လယ်တွင်းသား စောချစ်

ကျွန်တော်အမုန်းဆုံးကျွန်တော်

လယ်တွင်းသားစောချစ် (၁၂ ဧပြီ ၁၉၄၁ မွေးဖွား)သည် မြန်မာနိုင်ငံသား အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦးဖြစ်သည်။ အမျိုးသားစာပေဆုအမျိုးသားစာပေတစ်သက်တာဆုများအပါအဝင် စာပေဆိုင်ရာဆုများစွာ ရရှိခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်တွင် စည်သူဘွဲ့၊ ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ဖြင့် ချီးမြှင့်ခံခဲ့ရသည်။ ယခုအချိန်ထိ ဝတ္ထုတိုပေါင်းချုပ် ၁၇ အုပ်၊ သုတ/ရသစာပေ ၂၉ အုပ်၊ လုံးချင်းဝတ္ထု ၅၁ အုပ်၊ စုစုပေါင်း စာအုပ် ၉၇ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။ ‘မုန်းပင်မုန်းလည်း ချစ်ထုံးမပြေ၊ ရွှေမြင်းမိုရ် ပြိုမှာ စိုးတယ်၊ ကျွန်တော်အမုန်းဆုံး ကျွန်တော်၊ ပန်း ဖြစ်သွားသောပါး၊ ပန်းပေါက်ပွဲ၊ ဒုတိယနေရာမှ ပထမလူ၊ မင်းနေရာမှာ ငါဆိုရင်၊ နှလုံးသား မလှသူ မဖတ်ရ၊ ပန်းမြိုင်လယ်မှဥယျာဉ်မှူး၊ လွမ်းစေတီ နှင့် စမ်းရေကြည်၊ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန၊ မောင်နွေဦးနှင့်မဖူးဝေ” စသည့် ဝတ္ထုများကို ရုပ်ရှင်နှင့် ဗီဒီယိုများ ရိုက်ကူးနိုင်ခဲ့သည်။

အလင်္ကာကျော်စွာ စည်သူ
လယ်တွင်းသားစောချစ်
(အမျိုးသားစာပေတစ်သက်တာဆုရ၊ ဝိဇ္ဇာပညာထူးချွန်(ဒုတိယအဆင့်))
အမည်ရင်းဦးတင်လှိုင်
မွေးဖွား (1941-04-12) ၁၂ ဧပြီ၊ ၁၉၄၁ (အသက် ၈၄)
ဝန်းသိုရွာ၊ စဉ့်ကိုင်မြို့နယ်
အလုပ်အကိုင်စာရေးဆရာ
ပညာရေးB.A. (Myanmar)
မိခင်ကျောင်းမန္တလေးတက္ကသိုလ်၊ မြန်မာစာဌာန
ရရှိသည့်ဆုများ
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၇-လက်ရှိ
အိမ်ထောင်ဖက်ဒေါ်မြင့်မြင့်
ဆွေမျိုးသားချင်းအဖ - ဦးချစ်စိန် ၊ အမိ ဒေါ်စောရှင်

