လွှမ်းမိုး (၁၉၅၄-၂၀၀၁) သည် မြန်မာနိုင်ငံသား ဂစ်တာသမား တေးရေး တေးဆို သရုပ်ဆောင် အနုပညာရှင်တဦး ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၅၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ အလုံမြို့နယ် ကွင်းချောင်းလမ်း တွင် မွေးသည်။ ဘခင်မှာ ပွဲစား ဦးစံမြင့် မိခင်မှာ ဒေါ်ခင်အေး ဖြစ်သည်။ နောက်ပိုင်း မိဘများ သာကေတ သို့ ရွှေ့ပြောင်းသဖြင့်အတူလိုက်ပါခဲ့ရသည်။[၁] ငယ်နာမည်မှာ စိုးစိုး ဖြစ်သည်။ မဟုတ်မခံစိတ်ရှိသဖြင့် ငယ်စဉ်ကစိတ်မြန်လက်မြန်သမားဖြစ်ခဲ့ဖူးသလို အဆိုတော်ဘဝ တွင်လည်း နယ် စတိတ်ရှိုးအချို့တွင် ခိုက်ရန်ဖြစ်ပွားခြင်းအချို့ ရှိခဲ့ဖူးသည်။ ကျောင်းနေသည့် ငယ်စဉ်ဘဝကပင် ဂီတကို ဝါသနာ ထုံခဲ့သည်။ ခြောက်တန်းတွင် ကျောင်းအထုတ်ခံခဲ့ရပြီးနောက် သာကေတမြို့နယ် ရပ်ကွက်များ၏ လမ်းများတွင် ညဖက် ဂစ်တာတီး သီချင်းဆိုခဲ့ကြသည့် စိုးစိုးနှင့် ငယ်ချင်းများမှာ ရပ်ကွက်လူကြီးများ၏ လမ်းသူရဲ စိန်ဂေါ်လီ ကြောက်ရွံ့မှုအခံကြောင့် ရပ်ကွက် အမြင် မကြည်သော လမ်းသူရဲအုပ်စုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သနားကြင်နာတတ်ပြီး အကူအညီပေးတတ်သဖြင့် ခင်မင်သူများအကြားတွင်မူ လူချစ်လူခင်များသူ တယောက်ဟု သတ်မှတ်ခံရလေသည်။

ပညာရေး ပြင်ဆင်ရန်

အခြေခံပညာကို သာကေတ အထက (၃) တွင် သင်ယူခဲ့သည်။ ခြောက်တန်းနှင့် ကျောင်းအထုတ်ခံခဲ့ရသည်။ ဂီတပညာကို ကိုသဲသဲ (ကိုပီတာ) ထံတွင် လေ့လာသင်ယူဆည်းပူးခဲ့သည်။[၁]

မိသားစုဘဝ ပြင်ဆင်ရန်

အိမ်ထောင်မကျမီထိ ရန်ကုန် သာကေတမြို့နယ် ရန်ပြေ (၁၇) လမ်း မိဘများအိမ်တွင် နေထိုင်ခဲ့ သည်။ [၁] ၁၉၈၀ ပြည့်နှစ် တွင် ဒေါ်မို့မို့မြင့်အောင် နှင့် အကြောင်းပါသည်။ ၁၉၈၃ ခုနှစ်တွင် ဒေါ်မို့မို့မြင့်အောင် နှင့် ကွာရှင်းပြတ်စဲသည်။ ၁၉၈၈ တွင် ဝန်ကြီးချုပ်ဦးမောင်မောင်ခ ဒေါ် ခင်ခင်လေး တို့၏သမီး နုနုခ (ဒေါ်နုနုရီ) နှင့် အကြောင်းပါသည်။ ကွယ်လွန်ချိန်အထိ ဇနီး သားသမီးများနှင့်အတူ ရန်ကုန်တိုင်းရန်ကင်းမြို့နယ်၊ ပါရမီရပ်၊ သီရိလမ်း နေအိမ်တွင် နေထိုင်ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၀၁ ခု၊ ဇူလိုင်လ ၁၀ ရက် နံနက်က ရန်ကုန်မြို့တွင် ကားမတော်တဆမှုဖြစ်ကာ ရုတ်တရက် ကွယ်လွန်သည်။

