Web Developer ဆိုသည်မှာ ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး ကလိုင်းရန့် ဆာဗာ များအသုံးပြု၍ အင်တာနက်ဝဘ်ဆိုဒ်တွေကိုဖန်တီးပြီး World Wide Web သို့တင်သည့်အပိုင်းအား အထူးပြုဖန်တီးသူဖြစ်သည်။ ထို့အပြင် ၎င်းသည် ဖန်တီးပြီးသော ဝဘ်ဆိုဒ်ကို ထိန်းသိန်းခြင်း နည်းပညာပြောင်းလဲမှုနှင့် လိုအပ်ချက်အပေါ်မူတည်ပြီး အဆင့်မြှင့်တင်ခြင်းတို့ကိုပြုလုပ်သည်။

Web Developer သည် များစွာသော စီးပွားရေးလုပ်ငန်းများနှင့် အများဆိုင်အဖွဲ့အစည်းများ အဓိကအားဖြင့် အွန်လိုင်းမှတဆင့်ဈေးရောင်းခြင်း (E commerce)၊ အွန်လိုင်းသင်ကြားရေးစနစ်များ၊ Web Portal နှင့် အင်တာနက်နှင့်သက်ဆိုင်သော ကုမ္ပဏီများအကြားတွင် ပိုမိုလိုအပ်ပါတယ်။ Project တစ်ခုလုံးကိုဖြစ်စေ၊ Project ရဲ့ အစိတ်အပိုင်းတစ်ခုကိုဖြစ်စေ ပြုလုပ်ပေးရတတ်သည်။ Web Developer သည် Web Designer နဲ့အတူ အလုပ်လုပ်ရတတ်သည်။ ၎င်းသည် လုပ်ငန်းလိုအပ်ချက်နဲ့ကိုက်ညီတဲ့ ဝဘ်ဆိုဒ်တစ်ခုကို တည်ဆောက်နိုင်ရန်အတွက် အလုပ်ရှင်နှင့် နီးကပ်စွာ အလုပ်လုပ်ရန်လိုအပ်သည်။[၁]။ Web Developer သည် ဝဘ်ဆိုဒ်ရဲ့လုံခြုံရေးအတွက်လည်း တာဝန်ရှိသည်။ ယခုနောက်ပိုင်း ဝဘ်ဆိုဒ်များဟာ Static မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သုံးစွဲသူရဲ့ ထင်မြင်ချက်များပါ ပါဝင်လာကြခြင်းကြောင့်ဖြစ်သည်။ ဝဘ်ဆိုဒ်တစ်ခု၏ ပုံစံဟာ အမြဲတမ်း ပြောင်းလဲနေရပြီး အကြောင်းအရာများဟာလဲ ပြောင်းလဲနေသည်။ ဝဘ်ဆိုဒ်ကောင်းတစ်ခုဟာ ဘယ်တော့မှ ပြီးပြည့်စုံတယ်ဆိုတာမရှိပေ။ ဝဘ်နည်းပညာများဟာ အမြဲတမ်းအသစ်ပေါ်ထွက်လျက်ရှိပါတယ်။

ကိုးကား ပြင်ဆင်ရန်