လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် (အင်္ဂလိပ်: Leshan Giant Buddha; ရိုးရှင်းတရုတ်: 乐山大佛; ရိုးရာတရုတ်: 樂山大佛; ပင်ယင်: Lèshān Dàfó) သည် ၂၃၃ ပေ (၇၁ မီတာ) ရှည်သည့် ကျောက်ဆင်းတု ဖြစ်သည်။ ထန် မင်းဆက်ကာလ ၇၁၃ နှင့် ၈၀၃ အကြားတွင် တည်ခဲ့သည်။[၁] ကျောက်ထရံကို မျက်နှာပုံစံ ထွင်းထုထားသည်။ တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ မင်မြစ်နှင့် တာ့တုမြစ်တို့ ဆုံရာတွင် တည်ရှိသည်။ ကျောက်ဆင်းတုသည် အော်မေတောင်နှင့် မျက်နှာချင်းဆိုင်ကာ တည်ရှိသည်။ မြစ်ရေသည် ရုပ်ပွားတော်၏ ခြေတော်များအောက်မှ စီးဆင်းလျက် ရှိသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အရှည်ဆုံး ဗုဒ္ဓကျောက်ဆင်းတု ဖြစ်သည်။[၂]
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ | |
---|---|
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် | |
တရားဝင်အမည် | Leshan Giant Buddha Scenic Area |
တည်နေရာ | စီချွမ်ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
ရွေးချယ်သည့် စံနှုန်း | ယဉ်ကျေးမှု နှင့် သဘာဝ: (iv)(vi)(x) |
ရည်ညွှန်း | 779 |
ကိုဩဒိနိတ် | 29°32′41″N 103°46′24″E / 29.54472°N 103.77333°Eကိုဩဒိနိတ်: 29°32′41″N 103°46′24″E / 29.54472°N 103.77333°E |
အော်မေတောင် သဘာဝနေရာသည် လဲ့ဆန်းရုပ်ပွားတော် ရှိသည့် နေရာဖြစ်သည်။ ထိုနေရာကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သည်။[၃]
ထိခိုက်ပျက်စီးမှု
ပြင်ဆင်ရန်ရုပ်ပွားတော်သည် လျင်မြန်စွာ တိုးတက်လာသည့် နယ်ပယ်မှ ထုတ်လွှတ်သည့် ညစ်ညမ်းမှုများကို ခံခဲ့ရသည်။ ဆင်ဟွာသတင်းအေဂျင်စီက ထိုဒေသရှိ တရုတ်နိုင်ငံရှိ သဘာဝနှင့် အမွေအနှစ်နေရာများ၊ လဲ့ဆန်းရုပ်ပွားတော်တို့သည် ရာသီဥတု၊ လေညစ်ညမ်းမှု၊ ခရီးသွားထူထပ်မှုတို့ကြောင့် ထိခိုက်လျက်ရှိသည်ဟု ဆိုသည်။ အစိုးရကမူ ပြန်လည်ထိန်းသိမ်းသည့် လုပ်ငန်းများဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။
အရွယ်အစား
ပြင်ဆင်ရန်၂၃၃ ပေ မြင့်မားသည့် ရုပ်ပွားတော်သည် ဗုဒ္ဓမြတ်စွာဘုရား ထိုင်နေသည့်ပုံစံ ဖြစ်သည်။ လက်ချောင်းများသည် ဒူးခေါင်းပေါ်သို့ တင်ထားသည်။ ပခုံးများသည် ၂၈ မီတာ ကျယ်သည်။ အသေးဆုံးခြေသည်းသည် ထိုင်နေသည့်လူတစ်ယောက် အလွယ်တကူ ဝင်ဆံ့သည်။
ရုပ်ပုံများ
ပြင်ဆင်ရန်-
မြစ်ထဲမှ မြင်ရသည့် ရုပ်ပွားတော်
-
ရုပ်ပွားတော် ဘယ်ဘက် ကျောက်ချောက်ကမ်းပါး
-
အောက်ခြေမြေပြင်မှ မြင်ရသည့် ရုပ်ပွားတော်
-
ရုပ်ပွားတော်ကို အထက်စီးမှ မြင်ရသည့် ပုံစံ
-
ဦးခေါင်းတော်ကို လှေကားထက်မှ မြင်ရပုံ
-
ရုပ်ပွားတော်သို့သွားရာ ကွေ့ကောက်သည့် လမ်း