၂၀၁၆ ခုနှစ်တွင် မာရဇာ၊ ဂရေဟမ်၊ ဇာနည်၊ ဇော်ပိုင်၊ ဖိုးကာ၊ နန္ဒအေးယာ၊ ဉာဏ်လင်းအောင်၊ ဖြိုးပြည့်ဆောင်း၊ အောင်ထက်နှင့် အောင်မြင့်မြတ်တို့ အပါအဝင် နာမည်ကြီး မြန်မာအဆိုတော်များသည် လွှမ်းမိုး၏ ဂန္တဝင်များကို ရည်စူး၍ ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ကြသည်။ [1] 2017 ခုနှစ်တွင် ဗညားဟန်သည် အယ်လ်ဘမ်တွင် လွှမ်းမိုး၏ ဂန္တဝင်သီချင်းများကို ကာဗာလုပ်ခဲ့သည်။ 2019 ခုနှစ်တွင် မြန်မာ့လူငယ်တေးဂီတအဖွဲ့ Project K မှ လွှမ်းမိုး၏ ဂန္တဝင်ဖြစ်သော "That Yangon Lad is Me" (ရန်ကုန်သားလေးကျွန်တော်) ကို Yangon City FM ၏ (၁၈) ကြိမ်မြောက် ဂီတဆုပေးပွဲ၌ ပြုလုပ်ခဲ့သည်။[4]

ဂီတဘဝ ပြင်ဆင်ရန်

ငယ်စဉ်ကပင် ဂီတကို ဝါသနာထုံခဲ့ပြီး ဆရာမ သီချင်းတွင် ငယ်စဉ်က ဂီတဝါသနာ အကြောင်းကို စပ်ဆိုခဲ့သည်။ ဝါသနာတူ သူငယ်ချင်းများနှင့် အတူစုပြီး ဂစ်တာတီး၊ သီချင်းဆို၊ သီချင်းရေးခြင်းများပြုလုပ်ခဲ့သည်။ ဂီတ သင်ဆရာ ကိုပီတာ နှင့် တွေ့ဆုံပြီးနောက် ဂစ်တာသမားအဖြစ် အသက်မွေးခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် သာကေတ မှ စိုးစိုးကို ရန်ကုန်ရှိဩစတြေးလျ သံရုံးတွင် အလုပ်လုပ်နေသူ မဘေဘီ က ရင်းနှီးငွေ ကျပ် တစ်သိန်း မတည်ပေးသဖြင့် ရန်ကုန်သားလေးကျနော်ပါ တေးစုကို ထုတ်လုပ်ခဲ့သည်။ ရန်ကုန်သားလေးကျနော်ပါ တေးစုမှာ ထိုအချိန်က တနိုင်ငံလုံး အတိုင်းအတာအထိ အောင်မြင်မှုရခဲ့သဖြင့် အဆိုတော်လွှမ်းမိုး အဖြစ် အနုပညာခရီး စတင်နိုင်ခဲ့သည်။[၁]

အတီးသမားဘဝ ပြင်ဆင်ရန်

အဆိုတော်အဖြစ်မအောင်မြင်မီက ဂစ်တာအတီးသမားအဖြစ်ရပ်တည်ခဲ့ကာ အဆိုတော်ဖြစ်ပြီးနောက်ပိုင်းတွင်လည်း The King တီးဝိုင်းတွင် lead ဂစ်တာသမား နှင့် ဂီတမှူးအဖြစ် တာဝန်ယူခဲ့သည်။

