ဝင်းဇော်ထွန်း

မြန်မာလူမျိုး စစ်တုရင်ကစားသမား

ဝင်းဇော်ထွန်း သည် မြန်မာနိုင်ငံရှိ စစ်တုရင် အင်တာနေရှင်နယ်မာစတာ IM ဘွဲ့ရ ၅ ဦးထဲတွင် အသက်အငယ်ဆုံး ကစားသမားတစ်ဦးဖြစ်သည်။ [၁] ၂၀၀၀ ခုနှစ်မှ ယခုနှစ် (၂၀၂၀) အထိ နှစ်တိုင်း မြန်မာ့လက်ရွေးစင်အဖြစ်ရွေးချယ်ခြင်းခံရပြီး စုစုပေါင်း မြန်မာပြည်ချန်ပီယံဆုကို ၂၀၀၀ ၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၁၃၊ ၂၀၁၅ ၊ [၂] နှင့် ၂၀၁၇ မှ ၂၀၁၉ အထိ (၃)နှစ်ဆက်တိုက် [၃][၄][၅] ဆုရရှိပြီး စုစုပေါင်း ချန်ပီယံဆု ( ၉ ) ကြိမ်၊ မြန်မာပြည် ဒုတိယ ( ၉)ကြိမ်၊ တတိယ (၁)ကြိမ်ရရှိခဲ့သည်။

ဝင်းဇော်ထွန်း
အမည်ဝင်းဇော်ထွန်း
နိုင်ငံ မြန်မာ
မွေးဖွား (1982-09-15) ၁၅ စက်တင်ဘာ၊ ၁၉၈၂ (အသက် ၄၁)
Myanmar
TitleIM (2004)
en:FIDE အဆင့်2508 (မတ် ၂၀၂၄) ၂၅၀၈ (ဧပြီလ ၂၀၂၀)[၁]
Peak rating၂၅၇၈ (April 2005)[၁]

SEA GAMES ပြိုင်ပွဲများတွင် စစ်တုရင်ကစားနည်းဖြင့် (၆)ကြိမ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ (၆)ကြိမ် လုံးတွင် မြန်မာ့နိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ရသည်။ ကမ္ဘာ့ အသင်းလိုက်ပြိုင်ပွဲ World Olympic ပြိုင်ပွဲကို မြန်မာ့နိုင်ငံ စစ်တုရင်အဖွဲ့ သည် စုစုပေါင်း (၄)ကြိမ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ (၄)ကြိမ်လုံးတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ က ချီးမြှင့်သော နိုင်ငံဂုဏ်ဆောင် အားကစားသမားအဖြစ် နိုင်ငံဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခြင်းခံရခဲ့သည်။

ရန်ကုန်မြို့တွင် Myanmar Chess Training Centre ( MCTC) သင်တန်းဖွင့်လှစ်ထားပြီး၊ online ကလည်း စစ်တုရင်သင်ကြားပေးနေသည်။

အောင်မြင်မှုများ ပြင်ဆင်ရန်

၁၉၈၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဖခင် ဦးကြည်မောင် + မိခင် ဒေါ်ရီတို့မှ ဖွားမြင်ခဲ့သည်။

စစ်တုရင်ကို အသက်၆နှစ်ကျော် အရွယ်တွင် စတင်ကစားခဲ့ပြီး သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲများ ဖြစ်သည့် ၁၂ နှစ်အောက်၊ ၁၆နှစ်အောက် ၊ ၂၀နှစ်အောက် ပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သည်။ အမျိုးသားတံခွန်စိုက် မြန်မာပြည်ချန်ပီယံကို အသက် ၁၇နှစ်ကျော် တွင် ပထမဦးဆုံး အကြိမ်ရရှိခဲ့သည်။

၂၀၀၃ ခုနှစ်တွင် (ယခင် သန်လျင်နည်းပညာကောလိပ်) နည်းပညာတက္ကသိုလ်(သန်လျင်)မှ A.G.T.I. ( I.T.) ရရှိခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် ဒဂုံတက္ကသိုလ် မှ B.Sc. (Mathematics ) ဘွဲ့ရရှိခဲ့သည်။


အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ပြင်ဆင်ရန်

၂၀၀၁ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြို စစ်တုရင်ပြိုင်ပွဲ၊ အသက် (၂၀) အောက် ပထမဆု ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သော (၂၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ အာစီယံ ရိုးရာစစ်တုရင်ကစားနည်း ပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရရှိခဲ့သည်။[၆] ၂၀၀၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အသင်းလိုက် တတိယဆု ရရှိခဲ့သည်။

၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် တစ်ဦးချင်း ဒုတိယ (ငွေတံဆိပ်) ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် တစ်ဦးချင်း ပထမ ( ရွှေတံဆိပ်) ၂ ဆု၊ အသင်းလိုက် ဒုတိယ (ငွေတံဆိပ်) ၁ ဆု၊ အသင်းလိုက် တတိယ (ကြေးတံဆိပ်) ၁ ဆု ရရှိခဲ့သည်။

နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲများ ပြင်ဆင်ရန်

၁၉၉၉ ခုနှစ် မလေးရှားနိုင်ငံ ပီနန် ဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ပြီး IM(Norm) အင်တာနေရှင်နယ်မာစတာစံနှုန်း ပထမအကြိမ် ရရှိခဲ့သည်။

၂၀၀၀ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော အာဆီယံ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲတွင် အသက် (၁၈)နှစ်အောက် ပထမဆုရရှိခဲ့သည်။

၂၀၀၂ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော International Master ဖိတ်ခေါ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ပြီး IM(Norm) အင်တာနေရှင်နယ်မာစတာစံနှုန်း ဒုတိယအကြိမ် ရရှိခဲ့သည်။

၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံ ဘွန်းတောင်မြို့တွင် ကျင်းပသော ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ် ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ကျင်းပသော အိုးပင်းစစ်တုရင်ပြိုင်ပွဲတွင် ပဉ္စမဆုရရှိခဲ့ပြီး IM (Norm) အင်တာနေရှင်နယ်မာစတာစံနှုန်း တတိယအကြိမ် ရရှိခဲ့သည်။

၂၀၀၄ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော အိုးပင်းစစ်တုရင်ပြိုင်ပွဲတွင် ပဉ္စမဆုရရှိခဲ့ပြီး IM(Norm) အင်တာနေရှင်နယ်မာစတာစံနှုန်း စတုတ္ထအကြိမ် ရရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ ၂၀၀၄ ခုနှစ်တွင် International Master ဘွဲ့ ပေးအပ်ချီးမြှင့်ခံရသည်။ မြန်မာနိုင်ငံတွင် အသက်ငယ်ဆုံး International Master ဘွဲ့ ရရှိသူဖြစ်လာခဲ့သည်။

၂၀၀၅ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပသော မာဒေးကားစစ်တုရင်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပသော မာဒေးကားစစ်တုရင်ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပသော ဒုတိယအကြိမ် ထိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ကျင်းပသော CAMPOMANES MEMORIAL YANGON INTERNATIONAL GM TOURNAMENT 2012 ပြိုင်ပွဲတွင် ပထမဆု ( Best of Myanmar ) ရရှိခဲ့ပြီး ပထမဆုံး GM (Norm) ဂရန်းမာစတာစံနှုန်း ပထမအကြိမ် ရရှိခဲ့သည်။[၇]

၂၀၁၄ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သော (၄)ကြိမ်မြောက် HD Bank ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော GM Zaw Win Lay Memorial Yangon International Open 2014 တွင် တတိယဆု ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် ဗီယက်နမ်နိုင်ငံ တွင် ကျင်းပခဲ့သော (၅) ကြိမ်မြောက် HD Bank ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော Myanmar International Open 2015 စစ်တုရင်ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော ထိပ်တန်းအာစီယံကစားသမားများ ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲတွင် ကစားရန် ဖိတ်ခေါ်ခြင်းခံရသည်။

၂၀၁၆ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော စစ်တုရင်ပြိုင်ပွဲတွင် ကမ္ဘာ့စစ်တုရင် ချန်ပီယံအား စိန်ခေါ်သူ အင်္ဂလန်နိုင်ငံသား နီဂယ်ရှော့ အား အနိုင်ကစားနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော JAPFA INTERNATIONAL MASTERS 2016 ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲတွင် သတ္တမဆုရရှိခဲ့သည်။ [၈]

၂၀၁၇ ခုနှစ် ဗီယက်နမ်နိုင်ငံ တွင် ကျင်းပခဲ့သော (၇) ကြိမ်မြောက် HD Bank ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော International Master ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည်။

