လျှပ်စစ်ကားသည် လောင်စာစွမ်းအင်ကို ဓာတ်ဆီဒီဇယ်၊ ဓာတ်ငွေ့များ အသုံးမပြုပဲ လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုပြီး မောင်းနှင်ရသော မော်တော်ကားကို ခေါ်ဆိုသည်။ ၁၈၈၁ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်တီထွင်သူ ဂူစတေ့ဗ် ထရောင်ဗီ (Gustave Trouvé) မှ ပထမဆုံး လျှပ်စစ်ဓာတ်အားသုံး၍ အလုပ်လုပ်သော သုံးဘီးမော်တော်ကားကို သရုပ်ပြခဲ့သည်။ ပဲရစ်တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ပြပွဲတွင် ဖြစ်သည်။ ယခုအခါ လျှပ်စစ်ကားကို ဂျပန်နိုင်ငံမှ ထုတ်လုပ်လျက် ရှိသည်။ လျှပ်စစ်ကားသည် အိပ်ဇောပိုက်မှ မီးခိုးမထွက်ပေ၊ မီးခိုးမထွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသည်။

လျှပ်စစ်ကားနှစ်စီး လမ်းပေါ်တွင် အားသွင်းနေစဉ်