လျှပ်စစ်စွမ်းအား စီမံ​ရေး ဦးစီးဌာန

လျှပ်စစ်စွမ်းအား စီမံ​ရေး ဦးစီးဌာန (အင်္ဂလိပ်: Department of Electric Power Planning) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်စွမ်းအားဆိုင်ရာ ဦးစီးဌာနတစ်ခုဖြစ်သည်။

လျှပ်စစ်စွမ်းအား စီမံ​ရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဝန်ကြီးများဦးဝင်းခိုင်
ဌာနအကြီးအမှူးများ​ဒေါ်မိမိခိုင်၊ ညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moee.gov.mm

လုပ်ငန်းတာဝန်များ ပြင်ဆင်ရန်

  • ပဏာမစူးစမ်းလေ့လာခြင်း၊ ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ တွက်ချက် သုံးသပ်ခြင်းများ ပြုလုပ်ရာတွင် ဦးဆောင်ပါဝင်ခြင်း။
  • ရေအားနှင့်ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ၏ ရေတို၊ ရေရှည်အစီအမံများ ရေးဆွဲရာတွင် ပါဝင်ညှိနှိုင်းခြင်း။
  • လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များနှင့်စပ်လျဉ်း၍ အသေးစိတ်လေ့လာ ခြင်း။
  • နှစ်စဉ်ဓာတ်အားထုတ်လုပ်မှုပမာဏ လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး အတွက်စီမံခြင်း။
  • တိုးတက်ထုတ်လုပ်ရန်လိုအပ်လာသည့် ဓာတ်အားပမာဏအရ ဓာတ်အားပေးစက်ရုံ တိုးချဲ့တည်ဆောက်ရန်   လိုအပ်ချက်များကို တွက်ချက်အကြံပြုတင်ပြခြင်း။
  • တစ်နိုင်ငံလုံး ဓာတ်အားရရှိရေးအတွက် ဓာတ်အားထုတ်လုပ်မှု၊ သယ်ပို့ဖြန့်ဖြူးမှု စနစ် များတိုးချဲ့ရေးစီမံချက်များ ပေါင်းစပ်၍ ပင်မစီမံချက်ရေးဆွဲခြင်း။
  • စာချုပ်စာတမ်းများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီရန်စိစစ်ခြင်း။
  • စီမံကိန်းတစ်ခုချင်းအလိုက် ငွေကြေးအခြေအနေတွက်ချက်၍ သုံးစွဲမှုစိစစ် အကဲဖြတ် ခြင်း။
  • ဓာတ်အားခနှုန်းထားသတ်မှတ်ရေးစိစစ်လေ့လာခြင်း၊ သတ်မှတ်နိုင်ရေးတင်ပြခြင်း။
  • ချေးငွေနှင့် ထောက်ပံ့ငွေဆိုင်ရာကိစ္စရပ်များ စိစစ်သုံးသပ်ခြင်း။
  • ဆက်စပ်ဆောင်ရွက်မည့်နိုင်ငံနှင့် နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ။
  • နည်းပညာဖလှယ်ခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ။
  • နှစ်နိုင်ငံဓာတ်အားထုတ်လုပ်၊ သယ်ပို့၊ ဖြန့်ဖြူးရေးကိစ္စရပ်များ။
  • ဓာတ်အားကွန်ယက်ချိတ်ဆက်ရေးနှင့် ဓာတ်အားရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များ။
  • ဒေသတွင်း အဖွဲ့အစည်းများနှင့် လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ် များ။
  • HAPUA အဖွဲ့နှင့် ဓာတ်အားကွန်ယက်စနစ် ချိတ်ဆက်ခြင်းဆိုင်ရာကိစ္စရပ်များ။
  • BIMSTEC အဖွဲ့ဝင်နိုင်ငံများ/ မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် လျှပ်စစ်ဓာတ်အား ကုန်သွယ်‌ရေး ဆိုင်ရာ ကိစ္စရပ်များ
  • ADB ၊ WB ၊ IFC ၊ JICA ၊ JEPIC စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက် သွယ် ဆောင်ရွက်မှု။
  • ဝန်ကြီးဌာန ဝန်ထမ်းများ စီမံ၊ ဘဏ္ဍာ၊ အင်ဂျင်နီယာပိုင်း ကျွမ်းကျင်ဝန်ထမ်းပိုင်း တွင် စွမ်းဆောင်ရည် မြင့်မားရေးအတွက် လိုအပ်နေသော သင်တန်းအစီအစဉ်နှင့် သင်တန်းကျောင်းများ ထူထောင်ရေး စီမံချက်ရေးဆွဲခြင်း။[၁]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

  • လူအင်အားစီမံရေးဌာနခွဲ

ဝန်ထမ်းရေးရာကိစ္စရပ်များအထွေထွေစီမံခန့်ခွဲရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် သင်တန်းများစီစဉ်ခြင်း၊

  • စီးပွားရေးစီမံရေးဌာနခွဲ

ပြည်တွင်း/ပြည်ပပုဂ္ဂလိကများမှ ဆောင်ရွက်မည့် စီမံကိန်းများ၏ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအဆိုပြုချက်များ၏ စီးပွားရေးတွက်ခြေကိုက်မှု စိစစ်ခြင်း၊လျှပ်စစ်ကဏ္ဍ၏ စာရင်းအင်းများ ပြုစုတွက်ချက်ခြင်း၊

  • လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးမှုစီမံရေးဌာနခွဲ

နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆာင်ရွက်ရေးကိစ္စရပ်များ၊နိုင်ငံခြားချေးငွေ အဆိုပြုချက်များ၊Master Plan များရေးဆွဲခြင်း၊လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ Grid Code များပြဋ္ဌာန်းနိုင်ရေး ကိစ္စရပ်များ

  • အပူစွမ်းအင်စီမံရေးဌာနခွဲ

သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့် အပူစွမ်းအင်သုံး ဓာတ်အားထုတ်လုပ် မှုစီမံကိန်းများကို ပြည်တွင်း/ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရာတွင် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာများအား စိစစ်ခြင်း၊MOU၊ MOA၊ JVA၊ BOT၊ PPA စသည့် Project Agreement များချုပ်ဆိုနိုင်​ရေး ကိစ္စရပ်များ

  • ရေအားနှင့်ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စီမံရေးဌာနခွဲ

ရေအားနှင့်လေစွမ်းအင်၊ နေစွမ်းအင် စသည့် Renewable စွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်မှု စီမံကိန်းများကို ပြည်တွင်း/ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် ရာတွင် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာများ အား စိစစ်ခြင်း၊MOU၊ MOA၊ JVA၊ BOT၊ PPA စသည့် Project Agreement များချုပ်ဆိုနိုင်​ရေးကိစ္စရပ်များ

ကိုးကား ပြင်ဆင်ရန်