လောပိတ ရေတံခွန်
လောပိတ ရေတံခွန် သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် တည်ရှိသည်။ ရှမ်းပြည်နယ် အင်းလေးကန်မှ စီးဆင်းလာသောရေသည် ဖယ်ခုံမြို့ရှိ ဖယ်ခုံအင်းမှတစ်ဆင့် ဘီလူးချောင်းအဖြစ်ဆက်စီးဆင်းရာ လွိုင်ကော်မြို့မှ ၇ မိုင်ခန့်ဝေးကွာသော မထောကူအရပ်တွင် ရေနိမ့် မြေနိမ့် ၅ မိုင်ခန့်အတွင်း ပေ ၂၅ဝ ခန့်နိမ့်ကျသွား၍၊ မထောကူ ရေတံခွန်ကို ဖြစ်ပေါ်စေသည်။ ထို့မှတဆင့် ၄ မိုင်အတွင်း ပေပေါင်း ၁ ၄၅ဝ အထိ နိမ့်ကျသွားကာ ဖြစ်ပေါ်လျက်ရှိနေသော ရေတံခွန်ကို လောပိတရေတံခွန်ဟု ခေါ်သည်။[၁]
လောပိတရေတံခွန်အနီး၌ ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ် (၃) စက်ရုံတို့ကို တည်ဆောက်ထားသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |