လာဟိုးရှိ ရှာလမာ ဥယျာဉ်များ

ရှာလမာ ဥယျာဉ်များ သည် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၏ မြို့တော် လာဟိုးမြို့ တွင် တည်ရှိသော မဂိုဥယျာဉ်များ ဖြစ်သည်။ ထိုဥယျာဉ်များသည် မဂိုအင်ပိုင်ယာ၏ အနုပညာဆိုင်ရာ နှင့် အလှအပဆိုင်ရာ အထွဋ်အထိပ် ဖြစ်သော အချိန်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး [၁] ယခု အခါတွင် ပါကစ္စတန်နိုင်ငံ၏ ရေပန်းစားသော ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာ တစ်ခု အဖြစ်တည်ရှိသည်။

လာဟိုး ခံတပ်နှင့် ရှာလမာ ဥယျာဉ်များ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပါကစ္စတန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, ii,iii
ကိုးကား ၁၇၁
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ရှာလမာဥယျာဉ်များသည် ပါရှား သုခဘုံ ဥယျာဉ် ပုံစံ တည်ဆောက်ထားကြပြီး လူတို့အနေနှင့် သဘာဝရှိ အရာအားလုံး နှင့် ဟန်ချက်ညီစွာ တည်ရှိနေသော ကမ္ဘာမြေရှိ ပြီးပြည့်စုံသော နေရာ အဖြစ် ချယ်မှုန်းတည်ဆောက်ပြထားသည်။ ထိုဥယျာဉ်များကို ၁၆၄၁ ခုနှစ် ဧကရာဇ် ရှားဂျာဟန် အုပ်စိုးစဉ်က စတင်ခဲ့ပြီး [၂] ၁၆၄၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။[၃] ၁၉၈၁ ခုနှစ်တွင် ရှာလမာဥယျာဉ်များသည် ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် မှတ်တမ်းတင်ခြင်းခံရပြီး မဂိုတို့ တိုးတက်မှု ထိပ်ဆုံးရောက်နေစဉ် တည်ဆောက်ပြသထားသော ဥယျာဉ်ပုံစံ အဖြစ် မှတ်တမ်းတင်ထားသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Fort and Shalimar Gardens in Lahore။ UNESCO။ 4 January 2017 တွင် ပြန်စစ်ပြီး။
  2. "CHANGING CONCEPTS OF GARDEN DESIGN IN LAHORE FROM MUGHAL TO CONTEMPORARY TIMES" (2009). Garden History 37 (2): 205–217. 
  3. Shalamar Gardens Gardens of the Mughal Empire. Retrieved 20 June 2012