(က) ပါဒရက် လေမျိုး ၈ ပါး ပြင်ဆင်ရန်

(၁) ဥဏှ ဝါတ- ခြေမှပူ၍ တက်သောလေ။

(၂) သီတ ဝါတ- ခြေမှ အေး၍တက်သောလေ။

(၃) ဥဘယ ဝါတ- ပူအေး ၂-ပါးရော၍ တက်သော လေ။

(၄) ဥပါ ဝါတတစုံတရာကပ်ငြိသကဲ့သို့ ထင်၍ တပ်သော လေ။

(၅) ကပ္ပလ ဝါတ- တခြားဝတ္ထုတို့ဖြင့်ကပ်ဆွဲနေသလို ထင်သော လေ။

(၆) ဇောဂ္ဂ ဝါတ- မြှော့တွယ်သကဲ့သို့ ထင်သော လေ။

(၇) တုတ္တ ဝါတ- မျဉ်းမျဉ်းသာသာတက်သော လေ။

(၈) ဇလ သုလ ဝါတ- ထုံအေး နာကျင် ကိုက်ခဲသော လေ။

စုစုပေါင်း လေနာမျိုး ၈ ပါး။

(ခ) အဇိဏ္ဏလေးမျိုး ၁၂-ပါး ပြင်ဆင်ရန်

(၁) အဇိဏ္ဏ ဝါတ- အစာမကြေသောလေ။

(၂) အ ပါစကဝါတ- အစာမကျက် မနပ်သော လေ။

(၃) ဝိရေစန ဝါတ- ဝမ်းသွားစေတတ်သောလေ။

(၄) အဝိသမ ဝါတ- ဝမ်းမဖြောင့်စေတတ်သော လေ။

(၅) ဣစ္ဆိ ပူရ ဝါတ- ဝမ်းဖောရောင်စေတတ်သောလေ။

(၆) အဂ္ဂ ဂေလည ဝါတ- ဝမ်းကိုကျိကျိရစ်ရစ်နာစေတတ်သော လေ။

(၇) ကမ္ပလ ဝါတ- ထိုမှဤမှ လှိုင်းထသကဲ့သို့ တက်သောလေ။

(၈) သူလ ပိတ္တက ဝါတ- ဝမ်းကိုက်စေတတ်သော လေ။

(၉) ဝိဗန္ဓက ဝါတ- ဝမ်းကို ခိုင်စေတတ်သော လေ။

(၁၀) ပိဋ္ဌ အန္တက ဝါတ- စမြင်းကို ခံစေတတ်သော လေမြင်းသရိုက်။

(၁၁) အန္တနိဂ္ဂဒဝလ ဝါတ- အူဆုံးကို ထွက်စေတတ်သော လေမြင်းသရိုက်။

(၁၂) ယက္ခ ပိတ္တ မေဒ ဝါတ-သွေးအဆီကို ယိုဆင်းစေတတ်သော လေမြင်းသရိုဏ်။

စုစုပေါင်း အစာမကြေလေ ၁၂ ပါး။

(ဂ) ဘဝင်လေမျိုး ၁၂ ပါး ပြင်ဆင်ရန်

(၁) ဘဝင်္ဂဥဒ္ဓရိ ဝါတ- ဘဝင်မြင့်သောလေ။

(၂) ကာသ ဝါတချောင်း ဆိုးသော လေ။

(၃) သိမာဂုရ ဝါတ- ရင်လေးကျပ်ဆို့ ဆွဲဆိုင်းသော လေ။ ၎င်းကိုပင် 'လေကျပ်သဘီ,လေဆုံဆို့,လေခေါင်းဆွဲ'ဟု ခေါ်သေး၏။

