လူမှုအဖွဲ့အစည်းတွင် စိတ်ဆန္ဒအလျှောက် ပါဝင်ကြသည့် မြို့ပြနှင့်လူမှုရေးအသင်း အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရ (အစိုးရနိုင်ငံရေးစံနစ်မပါဝင်) နှင့် ဈေးကွက် စီးပွားရေး အဖွဲ့အစည်းများ၏ ကျောထောက်နောက်ခံ မပြုသည့် လူမှုရေး လုပ်ငန်းများကိုသာ အခြေခံပြုသည့် အဖွဲ့အစည်းများ ပါဝင်သည်။

ကယ်လီဖိုးနီးယား လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်း

အဓိပ္ပာယ်ဖွင့်ဆိုချက်

ပြင်ဆင်ရန်

ခေတ်လွန်အဆိုအမိန့်များတွင် လူမှုအဖွဲ့အစည်း ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ အမြောက်အမြား ရှိသည်။ လန်ဒန်စီးပွားရေးကျောင်း၏ လူမှုအဖွဲ့အစည်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖော်ပြထားသည် – အတင်းအကျပ်စေခိုင်းမှုများမပါဝင်သည့် လူမှုအဖွဲ့အစည်းဆိုသည်မှာ အများအကျိုး၊ ရည်မှန်းချက်များနှင့် တန်ဖိုးများ အတွက်ရည်ရွယ်ပြီး ပူးပေါင်းဆောင် ရွက်သည့်နေရာ ကိုရည်ညွှန်းသည်။ စာတွေ ့အရ ဤအဖွဲ့အစည်းများသည် အခြား အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတော်အစိုးရ၊ မိသားစု၊ ဈေးကွက်တို့နှင့် ပြတ်ပြတ်သားသားခြားနားသော်လည်း လက်တွေ့တွင်မူ ထိုအဖွဲ့အစည်းများနှင့် ထွေးရောယှက်တင် ရှိနေပြီး စည်းခြားထားမှုမှာမှုန်ဝါးဝါးနှင့် အပေးအယူရှိသည်။ လူမှုရေးအသင်းသည် အမျိုးမျိုးအထွေအထွေ ကွဲပြားနေသည့် နေရာများ၊ လုပ်ဆောင်ချက်များနှင့် အဖွဲ့ပုံစံများကို ယေဘုယျအားဖြင့် ထွေးပိုက်ထားရပြီး စံနစ်တကျရှိမှု၊ ကိုယ်ပိုင်ဆုံးဖြတ်မှုနှင့် အခွင့်အာဏာသုံးစွဲမှုတို့တွင် အမျိုးမျိုးအဖုံဖုံ အနိမ့်အမြင့်ရှိသည်။ လူမှုအဖွဲ့အစည်းများသည် ရံဖန်ရံခါ မှတ်ပုံတင်ထားပြီး အသင်းဝင်များပြားသည့် အဖွဲ့အစည်းများ ဖြစ်သည့် ကုသိုလ်ဖြစ်အသင်းများ၊ အုပ်စုများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ ယုံကြည်မှု အခြေခံ အဖွဲ့အစည်းများ၊ ကျွမ်းကျင်မှုအသင်းများ၊ အလုပ်သမားသမဂ္ဂများ၊ ကိုယ်ထူကိုယ်ထအုပ်စုများ၊ လူမှုလှုပ်ရှားအသင်းများ၊ စီးပွားရေးအသင်းများ၊ ညွန့်ပေါင်းနှင့် ဥပဒေအဖွဲ့များ ဖြစ်သည်။[1]

မူလသမိုင်းအမြင်အရမှစပြီး လက်ခံမှတ်သားထားသည့် လူမှုအဖွဲ့အစည်း၏ အမှန်တကယ်ဖွင့်ဆိုချက် သည် နှစ်ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ပထမအကြိမ် ဖွင့်ဆိုချက်ပြောင်းလဲမှုသည်ပြင်သစ် တော်လှန်ရေးကြီး နောက်ပိုင်းတွင်ဖြစ်ပြီး ဒုတိယအကြိမ် ပြောင်းလဲမှုမှာ ဥရောပတိုက် ကွန်မြူနစ်ဝါဒ ကျဆုံးချိန်အတွင်းက ဖြစ်သည်။

