လောဟိစ္စသုတ် (၂)သုတ် ရှိပါသည်။

[]သီလက္ခန်ပါဠိတော်-မြတ်စွာဘုရား လောဟိစ္စ အမည်ရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူအပ်သောသုတ်။ ကောသလတိုင်းသား သာလဝတိကာမြို့စား လောဟိစ္စပုဏ္ဏားကြီးသည် “ဤလောက၌ (ဝိမောက္ခ)ကုသိုလ်တရားရပြီးသော ရဟန်း, ပုဏ္ဏားတို့သည် မိမိရပြီးသည့် တရားကို သူတစ်ပါးအား မဟောပြောအပ်၊ ဟောပြောသဖြင့် အကျိုးမရှိ၊ ဟောပြောခြင်းသည် ယုတ်မာသော လောဘ ဖြစ်သည်” ဟု မိစ္ဆာအယူရှိသည်ဖြစ်၍ မြတ်စွာဘုရားက စောဒနာထိုက်သည့် ဆရာ ၃-ဦး၊ မစောဒနာထိုက်သည့်ဆရာ ၃-ဦးတို့ကို ခွဲခြမ်း ဝေဖန်၍ ဟောပြောပြသမှ မိစ္ဆာအယူကင်းပျောက်၍ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သည့် ဥပသကာအဖြစ်သို့ ရောက်သည်။


[] သံယုတ်ပါဠိတော်လာ အရှင်မဟာကစ္စည်းထေရ် ဟောတော်မူအပ်သော လောကိစ္စသုတ်။ အဝန္တိတိုင်း မက္ကရကတမြို့သား လောကိစ္စပုဏ္ဏားကြီးသည် ရှင်မဟာကစ္စည်း မထေရ်ထံ ကပ်ရောက်၍ “အဘယ်မျှ လောက်ဖြင့် ဣန္ဒြေတို့၌ မလုံခြုံသောတံခါးရှိသူ ဣန္ဒြေတို့၌ လုံခြုံသောတံခါရှိသူ ဖြစ်ပါသနည်း”ဟု မေးမြန်းလျှောက်ထားသဖြင့် ရှင်မဟာကစ္စည်း မထေရ်က “စက္ခုစသော ၅-ပါးသော ဣန္ဒြေတို့၌ မလုံခြုံသောသူသည် ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိသူ မည်၏။ စက္ခုစသော ၅-ပါးသော ဣန္ဒြေတို့၌ လုံခြုံသောသူသည် ဣန္ဒြေတို့၌ လုံခြုံသောတံခါး ရှိသူမည်သည်”ဟု အကျယ်ဟောကြား ဖြေဆိုတော်မူသဖြင့် ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သည့် ဥပသကာအဖြစ် သို့ရောက်သည်။[]


ဤလောဟိစ္စသုတ်တွင် အမှန်တရားကို လူတိုင်းဖြန့်ဝေအပ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။ ဤသုတ်အလိုအရ လူတိုင်းသည် ပညာရပ်များကို ဆည်းပူးခွင့်ရှိရမည်။ လူတိုင်းလူတိုင်းပင် တပါးသူတို့အား သင်ကြား ပြသပေးစွမ်းနိုင်မည့် အရည်အချင်းများနှင့် ပြည့်စုံလေရာ လူတိုင်းလူတိုင်း ပညာများကို ဖြန့်ဝေပေးခွင့်ရှိမည်။ ဤသို့ ဖြန့်ဝေရာ၌ အာစရိယဟတ္ထမုဋ္ဌိ (ဆရာ့ လက်ဆုပ်၊ မှန်တုပ်) မရှိစေရ။ မိမိကိုယ်တိုင် အမှန်တရားကို မလေ့လာမသင်ယူဘဲလျက် တပါးသူကို သင်ကြားပြသမပေးရ။[]

အကိုးအကား

ပြင်ဆင်ရန်
  1. (ဒီ၊၁၊၂၁၄-၂၁။ ဒီ၊ဋ္ဌ၊၁၊၃၂၇-၃၀။ ဒီ၊ဋီ၊၁၊၃၉၆-၈။ သီ၊ဋီ၊သစ်၊၂၊၄၂၀-၄)။ ဒီဃနိကာယ၊ သီလက္ခန္ဓဝဂ္ဂပါဠိ၊ ၁၂-သုတ်။
  2. သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂ သံယုတ္တပါဠိ၊ ၁-သံယုတ်၊ ၃-ဝဂ်၊ ၉-သုတ်။ (သံ၊၂၊၃၃၄-၇။ သံ၊ဋ္ဌ၊၃၊၄၁-၃။ သံ၊ဋီ၊၂၊၃၁၂-၃။)
  3. တိပိဋကအဘိဓာန် အတွဲ-၁၈
  4. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။