လျှပ်စစ်ဓာတ်အား ထုတ်လုပ်​​ရေး လုပ်ငန်း

လျှပ်စစ်ဓာတ်အား ထုတ်လုပ်​​ရေး လုပ်ငန်း (အင်္ဂလိပ်: Electric Power Generation Enterprise) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်စွမ်းအားဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်​​ရေး လုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဝန်ကြီးများဦးဝင်းခိုင်
ဌာနအကြီးအမှူးများ​ဦးခင်​မောင်ဝင်း၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moee.gov.mm

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

  • စီမံခန့်ခွဲရေးဌာန
  • ဘဏ္ဍာရေးဌာန
  • အပူစွမ်းအင်သုံးစက်ရုံများဌာန
  • ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ရေအားစက်ရုံးများဌာန
  • ပစ္စည်းဖြည့်တင်းရေးဌာန

တာဝန်များ ပြင်ဆင်ရန်

 *ဓာတ်အားစနစ်နှင့် ချိတ်ဆက်သော တည်ဆောက်ပြီး နိုင်ငံပိုင် ရေအား (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တည်ဆောက်ပြီး စက်ရုံများအပါအဝင်) နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ မောင်းနှင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ဓာတ်အား ထုတ်လုပ်ခြင်း၊

  • Joint Venture (JV)၊ Build-Operate-Transfer (BOT)၊ Independent Power Producer (IPP) စက်ရုံများမှ ထွက်ရှိ​သော ဓာတ်အားကို Power Purchase Agreement (PPA) များဖြင့် ဝယ်ယူခြင်း၊
  • ဓာတ်အားစနစ်နှင့် ချိတ်ဆက်သော နေရောင်ခြည်သုံး၊ လေအားသုံးနှင့် အခြားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ PPA ဖြင့် ဓာတ်အား ဝယ်ယူခြင်း၊
  • တည်ဆောက်ဆဲဓာတ်အားပေးစက်ရုံ စီမံကိန်းများ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကြီးကြပ် ကူညီ ဆောင်ရွက်ခြင်း၊
  • နိုင်ငံပိုင်စက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားနှင့် PPA ဖြင့် ဝယ်ယူသော လျှပ်စစ် ဓာတ်အားများကို မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံများအား ဖြတ်သန်းအသုံးပြုပြီး ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သက်ဆိုင်ရာ ဓာတ်အား ခွဲရုံများမှတဆင့် တိုက်ရိုက်ရောင်းချခြင်း၊
  • လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးမည့် အစီအစဉ်နှင့် လျာထားချက်မျာကို ဓာတ်အားစနစ်၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် တွက်ချက်ခြင်း
  • ဓာတ်အားပေးစက်များ ပြုပြင်မည့် အစီအစဉ်များ ရေးဆွဲခြင်း၊
  • JV/BOT Basic ဖြင့် တည်ဆောက်ထားသော ရေအားစက်ရုံများတွင် နိုင်ငံခြားကုမ္ပဏီ များနှင့် အတူပူးပေါင်း၍ မောင်းနှင်ခြင်း၊ ထိန်းသိမ်း ပြုပြင်ခြင်း၊ ဓာတ်အားပို့လွှတ်ရောင်းချ ခြင်းများအပြင် နိုင်ငံတော်၏ ရပိုင်ခွင့်များဖြစ်သော Royalty Power ၊ အခွန်အခများရရှိရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်ခြင်း။[၁]

ကိုးကား ပြင်ဆင်ရန်