ဝက်စ်မင်စတာစနစ်

ဒီမိုကရက်တစ် ပါလီမန်စနစ်

ဝက်စ်မင်စတာ စနစ် (အင်္ဂလိပ်: Westminster system or Westminster model) သည် ယခု ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဖွဲ့စည်းပုံအရ နိုင်ငံတစ်ခုဖြစ်သော အင်္ဂလန်နိုင်ငံတွင် တိုးတက်ဖြစ်ထွန်းလာသော ဥပဒေပြုမှုများကို လုပ်ဆောင်သည့် အဆင့်များ (သို့) ပါလီမန်လွှတ်တော်စနစ်တစ်ခုဖြစ်သည်။ ဤဝေါဟာရသည် ဗြိတိသျှပါလီမန်၏ တည်ရှိရာ ဝက်စ်မင်စတာနန်းတော်မှ ဆင်းသက်လာသော ဝေါဟာရအသုံးအနှုန်းဖြစ်သည်။ ဗြိတိသျှအင်ပါယာ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသော ယခင်ကိုလိုနီနယ်မြေအများစု၏ တစ်နိုင်ငံလုံး (သို့) တစ်စိတ်တစ်ပိုင်းနယ်မြေများ၌ ဥပဒေပြုရေးတွင် ယခုတိုင် သုံးစွဲဆဲ (သို့) ယခင်ကာလက သုံးစွဲခဲ့ကြသည်။[၁][၂] စတင်ကျင့်သုံးခဲ့ကြသည့်နိုင်ငံ (သို့) ဒေသများမှာ ကနေဒါခရိုင်များတွင် ၁၈၄၈ တွင်လည်းကောင်း၊ ဩစတေးလျ ကိုလိုနီနယ်မြေ ခြောက်ခုတွင် ၁၈၅၅ မှ ၁၈၉၀ ကာလအတွင်းတွင်လည်းကောင်း ကျင့်သုံးခဲ့ကြသည်။[၃][၄][၅] နယူးဇီလန်နိုင်ငံ[၃] နှင့် ယခင်ဗြိတိသျှအုပ်ချုပ်ခဲ့သော ဟောင်ကောင်ကျွန်းတို့တွင် ကျန်ရစ်ခဲ့သော အစိုးရစနစ်ဖြစ်လျက် ရှိသည်။[၆][၇] သို့သော် အချို့သော ယခင်ကိုလိုနီနယ်မြေများသည် ၎င်းတို့၏ အစိုးရပုံစံကို သမ္မတစနစ် (ဥပမာ နိုင်ဂျီးရီးယား) (သို့) ပေါင်းစပ်စနစ် (တောင်အာဖရိကနိုင်ငံ ကဲ့သို့) ပြောင်းလဲကျင့်သုံးခဲ့ကြသည်။

လန်ဒန်မြို့ရှိ ဝက်စ်မင်စတာနန်းတော်တွင် ဗြိတိသျှလွှတ်တော်နှစ်ရပ် တည်ရှိသည်။

ဝက်စ်မင်စတာစနစ်၏ လက္ခဏာများတွင် အုပ်ချုပ်မှုပိုင်းတစ်ခုပါဝင်၍ ယင်း၌ ဥပဒေပြုရေးက အဖွဲ့ဝင်များပါဝင်သည်။ ဆိုလိုသည်မှာ ဥပဒေပြုရေးကို တာဝန်ခံရသည်၊ ပါလီမန်အတွင်း ပြိုင်ဘက်ပါတီများရှိရသည်၊ အစိုးရခေါင်းဆောင်နှင့် မတူသော ပွဲခမ်းပွဲနားဆိုင်ရာ နိုင်ငံတော်၏ ခေါင်းဆောင်တစ်ဦးရှိရသည်။ အမေရိကန်ပြည်ထောင်စုတွင် ပေါက်ဖွားခဲ့သော သမ္မတစနစ် နှင့် ပြင်သစ်နိုင်ငံ အစိုးရပုံစံအခြေပြုထားသော တစ်ပိုင်း သမ္မတစနစ်များသည် ဤဝက်စ်မင်စတာစနစ်နှင့် များသောအားဖြင့် ကွာခြားသည်။

ကိုးကား ပြင်ဆင်ရန်

  1. Julian Go (2007)။ "A Globalizing Constitutionalism?, Views from the Postcolony, 1945-2000"။ in Arjomand၊ Saïd Amir (ed.)။ Constitutionalism and political reconstruction။ Brill။ pp. 92–94။ ISBN 978-9004151741
  2. How the Westminster Parliamentary System was exported around the World။ University of Cambridge (2 December 2013)။ 16 December 2013 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Seidle၊ F. Leslie; Docherty၊ David C. (2003)။ Reforming parliamentary democracy။ McGill-Queen's University Press။ p. 3။ ISBN 9780773525085
  4. Johnston၊ Douglas M.; Reisman၊ W. Michael (2008)။ The Historical Foundations of World Order။ Leiden: Martinus Nijhoff Publishers။ p. 571။ ISBN 978-9047423935
  5. Fieldhouse၊ David; Madden၊ Frederick (1990)။ Settler self-government, 1840-1900 : the development of representative and (1. publ. ed.)။ New York: Greenwood Press။ p. xxi။ ISBN 9780313273261
  6. Cooray၊ Anton (2019)။ "5: Customary Law, Unwritten Law, and General Principles of Law"။ Constitutional Law in Hong Kong။ Kluwer Law International B.V.။
  7. Yu၊ Gu (2015)။ "8: Conclusion"။ Hong Kong's Legislature under China's Sovereignty: 1998-2013။ Hotei Publishing။ p. 215။