ဒီမိုကရေစီ

ပြင်ဆင်ရန်

စာပေအရ လူမှုအဖွဲ့အစည်းနှင့် ဒီမိုကရက်တစ် နိုင်ငံရေးအဖွဲ့အစည်း တို့ကြား ကူးလူးဆက်ဆံမှုသည် Alexis de Tocqueville (အလက်ဇစ် ဒီ တွတ်ကွီဗွီး) တို့ကဲ့သို့ ရှေးယခင်က ရေးသားခဲ့သည့် လွတ်လပ်သည့် အရေးအသားစာပေများတွင် စတင်အမြစ်တွယ်ခဲ့သည်။[7] သို့သော်လည်း၊ ဤအကြောင်း အရာများကို နှစ်ဆယ်ရာစု၏ သဘောတရား ပညာရှင်ကြီးများဖြစ်သည့် Gabriel Almond (ဂက်ဘယ်ရီ အယ်မွန်)နှင့် Sidney Verba (ဆစ်ဒနီ ဗာဘာ) တို့မှ ထင်ထင်ရှားရှားဖြစ်အောင် တိုးတက်ကြံဆောင် ခဲ့ကြသည်။ ဂက်ဘယ်ရီ အယ်မွန် နှင့် ဆစ်ဒနီ ဗာဘာတို့သည် ဒီမိုကရေစီ ဖြစ်စဉ်အတွင်းမှ နိုင်ငံရေးယဉ်ကျေးမှု အခန်းကဏ္ဍကို အဓိကကျကြောင်း ထုတ်ဖော်ဖွင့်ဆိုခဲ့သည်။ သူတို့သည်များစွာသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ နိုင်ငံရေးအင်အားစုများမှ ဆောင်ရွက်ပေးသည့်မဲကို ဘယ်လိုရွေးချယ်ပေးရမည်၊ နိုင်ငံရေးတွင် ဘယ်လိုပါဝင်ရမည်နှင့် ရလဒ်ကောင်းများရရှိအောင် အစိုးရကို ဘယ်လိုကိုင်တွယ်ရမည်ဆိုသည့် နိုးကြားတက်ကြွမှုများနှင့် လူထုသို့ ပြန်ကြားပြောဆိုပေးမှုများကိုမူ လက်မခံဘဲ ငြင်းဆိုခဲ့သည်။[10] ထိုကဲ့သို့သော အဖွဲ့အစည်း များ၏ ပြဋ္ဌာန်းထားသည့် နည်းဥပဒေများကို ထည့်သွင်းစဉ်းစားထားသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ပုံပန်းတကျ ဒီမိုကရေစီဆုံးဖြတ်ချက် လုပ်ပေးမှုများတွင် ပါဝင်ခဲ့မှုများမှာ အလေ့အကျင့်ဖြစ်ပြီး ဖြစ်သည်။ မကြာသေးမှက၊ Robert D. Putnam (ရောဘတ် ဒီ ပွတ်နမ်)သည် ထိုနည်းတူစွာ လူမှုအဖွဲ့အစည်းတွင် ပါဝင်သည့် နိုင်ငံရေးမပါဝင်သည့် အဖွဲ့အစည်းများသည် ဒီမိုကရေစီအတွက် အဓိကအားဖြစ်သည်ကို ငြင်းဆိုခဲ့သည်။ အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်မှာ လူမှုအဖွဲ့အစည်းသည် လူမှုအရင်းအနှီး၊ ယုံကြည်မှုနှင့် မျှဝေခံစားမှုတို့ကို တည်ဆောက်ပေးပြီး ဤအရာများကို နိုင်ငံရေးအဝန်းအဝိုင်းသို့ လွှဲပြောင်းပေးပြီး လူမှုအဖွဲ့အစည်းကို တစ်စည်းတစ်လုံးထဲဖြစ်အောင် ကူညီပေးသည်။ အဖွဲ့အစည်းအတွင်း ထိတွေ့ဆက်သွယ်ရေးနှင့် စိတ်ဝင်စားဖွယ်ရာများကို နားလည်သိရှိပေးရန် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။[11] သို့သော်လည်း၊ အခြားသူများက အမှန်တကယ် ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်းဆိုသည်မှာ ဘယ်လိုလဲဟု မေးခွန်းထုတ်ခဲ့ကြသည်။ လူတချို့ကမှတ်ချက်ပြုသည်မှာ လူမှုအဖွဲ့အစည်းဆောင် ရွက်သူများသည် လက်ရှိတွင် မှတ်မှတ်သားသားဖြစ်လောက်အောင် နိုင်ငံရေး အာဏာ လက်ဝယ်ရရှိနေပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ တိုက်ရိုက်မဲပေးခြင်း၊ ရွေးချယ်ခံ့အပ်ခြင်းမရှိခဲ့ပေ။[12][8] အဆုံးသတ်တွင် အခြားပညာရှင်များသည် ယခင်ကထဲမှ လူမှုအဖွဲ့အစည်း၏ခံယူချက်သည် ဒီမိုကရေစီနှင့် ကိုယ်စားပြုမှုတို့နှင့် နီးကပ်စွာ ရင်းနှီးဆက်ဆံခဲ့သည်ကို ငြင်းဆိုခဲ့သည်။ ထိုခံယူချက်သည် အမျိုးသားရေးနှင့် အမျိုးသားရေးဝါဒ အတွေးအခေါ်နှင့် တစ်ဖန် ဆက်သွယ်လျက်ရှိခဲ့သည်။

