လျှပ်စစ်စွမ်းအင်မှာ လျှပ်စစ်အတည်စွမ်းအင်(electric potential energy)(သို့) အ​ရွေ့စွမ်းအင်(kinetic energy)မှ ​ပြောင်းလဲရရှိသည့်စွမ်းအင်ဖြစ်သည်။

အ​ရေးပါမှု ပြင်ဆင်ရန်

လျှပ်စစ်စွမ်းအင်မှာ ​အောက်ပါအချက်များ​ကြောင့် အခြား​သော စွမ်းအင်များထက် သာလွန်​ကောင်းမွန်​နေသည်။

  • အဆင်​ပြေ​သော အ​နေအထား- လျှပ်စစ်စွမ်းအင်မှာ အလွန်အဆင်​ပြေ​သော အ​နေအထားတွင်ရှိသည်။အခြား​သော စွမ်းအင်ပုံစံများသို့ အလွယ်တကူ​ပြောင်းလဲနိုင်သည်။ဥပမာ- လျှပ်စစ်စွမ်းအင်မှ အပူစွမ်းအင်ကို ကူး​ပြောင်းလိုလျှင် ခုခံအားမြင့်​သော ဝါယာကြိုးကို လျှပ်စီး စီး​စေလိုက်လျှင် ရနိုင်သည်။ အပူ​ပေးစက် (heater) ကိုနမူနာကြည့်ပါ။ထိုနည်းတူစွာ လျှပ်စစ်စွမ်းအင်ကို အလင်းစွမ်းအင် (ဥပမာ-မီးသီး)၊ စက်မှုစွမ်းအင် (ဥပမာ-လျှပ်စစ်​မော်တာ) စသည်တို့ကိုလည်း လွယ်ကူစွာ ကူး​ပြောင်းနိုင်သည်။
  • လွယ်ကူစွာ ထိန်းချုပ်နိုင်ခြင်း- လျှပ်စစ်ထိန်းချုပ်ကိရိယာများသည် လွယ်ကူပြီး အဆင်​ပြေ​သော စတင်ခြင်း၊ထိန်းချုပ်ခြင်း ​ဆောင်ရွက်နိုင်ခြင်းများရှိသည်။ဥပမာ- လျှပ်စစ်​မော်တာတစ်ခုကို ခလုတ်တစ်ခုဖြင့် ဖွင့်နိုင်၊ပိတ်နိုင်သည်။ထိုနည်းတူစွာပင် အမြန်နှုန်းကိုလည်း လွယ်ကူစွာ ​ပြောင်းလဲနိုင်သည်။
  • ​ရွှေ့​ပြောင်းရန် လွယ်ကူခြင်း- လျှပ်စစ်စွမ်းအင်၏ အခြား​သော ​ကောင်းမွန်သည့်အချက်မှာ လွယ်ကူစွာ ရွှေ့​ပြောင်းနိုင်သည်။ရွှေ့​ပြောင်းနိုင်သည်ဆိုသည်မှာ လျှပ်ကူးပစ္စည်းများ၏ အကူအညီဖြင့် နစ်​နေရာမှ တစ်​နေရာသို့ ​သွယ်တန်းနိုင်ခြင်းဖြစ်သည်။ဥပမာ- မီးကြိုးသွယ်တန်းခြင်း
  • ​ဈေးသက်သာခြင်း- လျှပ်စစ်စွမ်းအင်မှာ အခြား​သော စွမ်းအင်များထက် ကုန်ကျစရိတ် သက်သာသည်။ဥပမာ- စက်တစ်လုံးကို ​လောင်စာစွမ်းအင်ဖြင့် လည်ပတ်ခြင်းထက် လျှပ်စစ်စွမ်းအင်ဖြင့် လည်ပတ်ခြင်းက ပို၍ စရိတ်သက်သာသည်။ထို့​ကြောင့် လျှပ်စစ်စွမ်းအင်ကို အိမ်သုံး၊ စီးပွား​ရေးသုံး စသည်ဖြင့် တွင်ကျယ်စွာ အသုံးပြုကြသည်။
  • သန့်ရှင်းခြင်း- လျှပ်စစ်စွမ်းအင်ကို သုံးစွဲခြင်းဖြင့် မီးခိုးများ၊ အဆိပ်အ​တောက်ဖြစ်​စေ​သော ဓာတ်​ငွေ့များ ထွက်လာခြင်းမရှိ​ပေ။
  • မြင့်မား​​သော သယ်ယူ​ရေး ​ကောင်းကျိုးရရှိခြင်း- ​ယေဘူယျအားဖြင့် လျှပိစစ်ဓာတ်အားထုတ်လုပ်ရာစက်ရုံများသည် သုံးစွဲသူများနှင့် ​ဝေးလံ​သော ​နေရာတွင် တည်ရှိသည်။လျှပ်စစ်စွမ်းအင်သည် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရာလိုင်းများမှတစ်ဆင့် သုံးစွဲသူများထံသို့ အဆင်​ပြေ​စွာ ​ရောက်ရှိသည်။[၁]

လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်း ပြင်ဆင်ရန်

လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်းမှာ အခြားစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းဖြစ်သည်။

လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်း၏ အ​​ခြေခံနိယာမများကို ၁၈၂၀ခုနှစ်နှင့် ၁၈၃၀အ​စောပိုင်းကာလများက​​ မိုက်ကယ်ဖာရာ​ဒေးမှတွေ့ရှိခဲ့သည်။သူ၏နိယာမကိုယခုတိုင်အသုံးပြု​နေ​သေးသည်။[၂]

လျှပ်စစ်သုံးစွဲမှုတွင် ပထမအ​ခြေခံမှာထုတ်လုပ်ခြင်းဖြစ်သည်။အခြား​သော ထုတ်လွှတ်ခြင်း၊ဖြန့်ဖြူးခြင်း စသည်တို့လည်းရှိသည်။

လျှပ်စစ်စွမ်းအင်ကို များ​သောအားဖြင့် လျှပ်စစ်ထုတ်လုပ်ရာစက်ရုံများတွင် ထုတ်လုပ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. https://www.amazon.co.uk/Principles-Power-System-V-K-Mehta/dp/8121924960
  2. Michael Faraday House။ 8 November 2015 တွင် ပြန်စစ်ပြီး။