အစောပိုင်းဘဝ နှင့် ပညာရေး

ပြင်ဆင်ရန်

၁၉၄၁ - ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာ၌ အဖ-လယ်သမား ကြီး ဦးချစ်စိန်၊ အမိ-ဒေါ်စောရှင်တို့က ဖွားမြင်သည်။ နာမည်အရင်းမှာ ဦးတင်လှိုင် ဖြစ်သည်။၁၉၄၆ - (၅)နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်သောအခါ၊ ထန်းတောရွာနှင့် (၂)မိုင်ခန့်သာကွာသည့် ဝန်းသိုရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မိခင်၏ဇာတိရွာဖြစ်သည့် ဝန်းသိုရွာမှာပင် အဘိုးဖြစ်သူ ကျောင်းအုပ်ဆရာကြီး ဦးဖိုးသာနှင့် အဘွား ဒေါ်သောင်တို့က မွေးစား၍ ပညာသင်ပေးခဲ့သည်။ အဖေကြီး(အဖိုး)ဖြစ်သူမှာ မူလတန်းကျောင်းအုပ်ဆရာကြီးဖြစ်၍ အဖေကြီးကျောင်းမှာပင် မူလတန်းပညာသင်ယူအောင်မြင်ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် စဉ့်ကိုင်မြို့၊ ဝန်းသိုရွာမူလတန်းကျောင်းတွင် စတုတ္ထတန်းအောင်မြင်ခဲ့သည်။ ၁၉၅၃ - ၅၇ တွင် စဉ့်ကိုင်မြို့၊ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ယူခဲ့သည်။ ၁၉၅၈ - ကျောက်ဆည်မြို့ပြည်လုံးနိုင် အလွတ်ပညာသင် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့ပြီး ထိုကျောင်းမှ အထက်တန်းကျောင်းထွက်လက်မှတ်ရ စာမေးပွဲအောင်မြင်ခဲ့သည်။

၁၉၅၉-၆၄ တွင် ပြည်လုံးနိုင်ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၆၃ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ(သီတင်းကျွတ်လပြည့် အထူးထုတ်)တွင် နောင်တအမည်ရှိ ဝတ္ထုတိုဖော်ပြ ခြင်းခံရ။ (ပထမဆုံး ပုံနှိပ်ခံရသည့် ဝတ္ထုတိုဖြစ်သည်။)

၁၉၆၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုအောင်မြင်ပြီး ၁၉၆၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၅ - ၁၉၆၈ နှစ်များတွင် တက္ကသိုလ်လူရည်ချွန်ဆု ၂ ကြိမ် ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မြန်မာစာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။

ထမ်းဆောင်ခဲ့သော ရာထူးများ

ပြင်ဆင်ရန်

၁၉၆၉ ခုနှစ်တွင်၊ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးရွာတွင် အလယ်တန်းပြတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဗဟိုနိုင်ငံရေးတက္ကသိုလ်(မင်္ဂလာဒုံ) တွင် လက်ထောက်ကထိက ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယလက်ထောက်ညွှန်ကြားရေးမှူးတာဝန်ဖြင့် စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၉၂ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူးတာဝန်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ကချင်ပြည်နယ်အုပ်ချုပ်ရေးမှူး (တိုင်းမင်းကြီး)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်တွင်) ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

စာပေတာဝန်အဖြစ် မင်္ဂလာဒုံမြို့နယ် စာပေလုပ်သားအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်၊ ဒုတိယ ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ တွင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင် အမှုဆောင်အဖွဲ့ဝင် တာဝန် များကို ထမ်းဆောင်ခဲ့ပြီး စာပေများ ဆက်လက်ရေးသား လျက်ရှိသည်။

၁၉၇၁ ခုနှစ်တွင် အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး နှစ်ဦး ထွန်းကားခဲ့သည်။

ရရှိခဲ့သော စာပေဆုများနှင့် ဘွဲ့တံဆိပ်များ

ပြင်ဆင်ရန်

ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ

ပြင်ဆင်ရန်

လယ်တွင်းသားစောချစ်၏ စာပေဖြင့် နိုင်ငံ့တာဝန်ကြေပွန်မှုကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်အစိုးရမှ စည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ထို့အပြင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၂) ဖြင့် အလင်္ကာကျော်စွာဘွဲ့ကို ထပ်မံချီးမြှင့် အပ်နှင်းခဲ့သည်။ []

