လိုင့်ချင်းဒေ

ထိုင်ဝမ်၏ လက်ရှိ ဒုသမ္မတနှင့် ထိုင်ဝမ်ဝန်ကြီးချုပ်ဟောင်း
"လိုက်ချင်းတေ"ကို ဤနေရာသို့ ညွှန်းသည်။ အခြား အဓိပ္ပာယ်များအတွက် လိုက်ချင်းတေ (သံတူကြောင်းကွဲ)ကို ကြည့်ပါ။

ဝီလီယမ် လိုင့်ချင်းဒေ (၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်ဖွား) သည် ထိုင်ဝမ် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်မှစတင်၍ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)ဒုတိယသမ္မတ ဖြစ်သည်။ ၎င်းသည် ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုင်နန်မြို့၏ မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ တရုတ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲသည်။[၁]

လိုင့်ချင်းဒေ
賴清德
၂၀၂၃ ရုံးသုံး ဓာတ်ပုံ
တရုတ်သမ္မတနိုင်ငံ၏ ဒုတိယသမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၂၀ ခုနှစ်၊ မေလ ၂၀
သမ္မတချိုင်အင်းဝမ်
ယခင်လူချန်ကျန်းရန်
တရုတ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ – ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄
သမ္မတချိုင်အင်းဝမ်
Vice Premierရှိကျွန့်ကျီ
မဲဆန္ဒနယ်ထိုင်နန်မြို့၊ (၂) ရပ်ကွက်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1959-10-06) ၆ အောက်တိုဘာ၊ ၁၉၅၉ (အသက် ၆၄)
ဝမ်းလီခရိုင်၊ ထိုင်ပေမြို့သစ်ထိုင်ဝမ်
နိုင်ငံရေးပါတီဒီမိုကရက်တစ်တိုးတက်ရေးပါတီ
ကြင်ဖော်(များ)Wu Mei-ju
သားသမီးသား (၂) ယောက်
ပညာရေးအမျိုးသားထိုင်ဝမ်တက္ကသိုလ် (BS)
National Cheng Kung University (MD)
Harvard University (MPH)
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
Lai Ching-te
ရိုးရာ တရုတ်賴清德

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီသည် ဒေသန္တရရွေးကောက်ပွဲများတွင် ကြီးကြီးမားမားရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ရည်ရွယ်ချက်ကို ကြေညာခဲ့ပြီး ၎င်း၏ဆက်ခံသူ ဆူဆန်ချန်းသည် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ လိုင့်သည် ၂၀၁၉ ခုနှစ်၊ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌရွေးကောက်ပွဲတွင် အဓိကယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ပြီးနောက် ၂၀၂၀ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်၏ အရွေးခံအဖော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Vice President Lai။ 1 January 2022 တွင် ပြန်စစ်ပြီး။