မကျော်ကြားခင်က ကြည့်မြင်တိုင် The Professional တီးဝိုင်း၊ စန္ဒယားချစ်မောင်Double Agent တီးဝိုင်များတွင်လည်း lead ဂစ်တာသမားအဖြစ်တီးခတ်ခဲ့ဖူးပြီး အနောက်တိုင်းခေတ်ပေါ်တေးများ စတင်လာခဲ့သည့်ခေတ်ဦးတွင်ပင် ထူးထူးချွန်ချွန်တီးခတ်နိုင်သော ဂစ်တာသမားအဖြစ် အသိမှတ်ပြုခံခဲ့ရသည်။

အဆိုတော်ဘဝ ပြင်ဆင်ရန်

အတီး၊ အဆို၊ အရေး၊ သရုပ်ဆောင် စသည့် အနုပညာ လုပ်ငန်းစုံ လုပ်ခဲ့ရာ တွင် တေးသံရှင် အဖြစ် နှင့် အကျော်ကြားဆုံး ဖြစ်ခဲ့ပြီး နိုင်ငံကျော်သီချင်းများစွာကိုသီဆိုခဲ့သည်။ ဥဩတေးသံသွင်း နှင့် စာချုပ်ချုပ်ဆိုက ဂီတတေးစု များစွာကို ဖန်တီးထုတ်လုပ်ခဲ့သည်။ ရန်ကုန်သားလေးကျွန်တော်ပါ သီချင်းဖြင့် တောရောမြို့ပါအောင်မြင်ခဲ့ပြီးနောက် မန္တလေးမြို့ကိုပြန်ခဲ့မယ်မိုးစက်တင်လေမအေးကိုချစ်လို့ပါလူပျောက်ကြော်ငြာနီနီညိုညိုကိုကိုဆရာမကံ့ကော်မြို့တော်အဖေအချစ်ရှုံးသမားဒဿဂီရိအခုတော့ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို့ကျန်ခဲ့ပြီ စသည့်သီချင်းများအပြင် များစွာသော တေးအယ်လ်ဘမ်များ ထွက်ရှိခဲ့သည်။ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူဖြစ်သောကြောင့် မြန်မာသံတေးများသာမက ဓမ္မတေးများစွာကိုလည်း သီဆိုခဲ့သည်။ တကိုယ်တော် တေးစီးရီးများ သာမက အခြားအဆိုတော်များနှင့် တွဲဖက်တေးစီးရီးများ၊ ရုပ်ရှင်တေးများ၊ ကာရာအိုကေ တေးစီးရီးများစွာတို့ကို သီဆိုခဲ့သည်။ The King တေးဂီတအဖွဲ့နှင့်အတူ စင်မြင့်ဂီတ ဖျော်ဖြေပွဲ များစွာ ကိုလည်း သီဆိုခဲ့သည်။

တေးရေးဆရာဘဝ ပြင်ဆင်ရန်

လွှမ်းမိုးသည် တေးသီချင်းပေါင်းများစွာကိုလည်း ရေးသားခဲ့သူ ဂီတစာဆိုတဦးဖြစ်သည်။ မိမိသီဆိုရန်သာမက အခြားအဆိုတော်များအတွက်လည်း လက်ရာမြောက် တေးများ သီကုံးပေးခဲ့သည်။ နိုင်ငံကျော် အဆိုတော်ကြီး စိုင်းဆိုင်မောဝ်၏ နာမည်ကျော် တေးတပုဒ်ဖြစ်သည့် တရွာသားနဲ့ ပဝါပါး သီချင်း မှာ လွှမ်းမိုး၏ လက်ရာများထဲမှ တခုဖြစ်သည်။