စာပေဆုများ

ပြင်ဆင်ရန်

လယ်တွင်းသားစောချစ်သည် ၁၉၇၇ ခုနှစ်တွင် တစ်လုံးနှစ်လုံး ပုလဲကုံး စာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်(ဒုတိယ)ဆုရရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ပန်းမြိုင်လယ်မှဥယျာဉ်မှူးစာအုပ်ဖြင့် စာပေဗိမာန်စာမူဆု ကိုရရှိခဲ့သည်။ ထို့အပြင် ယင်းစာအုပ်ဖြင့်ပင် ၁၉၈၀ ခုနှစ်တွင်ချီးမြှင့်သည့် အမျိုးသားစာပေဆုကို ရရှိခဲ့သည်။ ထို့အပြင် ၁၉၈၉ ခုနှစ်တွင် ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် အမျိုးသားစာပေဆုကို ထပ်မံရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုကို ရရှိခဲ့သည်။၁၉၇၇ ခုနှစ်တွင် တစ်လုံးနှစ်လုံး ပုလဲကုံး စာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရသည်။

၁၉၉၁ ခုနှစ်တွင် စာပေခရီးအဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့သည်။၂၀၀၃ ခုနှစ်တွင် ဥပဓိရုပ်စာအုပ်ဖြင့် ဆရာဝန်တင်ရွှေ စာပေဆု ရရှိခဲ့သည်။၂၀၀၈ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်ဆု (ဒုတိယအဆင့်) ကိုရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ပျော်မွေ့ဖွယ်ရာ တို့တောရွာ မြန်မာ့ရိုးရာဓလေ့များ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိသည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ခြင်းခံရသည်။ ၂၀၁၅ ခုနှစ်တွင် The Gardener among the flowers (ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး) စာအုပ်ဖြင့် Southeast Asian Writers Award ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်းတစ်သက်တာစာပေဆုကိုလည်း ချီးမြှင့်ခြင်းခံခဲ့ ရသည်။

ရေးသားခဲ့သည်များ

ပြင်ဆင်ရန်
ခုနှစ် ရေးသေားခဲ့သောစာအုပ်များ ရရှိသောဆု မှတ်ချက်
၁၉၆၀ မြန်မာ့အလင်းသတင်းစာတွင် "နောင်တ" အမည်ရှိဝတ္ထုတိုဖြင့် စာပေလောကသို့

စတင်ဝင်ရောက်ခဲ့သည်။

၁၉၇၇ တစ်လုံးနှစ်လုံးပုလဲကုံး စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်

(ဒုတိယ)ဆု

၁၉၇၈ ပန်းမြိုင်လယ်မှဥယျာဉ်မှူး စာပေဗိမာန်စာပဒေသာ

(ပထမ)ဆု

၁၉၈၀ ပန်းမြိုင်လယ်မှဥယျာဉ်မှူး အမျိုးသားစာပေဆု ၁၉၈၂၊၁၉၈၄၊၁၉၈၆၊၁၉၈၇၊၁၉၉၀၊၁၉၉၃၊၁၉၉၅၊၁၉၉၈၊၂၀၀၁ တို့တွင်ပြန်လည်ရိုက်နှိပ်ခဲ့သည်။
၁၉၈၃ နှစ်ကိုယ်တူသွားရာလမ်းဝယ် ၁၉၉၄ တွင်ပြန်လည်ရိုက်နှိပ်ခဲ့သည်။
၁၉၈၄ မုန်းပင်မုန်းလည်းချစ်ထုံးမပြေ ဗီဒီယိုဇာတ်ကားအဖြစ်ရိုက်ကူးခဲ့သည်။
၁၉၈၅ ရွှေမြင်းမိုရ်ပြိုမှာစိုးတယ် ဗီဒီယိုဇာတ်ကားအဖြစ်ရိုက်ကူးခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ပြန်လည်ရိုက်နှိပ်သည်။
ပန်းလှေကားနဲ့တက်ပါ့မယ် ၁၉၉၄ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
၁၉၈၆ အကျည်းတန်ပန်း
မငိုတတ်သောမိန်းကလေး (ဝတ္ထုတိုပေါင်းချုပ်)
၁၉၈၇ ချစ်သူ့မာယာအလင်္ကာ
၁၉၈၈ တစ်လုံးနှစ်လုံးပုလဲကုံး ၁၉၇၇ ခုနှစ်တွင် စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်(ဒုတိယ)ဆုရ

