- ကပ္ပတိန် ကျော်သိန်းလွင် (တပ်မတော် (ရေ)) ၁၉၅၀ (မြို့မ ဦးဘလွင်၏သား)[၃]
- ဗိုလ်မှူးချုပ် တင်ဖေ
- ဦးအောင်ရွှေ
- ကရင်ပြည်နယ်ဝန်ကြီး မစ္စစ်ဘမောင်ချိန် (ပထမဆုံး မြန်မာပြည် အမျိုးသမီး ဝန်ကြီး)[၄]
- မြတ်ထန် (ခေါ်) လွတ်လပ်ရေး မော်ကွန်းဝင် ဗိုလ်မှူးကြီး တင်မောင် (နောင်တွင် စာပေလောက၌ ထင်ရှားသည့် "နှောင်းတမြေ့မြေ့" ဝတ္ထုရှည် ရေးသားသူ)
- ဝမ်းကိုဟော
- ဗိုလ်မှူးကြီးကိုကို
- ဒုဗိုလ်မှူးကြီး ချစ်ခိုင် (နောင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ၂)
- ဒေါက်တာသော်ကောင်း (စာကြည့်တိုက် ပညာရှင်)
- ဒေါက်တာကျော်စိန် (PhD. Columbia)
- ဗိုလ်ကလေးတင့်အောင်
- ရွှေနန်းတင်
- ဆင်ဖြူကျွန်းအောင်သိန်း (ဦးကြည်အေး)
- မင်းနောင် (ဂန္ထဝင်တေးသံရှင်)
- မောင်မောင်ကြီး
- အကယ်ဒမီ စံရှားတင်(ရုပ်ရှင်သရုပ်ဆောင်)
- အကယ်ဒမီ မြင့်မြင့်ခင် (ရုပ်ရှင်သရုပ်ဆောင်)
- တင်တင်မြ
- ထား
- သင်းသင်းမြတ်
- ဒေါ်ကြန်[၅]
- လယ်တွင်းသား စောချစ်
- ဒေါက်တာခင်မောင်ညွန့် (သမိုင်းနှင့်ယဉ်ကျေးမှုပညာရှင်)(၂၀၁၂ခုနှစ်)
- အကယ်ဒမီနွဲ့နွဲ့စန်း
- ဦးအောင်ချစ်မင်း (၂၀၁၉ ခုနှစ်)
- ဦးစောဇင်အောင် (၂၀၁၉ ခုနှစ်)
- ဦးထွန်းထွန်းဦး (ပြည်ထောင်စုတရားသူကြီးချုပ်) (၂၀၂၂ခုနှစ်)
- ဘဒ္ဒန္တခေမာနန္ဒ (၂၀၂၃ ခုနှစ်)
- ဓမ္မဒူတဒေါက်တာဘဒ္ဒန္တဆေကိန္ဒ (၂၀၂၃ ခုနှစ်)
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
- ↑ https://www.bbc.com/burmese/burma-43669609
- ↑ https://news-eleven.com/article/142430
- ↑ https://www.bbc.com/burmese/in-depth-46747952
- ↑ အမျိုးသား စာပေ ၅ ဆုရှင် သမိုင်းပညာရှင် ဆရာမကြီး စည်သူ ဒေါ်ကြန်၏ ဈာပနအခမ်းအနားကို ရေဝေးသုဿန်တွင် ပြုလုပ်။