သီချင်းပုံစံ ပြင်ဆင်ရန်

သီဆိုခဲ့သော သီချင်း ပုံစံများမှာ ၁၉၆၀ပြည့်နှစ်များ၏ နှစ်လယ် (၁၉၆၅) မှ ၁၉၇၀ ပြည့်နှစ်များကြား ဝါရှင်တန်ဒီစီတွင်ပေါ်ပေါက်ရေပန်းစားခဲ့သည့် Funk ၏မျိုးကွဲဖြစ်သော Go-go ပုံစံ ၊ ၁၉၂၀ ပြည့်နှစ်များတွင် အမေရိကတောင်ပိုင်း၌ ပေါ်ထွန်းခဲ့သော Country ပုံစံဖြစ်ပြီး အနောက်တိုင်းဂီတအနေဖြင့် အောင်မြင်စကာလမှ နောက်ဆုံးအချိန်အထိအများဆုံး ဆိုသွားခဲ့သော ပုံစံမှာ ၁၉၅၀ ပြည့်နှစ်များတွင် ကျူးဘား၌ပေါ်ပေါက်အောင်မြင်ခဲ့သော Cha-cha-cha ပုံစံနှင့် ၁၉၁၄ နှစ်များတွင် အမေရိက၌ စတင်ရေပန်းစားခဲ့သော Foxtrot ပုံစံဖြစ်သည်။ ထိုနှစ်မျိုးလုံး Dance ဂီတအုပ်စုတွင်ပါဝင်သည်။ လွှမ်းမိုးသည် မြန်မာသံစဉ်ပုံစံ တေးသီချင်းများကိုလည်း သီဆိုခဲ့သည်။

သီချင်းအကြောင်းအရာ ပြင်ဆင်ရန်

လွှမ်းမိုး၏ သီချင်းများတွင် ဇာတ်လမ်းကို ပြောပြသည့် ပုံစံ သီချင်းများစွာ ပါဝင်သည်။ ဥပမာ - ကိုပေါ (ရေး စောဘွဲ့မှူး)၊ ပဲပြုတ်သည်မထား (ကိုယ်တိုင် ရေးဆို) အေးပုံကိုလွမ်းတယ် (ကိုယ်တိုင် ရေး ဆို)၊ တရွာသားနဲ့ ပုဝါပါး (ဆို စိုင်းဆိုင်မောဝ်)။

လက်တွေ့ကြုံကြိုက်ရသည့် ဘဝ အဖြစ်အပျက် အတွေ့အကြုံများကို ထင်ဟပ် ရေးသားထားသော သီချင်းများလည်း ပါဝင်နေသည်။ ဥပမာ - ဆရာမ သီချင်းတွင် ငယ်စဉ် ကျောင်းသား မောင်စိုးစိုး ဘဝ ဂီတဝါသနာပါခဲ့ပုံ၊ လွှမ်းမိုးဟုခေါ်သည် သီချင်းတွင် သူငယ်ချင်းများနှင့်ဘဝ၊ ပင်စီ သီချင်းတွင် အိမ်ထောင်ရေး ဘဝ တစိတ်တပိုင်း အကြောင်း၊ နီနီညိုညို သီချင်းတွင် တောင်ငူမြို့မှ မိတ်ဆွေ အမွှာ ညီအမ အကြောင်း များကို စပ်ဆိုထားသည်ကို တွေ့နိုင်သည်။

လွှမ်းမိုး၏ သီချင်းများမှာ ခေတ်၊ စံနစ် ကိုလည်း ထင်ဟပ်လျက်ရှိသည်ကိုတွေ့ရသည်။ ဥပမာ ဆရာမ သီချင်း တွင် ကလေးငယ်တဦး ဂီတ ဝါသနာပါခြင်းကို ပြစ်မှုကြီးတခုသဖွယ် သဘောထား ပြစ်ဒဏ်ချမှတ်ခဲ့သည့် ညံ့ဖျင်းလှသော မြန်မာ့ ပညာရေးစနစ်ကို လေ့လာ တွေ့ရှိနိုင်သည်။ တရွာသားနဲ့ ပုဝါပါး သီချင်းတွင် ထိုခေတ်က မန္တလေး မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း တပိုင်းတစကို မြင်ရနိုင်သည်။ ပဲပြုတ်သည် မထား သီချင်း မှ အောက်ခြေ လူတန်းစားတို့ဘဝ၊ အေးပုံကိုလွမ်းတယ် သီချင်းမှ လူတန်းစား ကွဲပြားနေခြင်းများတို့ကိုလည်း လေ့လာသိရှိနိုင်သည်။