စာမူကိုထုတ်ဝေသည်။

၁၉၈၉ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ အမျိုးသားစာပေဆု ၁၉၉၀၊၁၉၉၁၊၁၉၉၄၊၁၉၉၅၊၁၉၉၆၊၁၉၉၇၊၁၉၉၉၊၂၀၀၁၊၂၀၀၂ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
နှလုံးသားပဲ့တင်သံ (ဝတ္ထုတိုပေါင်းချုပ်)
၁၉၉၀ ကျွန်တော်အမုန်းဆုံးကျွန်တော် ၁၉၉၆၊၂၀၀၄ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
၁၉၉၁ မျက်လုံးမှာအလွမ်း၊ နှုတ်ခမ်းမှာမာန ၁၉၉၆ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
ပန်းတွေမွှေးတဲ့ည-ပျားရည်ဆမ်းတဲ့လ ၁၉၉၆ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
ခေါင်းလောင်းသံချိုချို (ဝတ္ထုတိုပေါင်းချုပ်)
၁၉၉၂ ပန်းပေါက်ပွဲ ဗီဒီယိုဇာတ်ကားအဖြစ်ရိုက်ကူးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပြန်လည်ရိုက်နှိပ်သည်။
ပန်းဖြစ်သွားသောငါး ဗီဒီယိုဇာတ်ကားနှင့်ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ပြန်လည်ရိုက်နှိပ်သည်။
မြစ်တစ်စင်းနှင့်နှင်းတစ်စက် (ဝတ္ထုတိုပေါင်းချုပ်)
၁၉၉၃ လရောင်အောက်မှာချစ်တဲ့သူ
ပန်းသလားမေပျို ၂၀၀၅ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
ရွှေတံခါးကြီးဖွင့်ပါဦး ၂၀၀၃ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
ပတ္တမြားပင်ဆင့်မြပင်ဆင့် ၂၀၀၅ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
ချစ်သူ့ရင်ခွင်မှလှိုင်းအိကလေးများ ၂၀၀၃ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
ပျားရည်မြစ်မှအချစ်လှေ (ဝတ္ထုတိုပေါင်းချုပ်)
မိုးသက်လေ (ဝတ္ထုတိုပေါင်းချုပ်)
စကားပုံမှပေးသောအတွေးအမြင်များ ၂၀၀၀ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
၁၉၉၄ မေတ္တာကွန်းသာယာ ဗီဒီယိုဇာတ်ကားအဖြစ်ရိုက်ကူးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
ဒုတိယနေရာမှပထမလူ ဗီဒီယိုဇာတ်ကားအဖြစ်ရိုက်ကူးခဲ့သည်။
မင်းနေရာမှာငါဆိုရင် ဗီဒီယိုဇာတ်ကားအဖြစ်ရိုက်ကူးခဲ့သည်။
ရွှေစင်ပန်းခက်
ပန်းများပွင့်စေမွှေးစေသူ
၁၉၉၅ မောင်နွေဦးနှင့်မဖူးဝေ ၂၀၀၃ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
တစ်ခုလပ်ပေမယ့်ကွက်လပ်မရှိ ဗီဒီယိုဇာတ်ကားအဖြစ်ရိုက်ကူးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
မာယာသည် ၂၀၀၁ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
လေမှာနစ်သောငှက်
နှလုံးသားမလှသူမဖတ်ရ ဗီဒီယိုဇာတ်ကားနှင့်ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ပြန်လည်ရိုက်နှိပ်သည်။
ဘဝပုံရိပ်(ဝတ္ထုတိုပေါင်းချုပ်)
၁၉၉၆ ကာရာအိုကေပျားမလေး
ရင်ခွင်ဦးရင်ခွင်ရိုင်းရင်ခွင်လှိုင်း
ပျားရည်နွံအိုင်လေးထဲမှာ
လုပ်ရတော့ညာလက် ရွှေဝတ်ရတော့ဘယ်လက်

(ဝတ္ထုတိုပေါင်းချုပ်)