ကမ္ဘာပြုမှု

ပြင်ဆင်ရန်

လူမှုအဖွဲ့အစည်းဆိုသည့် စကားလုံးကို ဝေဖန်ရေးသမားများနှင့် တက်ကြွသူများမှ ကမ္ဘာပြုမှုကို ကန့်ကွက်မှု ပြုရာတွင်လည်းကောင်း၊ ဆန့်ကျင်သည့် အင်အားစုအဖြစ် ရည်ညွှန်းရာတွင်လည်းကောင်း၊ လတ်တလော မကြာခဏ သုံးစွဲလျက်ရှိသည်။ ဘာကြောင့် ဤသို့ဖြစ်ရသည်ဆိုသည်မှာ လူမှုအဖွဲ့အစည်းသည် မတူညီသည့်အချက်များကို ဖြတ်ကျော်နိုင်ပြီး နယ်ခြားစည်း၏ အခြားတဖက်တွင် ဆောင်ရွက်နိုင်သည်ကို မြင်ထား၍ဖြစ်သည်။[14] သို့သော်လည်း လူမှုအဖွဲ့အစည်းသည် များစွာသော အဓိပ္ပာယ်ဖွင့်ဆိုချက်များအောက်မှ ကမ္ဘာပြုမှုကို ထောက်ခံသော ထိုထိုသော စီးပွားရေးအဖွဲ့များနှင့် ပေးကမ်းလှူဒါန်းသည့် ဥရောပနှင့် မြောက်ပိုင်းနိုင်ငံများ၏ အဖွဲ့အစည်းများတွင်ပါဝင်ခြင်း၊ ရန်ပုံငွေလက်ခံခြင်း၊ ညွှန်ကြားချက် လက်ခံခြင်းများ လုပ်ဆောင်နိုင်သည်။ ဤကိစ္စသည် အပြိုင်အဆိုင် အသုံးချချင်းဖြစ်သည်။[15] ကွန်မြူနစ်စနစ်ကျဆုံးပြီးနောက်ပိုင်း ကမ္ဘာကြီးအတိုင်းအတာဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် လူမှုအဖွဲ့အစည်းသည် ဝါရှင်တန် သဘောတူညီချက်နှင့် ဆက်နွယ်လျက် လက်သစ်လွတ်လပ်သည့် မဟာဗျုဟာများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။[8] ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည့် တချို့သော လေ့လာမှုများတွင် ဤလူမှုအဖွဲ့အစည်း၏ စကားလုံးကို ထုတ်ဖော်ဖြေရှင်း၍မရသည့် ကိစ္စများအဖြစ် ရှုမြင်ပြီး နိုင်ငံတကာ အကူအညီပေးရေးစံနစ်၏ ရုပ်လုံးဖော်မှု အကျိုးသက်ရောက်မှု အင်အားနှင့် ဆက်နွယ်၍ ဤစကားလုံးကို သုံးစွဲလျက်ရှိသည်။ (ဥပမာကို Tvedt 1998 တွင်ကြည့်) အခြားတဖက်တွင်မူ တချို့က ကမ္ဘာပြုမှု ကို လူတန်းစား လွတ်လပ်မှုတန်ဖိုး ၏အဝန်းအဝိုင်းအား တိုးချဲ့ သည့် လူမှုရေးအသွင် လက္ခဏာအဖြစ် ရှုမြင်ပြီး ဤအချက်သည် လူမှုအဖွဲ့အစည်း၏ ကြီးမားသော အခန်းကဏ္ဍကို ကြီးမားကျယ်ပြန့်သည့် နိုင်ငံရေးအရ တွန်းအားပေးသည့် နိုင်ငံတော်အဖွဲ့အစည်းများ အဖြစ်သို့ မလွဲမသွေ ဦးဆောင်သွားပေမည်။