ကမ္ဘာ့အသင်းလိုက်ပြိုင်ပွဲများနှင့် တစ်ဦးချင်း လက်ရည်စစ်ပြိုင်ပွဲများ ပြင်ဆင်ရန်

၂၀၀၀ ခုနှစ် တူရကီနိုင်ငံ အီစတန်ဘူမြို့တွင် ကျင်းပပြုလုပ်သော (၃၄)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် စစ်တုရင် အသင်းလိုက်ပြိုင်ပွဲတွင်လည်းကောင်း၊ ၂၀၀၀ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲအတွက် (Zone-3.2.A) တွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော အာရှမြို့တော်များ အသင်းလိုက်ပြိုင်ပွဲတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် တူရကီနိုင်ငံ အီစတန်ဘူမြို့တွင် ကျင်းပပြုလုပ်သော (၄၀)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် စစ်တုရင် အသင်းလိုက်ပြိုင်ပွဲတွင်လည်းကောင်း၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပပြုလုပ်သော (၄၂)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် စစ်တုရင် အသင်းလိုက်ပြိုင်ပွဲတွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ် တာမင်နစ္စတန်နိုင်ငံတွင် ကျင်းပသော 5th Asian Indoor & Martial Arts Games တွင် ပါဝင် ကစားခဲ့သည်။

ထူးခြားနိုင်ပွဲများ ပြင်ဆင်ရန်

၂၀၀၆ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသော စစ်တုရင်ပြိုင်ပွဲ၌ ယခင် (ဖိလစ်ပိုင်နိုင်ငံ GM ) လက်ရှိ အမေရိကန် GM Wesley Barbasa So နှင့် တစ်ကြိမ် [၉]၊ ၂၀၀၈ ခုနှစ်တွင် 1st Subic International Open ပွဲစဉ် (၆)တွင် တစ်ကြိမ် စုစုပေါင်း (၂)ကြိမ် တွေ့ဆုံခဲ့ရာ ၂ ပွဲလုံးအနိုင်ကစားခဲ့။ ၂၀၀၆ တွင် ဗီယက်နမ် GM Nguyen Anh Dung ကိုအနိုင်ကစားခဲ့သည်။ ၂၀၁၅ တွင် ဖိလစ်ပိုင် GM များဖြစ်သော GM Julio Catalino Sadorra[၁၀]နှင့် GM Oliver Barbosa [၁၁]တို့ကိုအနိုင်ကစားခဲ့သည်။ ၂၀၁၆ တွင် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်သူ ဖြစ်သူ အင်္ဂလန်နိုင်ငံသား GM Nigel Short ကိုအနိင်ကစားခဲ့သည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ FIDE Profile: Wynn Zaw Htun။ 2020-04-04 တွင် ပြန်စစ်ပြီး။
  2. 41st Myanmar National Championships, 25 June – 5 July 2015, Yangon။ Chess Asia Pacific (2015-07-06)။ 27 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-04-04 တွင် ပြန်စစ်ပြီး။
  3. Myanmar National Chess Championship 2017 [153169 (MYA, Yangon)]။ 2020-04-04 တွင် ပြန်စစ်ပြီး။
  4. Original tournament report: Myanmar National Chess Championship 2018။ 2020-04-04 တွင် ပြန်စစ်ပြီး။
  5. MYA Championship 2019။ 2020-08-14 တွင် ပြန်စစ်ပြီး။
  6. http://chess-results.com/tnr59792.aspx?lan=1&art=1&turdet=YES&flag=30
  7. https://ratings.fide.com/report.phtml?event=62090
  8. မော်ကွန်းတင်ပြီးမိတ္တူ။ 28 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2020 တွင် ပြန်စစ်ပြီး။
  9. https://www.365chess.com/game.php?gid=3407695
  10. https://ratings.fide.com/pgn_chess_game.phtml?code1=5201268&code2=13002783&code3=5&code4=108514&pgn_game=%22Sadorra__Julio_Catalino_VS_Wynn__Zaw_Htun%22
  11. https://ratings.fide.com/pgn_chess_game.phtml?code1=5201640&code2=13002783&code3=2&code4=108514&pgn_game=%22Barbosa__Oliver_VS_Wynn__Zaw_Htun%22
  12. https://chess24.com/en/watch/live-tournaments/bangkok-open-2016/6/1/4