လက်တွေ့ဆန်ဆန် သီချင်းများ အပြင် စိတ်ကူးယဉ် တေးများစွာကိုလည်း သီဆိုခဲ့သူဖြစ်သည်။ တေးရေး နေမျိုးဆေး ၏ ကြယ်ကြွေညတိုင်းဆုတောင်းမယ် သီချင်းကို သီဆိုရာတွင် စိတ်ကူးယဉ် ကမ္ဘာတခုထဲသို့ ရောက်သွားသကဲ့သို့ ခံစားရအောင် သီဆိုနိုင်သူဖြစ်သည်။ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့သီချင်းတွင် ရှေးခေတ်ဟောင်း ကို ရောက်ရှိသွားသည့်အလား ထင်ရလေသည်။

အတွေးအခေါ်ပါသည့် သီချင်းများကိုလည်း သီဆိုခဲ့ရာ ဂုဏ် သီချင်း တွင် ငွေကို မက်မော ဂုဏ်တင်ကြသူတို့ ကို နမူနာပြ၍ လူ့ဘဝ တန်ဖိုးအမှန်က မည်သည်ဖြစ်သည်ကို တေးချစ်သူတို့ အတွက် စဉ်းစားစရာ ပုစ္ဆာတပုဒ် ယူလာပေးထားလေသည်။

လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းအောင် ဆွဲဆွဲငင်ငင် သီဆိုရာတွင် ဆရာတဆူ ဖြစ်သော်လည်း ပေါ့ပေါ့ ပါးပါး တေးသီချင်းများစွာ ကိုလည်း သီဆိုထားခဲ့သည်။ လွှမ်းမိုးဟုခေါ်သည် ရပ်ကွက်ထဲမှာဒီလိုပဲ စသော သီချင်းများမှာ ပေါ့ပါး ရွှင်လန်းဖွယ် တေးများ ဖြစ်သည်။

ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင်ဘဝ ပြင်ဆင်ရန်

လွှမ်းမိုးသည် ဂီတနယ်ပယ်တွင်သာမက သရုပ်ဆောင်တွင်လည်း ထူးချွန်သူဖြစ်ခဲ့သည်။ ဦးဆုံးပါဝင်သည့် ပန်းသီတဲ့ကြိုး ဇာတ်ကားတွင် ပီပြင်သောသရုပ်ဆောင်မှုများကြောင့် အကယ်ဒမီရမည်ဟုပင်ထင်ကြေးပေးခံခဲ့ရသည်။

ကက်ဆက်ဇာတ်လမ်းအသံမင်းသားဘဝ ပြင်ဆင်ရန်

ကက်ဆက်ဇာတ်လမ်းများတွင်လည်း အသံဖြင့်သရုပ်ဆောင်ခဲ့သည်၊ သူသရုပ်ဆောင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်မှာ ဝတ္ထုဆွေဆွေအောင် ဇာတ်ညွှန်းဒါရိုက်တာစိန်ဝင်း(ဘူမိဗေဒ)၊ အသံသရုပ်ဆောင် ရုပ်ရှင်မင်းသမီးမြင့်မြင့်ခိုင်တို့ပါဝင်သော မာနမင်းသား အမည်ရှိကက်ဆက်ဇာတ်လမ်းဖြစ်သည်။

ထွက်ရှိခဲ့သော တေးစုများ ပြင်ဆင်ရန်

30em

မြန်မာသံစဉ် တေးစုများ ပြင်ဆင်ရန်

30em

ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ ပြင်ဆင်ရန်

30em

ကိုးကား ပြင်ဆင်ရန်