အရှင်ဝဋံသကိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သုမေဓာမြတ်စွာဘုရား ပြင်ဆင်ရန်

သုမေဓာမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ မြတ်စွာဘုရားသည် ဆိတ်ငြိမ်မှု ‘ဝိဝေက’ ကို ပွာများလို၍ တောသို့ ဝင်၏။ ထိုအခါ ဝဋံသကိယထေရသည် မြတ်စွာဘုရားအား ထင်းရှူးပန်းကို ဦးဆောက်ပန်းကုံးသီကာ လှူခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုကဲ့သို့ ကမ္ဘာသုံးသောင်းထက်တွင် ပန်းလှူခဲ့ရသည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ကမ္ဘာတစ်ထောင့်ကိုးရာထက်တွင် “သုနိမ္မိတ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဝဋံသကိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဆတ္တဝဂ်၊ ဝဋံသကိယတ္ထေရအပဒါန်