(၄) ပုန္ဒရ ဝါတ- ရင့်ပြည့်မောက်တက်သောလေ။

(၅) စလ ဝါတ- ရင်ခုန် နှလုံးတုန်သော လေ။

(၆) သွာတ ဝါတ- အသံကို ပျက်စေတတ်သောလေ။

(၇) သိနာ ဝါတ- ပန်းခြင်း ဟိုက်ခြင်း ရှိုက်ခြင်းကို ဖြစ်စေတတ်သော လေ။

(၈) ခေါဿဝါတ- ကြို့ထိုးသော လေ။

(၉) သဟဿ ဝါတ- သမ်းဝေ မူးမိုက်ခြင်းကိုဖြစ်စေတတ်သော လေ။

(၁၀) ပကွာသ ဝါတ- နံကြား ရင်ဘတ်တို့၌ လျှိုခြင်း ထိုးခြင်းကိုပြုတတ်သော လေ။

(၁၁) အမာသယဝါတ- အပျဉ်အစုတည်နေသော လေပျဉ် လေချပ်။

(၁၂) ဂေါလ ဝါတ- လေလုံးလေခဲ တည်စေသောလေ။

စုစုပေါင်း ၁၂ မျိုး။

(ဃ) ဦးခေါင်းလေမျိုး ၁၂ ပါး ပြင်ဆင်ရန်

(၁) သီသ ဥဏှာ ဝါတ- ထိပ် နဖူးဦးခေါင်းပူသော လေ။

(၂) သီသ သူလ ဝါတ-ခေါင်းကိုက်ခဲသောလေ။

(၃) စက္ခုန္ဓက ဝါတ- မျက်စိကြက်တက် မမြင်တက်သောလေ။

(၄) စက္ခု သူလ ဝါတ- မျက်စိ ကျိန်းအောင့်စေတက်သော လေ။

(၅) သောတ သူလ ဝါတ- နားကိုက်နားအူစေတတ်သော လေ။

(၆) သောတ အန္ဓက ဝါတ-နားပင်းဆိတ်စေတတ်သော လေ။

(ရ) မုခ ဝါတခံတွင်း သွားဖုံး နာစေတတ်သော လေ။

(၈) ဇိဝှါနိဂ္ဂလ ဝါတ- လျှာကိုထွက်စေတတ်သော လေ။

(၉) ဘဝင်္ဂစလ ဝါတ- ဘဝင်လှုပ်အားကြီး၍ စကားမပြီသော လေ။

(၁၀) ဇိဝှါ ဖေါဋက ဝါတလျှာရောင်စေတတ်သော လေ။

(၁၁) ဇိဝှါ ထဒ္ဓက ဝါတ- လည်ချောင်းခံတွင်း မဟနိုင်သော လေ။

(၁၂) ဇိဝှါ ပဝေသန ဝါတ-လျှာကိုတိုဝင်စေတတ်သော လေ။

စုစုပေါင်း ၁၂ မျိုး။

(င) အင်္ဂမင်္ဂင်္လေမျိုး ၁၁ ပါး ပြင်ဆင်ရန်

(၁) အင်္ဂမင်္ဂ ဝါတ- အင်္ဂါကြီးငယ်သို့သက်ရောက် စေတတ်သောလေ။

(၂) မံသက ဝါတ-အသား အရေဖေါက်ပြန်စေတတ်သော လေ။

(၃) မံသ ဝိသုစိက ဝါတ - အသားအရေကို အပ်နှင့်ထိုးဆွ၏သို့ နာသော လေ။

(၄) နိလ ပိတ ဝါတ- အသည်းအအူအသားအရေတို့ကို ညိုရွှေစေတတ်သော လေ။

(၅) လသိက ဝါတ- ကိုယ်လက်စသည်စေးထိုင်းစေတတ်သော လေ။

(၆) အလသက ဝါတ- ကိုယ်လက်လေးလံ ထိုင်းမှိုင်းစေတတ်သောလေ။

(၇) အန္တက ဝါတ- အကြော အသား အရေအတွင်း၌ ကပ်စေးသကဲ့သို့ထင်သော လေ။

(၈) ပက္ခဝါတ- ကိုယ်တခြမ်းသေစေတတ်သော လေ။

(၉) အဘီတ ဝါတ- ရွဲ့စောင်းစေတတ်သော လေ။

(၁၀) မုဂဝါတ- ဆွံ့,အ စေတတ်သော လေ။

(၁၁) သုက္ခ ဝါတ-ဓာတ်လေးပါး အသား အရေတို့ကိုခြောက်ခန်းစေတတ်သော လေ။