၁၉၉၇ ရွှေကောဇောရောနှောလို့ထိုင်
သက်သေအမှုတည်ပါစေ
အချစ်အိမ်လေးတည်ဆောက်မယ်
၁၉၉၈ မနောမြေမှမလိပန်း
၂၀၀၀ ‌နွေဦးလေ(ဝတ္ထုတိုပေါင်းချုပ်)
၂၀၀၁ ပန်းနုရောင်မီးတောက်များ
လွမ်းစေတီနှင့်စမ်းရေကြည် ဗီဒီယိုဇာတ်ကားရိုက်ကူးခဲ့သည်။
လိမ်ညာဘေးမှဝေးပါစေ
၂၀၀၂ မယုံမရဲယုံမှရဲ
ချစ်သူနေခြည်
လူတွေ့စစ်ဆေးခြင်း (သုတ)
ဥပဓိရုပ်(သုတ) ဆရာဝန်တင်ရွှေစာပေဆု ၂၀၀၄ ခုနှစ်တွင်ပြန်လည်ရိုက်နှိပ်သည်။
စာပေနှင့်စာနယ်ဇင်းဆိုင်ရာအတတ်ပညာနည်းပညာ နှင့် သုတရေးသားမှုအရည်အချင်းမြင့်မာရေးနှင့် စာမေပမျိုးဆက်သစ်များ

ပေါ်ထွန်းလာစေရန်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး စာတမ်း

စာတမ်းပြုစုဖတ်ကြားသည်။
၂၀၀၃ ကျောက်မှော်တောမှ ဒဏ္ဍာရီနှင်းဆီ
လောကနတ်၏စည်းခတ်သံ (ဝတ္ထုတိုပေါင်းချုပ်)
ကောင်းစွာပြောဆိုနိုင်ပါစေ
အမျိုးသားရေးအားမာန်ဝတ္ထုများ စာတမ်းပြုစုဖတ်ကြားသည်။
၂၀၀၄ မနောမြေမနောအလှ
ပရိသတ်ရှေ့မှာစကားပြောနည်း
မွေးမြေကိုတဲ့ပြန်လေပြီ
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်မြန်မာ့ရိုးရာအစဉ်အလာ စာတမ်းပြုစုဖတ်ကြားသည်။
၂၀၀၅ ရတနာစိမ်း
မေတ္တာရှင်နှင့်မာယာသည်
မုန်တိုင်းထဲမှမိုးစက်ပွင့် (ဝတ္ထုတိုပေါင်းချုပ်)
မိုးစွန်တမွတ်ကြယ်ကိုဆွတ် (လူငယ်ဝတ္ထုတိုများ)
လယ်တွင်းသားစောချစ်ဝတ္ထုတိုများ
ပန်းရည်ဘဏ်စာစီစာကုံးများ
စားဖွယ်ပေါတဲ့တို့တောရွာ
စာပန်းပွင့်ကြွေအလွမ်းပြေ
အမေ့ထိုင်ခုံနှင့်ခံစားမှုများ
ဝယ်သူစိတ်ကြိုက် လူ့စိတ်ကြိုက်
ခေါင်းစီးစာသားနှင့်မူပိုင်ခွင့် စာတမ်းပြုစုဖတ်ကြားသည်။
၂၀၂၀ ဘဝဇာတ်ခုံပေါ်မှာ

အချို့သောအ‌ေကြာင်းအရာများကို မလိခ၏မြန်မာ့ဝတ္ထုအညွှန်းပေါင်းချုပ်စာအုပ် (၂၀၁၇) မှကိုးကားထားပါသည်

  1. ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး (သို့မဟုတ်) စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) | News and Periodical Enterprise
  2. မတ်လ ၂၇ ရက် တပ်မတော်နေ့တွင်  နစက အစိုးရက နယ်ပယ်စုံမှ အနုပညာရှင် ၇၃ ဦးကို အလင်္ကာကျော်စွာဘွဲ့ နှင့် လူမှုထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး နာမည်​ကျော် အနုပညာရှင်များ ပါဝင် | Eleven Media Group Co., Ltd