လူမှုအဖွဲ့အစည်းများ၏ ဥပမာများ

ပြင်ဆင်ရန်

၁။ တက္ကသိုလ်များ ၂။ တက်ကြွသည့်အုပ်စုများ ၃။ ကုသိုလ်ဖြစ်အသင်းများ ၄။ ပြည်သူ့ စစ်များ ၅။ မြို့ပြအုပ်စုများ ၆။ ကလပ်များ (အားကစား၊ လူမှုရေး စသည်ဖြင့်) ၇။ လူစုအခြေခံအဖွဲ့အစည်းများ ၈။ လူအစုအဖွဲ့အစည်းများ ၉။ စားသုံးသူများ/ စားသုံးသူအဖွဲ့အစည်းများ ၁၀။ သမဝါယမများ ၁၁။ ယဉ်ကျေးမှု အုပ်စုများ ၁၂။ ပတ်ဝန်းကျင်ဆိုင်ရာ အုပ်စုများ ၁၃။ အခြေခံအဖွဲ့များ


စေတနာ့ဝန်ထမ်းနှင့် အကျိုးအမြတ် မယူသည့် ဌာနများအတွက် ဆောင် ရွက်ပေးသည့် ကြားခံအဖွဲ့အစည်းများ

ပြင်ဆင်ရန်

၁။ အမျိုးသားအုပ်စုများ ၂။ အစိုးရမဟုတ်သည် အဖွဲ့အစည်းများ (NGOs) ၃။ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ (NPOs) ၄။ မူဝါဒ အဖွဲ့အစည်းများ ၅။ ပုဂ္ဂလိက စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ (PVOs) ၆။ ပညာရပ်ဆိုင်ရာအသင်းများ ၇။ ဘာသာရေးအဖွဲ့အစည်းများ ၈။ အထောက်အကူပြု အုပ်စုများ ၉။ အလုပ်သမား သမဂ္ဂများ ၁၀။ စေတနာ့ဝန်ထမ်းအသင်းများ ၁၁။ အမျိုးသမီးအုပ်စုများ အားလုံးသော လူမှုအဖွဲ့အစည်းသည် နိုင်ငံတော်အစိုးရအပေါ် မဲတင်းပေးသည့်အင်အားမဟုတ်။



ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်