စုစုပေါင်း ၁၁ ပါး။

(စ) သတ္ထကလေမျိုး ၇-ပါး ပြင်ဆင်ရန်

(၁) ခုရက ဝါတ- ဖြတ်တတ်သောလေသင်ဓုန်း။

(၂) ကတ္တရဝါတ- အသည်း နှလုံးကို ဖြတ်တတ်သော လေကတ်ကျေး။

(၃) သတ္ထက ဝါတ-အသည်းနှလုံးကိုထားဖြင့်ဖြတ်သကဲ့သို့သော လေ။

(၄) ဇ္ဈိန ဝါတ- အရိုးအရေတို့ကို ကွဲအက် စုတ်ပြတ်စေသောလေ။

(၅) ဝုဂ ဝါတ- မြွေမနဂါးဆိပ်ကဲ့သို့ ပူ၍ အခွေအခွေတက်သော လေ။

(၆) ဥပ္ပါဋက ဝါတပြင်းထန် လျင်မြန်စွာ အင်္ဂါကြီးငယ်တို့ကို ထွက်စေ တတ်သော လေ။

(၇) အင်္ဂ နိဂ္ဂလ ဝါတအင်္ဂါကြီးငယ်တို့ကိုဖြည်းဖြည်းသာသာ ထွက်စေတတ်သော လေ။

စုစုပေါင်း ၇ ပါး။

(ဆ) အင်္ဂမင်္ဂ ဝိကိကာရ လေမျိုး ၁၃-ပါး ပြင်ဆင်ရန်

(၁) ကုစ္ဆေဒက ဝါတ- ကိုယ်အလုံး၌ ရှိသောလေပြတ်၍ သေစေတတ်သောလေ။

(၂) စလ ဝါတ- ခြေလက် လေးလံ တုန်လှုပ်သော လေ။

(၃) အင်္ဂပဝေသ ဝါတ- အင်္ဂါကြီးငယ် တို၍ ဝင်သော လေ။

(၄) အင်္ဂ ဖေါဋ ဝါတအင်္ဂါဇာတ်ရောင်စေတတ်သော လေ။

(၅) ဩနတ ဝါတ -ကုန်းကွ ကိုင်းစေတတ်သော လေ။

(၆) ကာယဖေါဋ ဝါတ-ကိုယ်လုံးရောင်ဖေါသော လေ။

(၇) ဥဒ္ဓမဝရောဟ ဝါတ -တွန့်ခြင်း လိမ်ခြင်းကိုဖြစ်စေတတ်သော လေ။

(၈) မုတ္တကိတ္တ ဝါတ- ကျင်ငယ်မထွက်နိုင်အောင် ပိတ်ဆို့သော လေ။

(၉) ကောသဥဒ္ဓရိ ဝါတ-ဝှေး တက်စေတတ်သော လေ။

(၁၀) အဏ္ဍ ဖေါဋ ဝါတ- ဝှေးစေ့ ရောင်ဖေါစေတတ်သောလေ။

(၁၁) ကာယ ဗန္ဓန ဝါတ- ကိုယ်လုံးဆိုင်းတွစေတတ်သော လေ။

(၁၂) ဂျဟ ဝါတ-ပိန်ကြုံစေတတ်သောလေ။

(၁၃) သာခ ဝါတ- ခြေလက် ဦးခေါင်း ဆတ်ဆတ်မြန်မြန်တုန်လှုပ်စေတတ်သော လ။

စုစုပေါင်း ၁၃ ပါး။

(ဇ) အဓိမိမာန လေမျိုး ၅ ပါး ပြင်ဆင်ရန်

(၁) အဓိမာန ဝါတ- ရှုးသွပ် စေတတ်သော လေ။

(၂) မုခ ဗန္ဓကဝါတ-အာခံတွင်းကို ကျဉ်းစေတတ်သောလေ။

(၃) ခိပ္ပ ဝါတ-လျင်မြန်စွာ တက်စေတတ်သော သူငယ်နာလေ။

(၄) ကာယ လဟုက ဝါတ- ကိုယ်လက်ပေါ့ပါးစေတတ်သော လေ။

(၅) ကာယဂရုကဝါတကိုယ်လက်လေးစေ တတ်သော လေ။

စုစုပေါင်း ၅ ပါး။

ပေါင်းရုံးခြင်း ပြင်ဆင်ရန်

အထက်တွင် ဆိုခဲ့ပြီးသော လေလက္ခဏာများကို စုေပေါင်းလိုက်သောအခါ မြန်မာ အလိုအားဖြင့် လေမျိုး ၈ဝ ဟု ရေတွက်နိုင်သည်။



ရည်ညွှန်းကိုးကား ပြင်ဆင်ရန်