လူဝီ ခလို့ဒ် ကာဒဲ ဒေ ဂလက်ရှီခို

လူဝီ ခလို့ဒ် ကာဒဲ ဒေ ဂလက်ရှီခို (ပြင်သစ်: Louis Claude Cadet de Gassicourt) သည် ပြင်သစ် ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ပထမဆုံး အော်ဂန်နိုမက်တဲလစ်ဒြပ်ပေါင်းကို ဓာတုနည်းဖြင့် လုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။

Louis Claude Cadet de Gassicourt
မွေးဖွား(1731-07-24)၂၄ ဇူလိုင်၊ ၁၇၃၁
Paris, France
ဆုံးပါး၁၇ အောက်တိုဘာ၊ ၁၇၉၉(1799-10-17) (အသက် ၆၈)
ပြင်သစ်၊ ပဲရစ်မြို့
နေထိုင်ရာပြင်သစ်
နိုင်ငံလူမျိုးပြင်သစ်
နယ်ပယ်ဓာတုဗေဒ
အဖွဲ့အစည်းဌာနHotel Royal des Invalides in Paris
မိခင်ကျောင်းCollège des Quatre-Nations
ကျော်ကြားမှုအရင်းခံပထမဆုံး အော်ဂန်နိုမက်တဲလစ်ဒြပ်ပေါင်းကို ဓာတုနည်းဖြင့် လုပ်ဆောင်နိုင်ခြင်း

ပိုတက်စီယံ အက်စီတိတ်ကို အာဆန်းနစ် ထရွိုင်အောက်ဆိုဒ်နှင့် ဓာတ်ပြု၍ အနီရောင်အရည်ကို ရယူနိုင်ခဲ့သည်။ ထိုအရည်သည် Cadet's fuming liquid ဟု အသိများကာ ကာကိုဒိုင်းလ် (cacodyl; ကာကိုဒီလ်) ဒြပ်ပေါင်းနှင့် ကာကိုဒိုင်းလ်အောက်ဆိုဒ်တို့ ပါဝင်သည်။

လူဝီ ၁၅ ဘုရင်၏ (တရားဝင်မဟုတ်သော)ကိုယ်လုပ်တော်ဖြစ်သည့် Marie Thérèse Françoise Boisselet နှင့် ၁၇၇၁တွင် အိမ်ထောင်ပြုခဲ့သည်။

ကာဒဲသည် Collège des Quatre-Nations ကောလိပ်တွင် ပညာဆည်းပူးခဲ့ပြီး ပဲရစ်မြို့ရှိ Hotel Royal des Invalides (အဆောက်အအုံစုကြီး) တွင် ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာခဲ့သည်။ ၁၇၈၇ တွင် အမေရိကန် ဒဿနပညာရှင်များအဖွဲ့တွင် ရွေးချယ်ခံခဲ့ရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Louis C. Cadet-GassicourtAmerican Philosophical Society။ 14 December 2020 တွင် ပြန်စစ်ပြီး။