ဝီကီပီးဒီးယား:စီမံခန့်ခွဲသူများအတွက် သတ်မှတ်ချက်များ

စီမံခန့်ခွဲသူများသည် အသုံးပြုသူများ ဖြစ်ကြပြီး ပုံမှန် အသုံးပြုသူများထက် အကြောင်းခြင်းရာ အနည်းငယ်ကို ပိုမိုပြုလုပ်နိုင်ကြသူများ ဖြစ်သည်။ ယင်းသည် ဝီကီပီးဒီးယားအား ချောမွေ့စွာ လည်ပတ်နိုင်စေရန်အတွက် ကူညီခြင်း ဖြစ်သည်။ ဗျူရိုကရက်များ သည် ထို့ထက်ပို၍ ပြုလုပ်နိုင်သော အသုံးပြုသူများဖြစ်ပြီး ဤပရောဂျက်ကို ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်စေရန် ကူညီကြသူများ ဖြစ်သည်။ စီမံခန့်ခွဲသူများနှင့် ဗျူရိုကရက်များအကြောင်း အချက်အလက်များနှင့် ထိုအဆင့်ရှိ အသုံးပြုသူများစာရင်းကို စီမံခန့်ခွဲသူများ နှင့် ဗျူရိုကရက်များတွင် ကြည့်ရှုနိုင်သည်။

ဝီကီပီးဒီးယား အသုံးပြုသူတစ်ဦးအနေဖြင့် စီမံခန့်ခွဲသူ သို့မဟုတ် ဗျူရိုကရက် တစ်ဦးဖြစ်လာခြင်းဖြင့် ပိုမိုကူညီပေးနိုင်လိမ့်မည်ဟု ယူဆလာနိုင်သည်။ စီမံခန့်ခွဲသူများနှင့် ဗျူရိုကရက်များကို မဲစနစ်ဖြင့် ခန့်အပ်သည်။ ဝီကီပီးဒီးယား အသုံးပြုသူ မည်သူမဆို စီမံခန့်ခွဲသူ သို့မဟုတ် ဗျူရိုကရက်တစ်ဦးဖြစ်လာရန် ကြိုးစားနိုင်သော်လည်း ကိုက်ညီရမည့် သတ်မှတ်ချက်အချို့ ရှိနေသည်။ အဆိုပါ သတ်မှတ်ချက်များကို အများသဘောဆန္ဒဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

စီမံခန့်ခွဲသူ (အက်ဒမင်)တစ်ဦး ဖြစ်နိုင်ရန်အတွက် သတ်မှတ်ချက်များ

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

  • အမည်ရှိ တည်းဖြတ်သူများ (Named editors) ဆိုသည်မှာ တည်းဖြတ်မှု မပြုလုပ်မီ ဝီကီပီးဒီးယားသို့ သူတို့၏ အသုံးပြုသူအမည်နှင့် စကားဝှက်ကို အသုံးပြုကာ လော့ဂ်အင်ဝင်ရောက်ထားသူများ ဖြစ်သည်။
  • အမည်မသိ အသုံးပြုသူများ (Anonymous users) ဆိုသည်မှာ တည်းဖြတ်ရန်အတွက် လော့ဂ်အင် မပြုလုပ်ထားသူများ ဖြစ်သည်။ ထိုသူတို့ကို သူတို့၏ အိုင်ပီလိပ်စာ နံပါတ်များဖြင့် အမှတ်အသားပြုသည်။
  • စီမံခန့်ခွဲသူများ (Administrators) ဆိုသည်မှာ အဖွဲ့အစည်းမှ စိတ်ချယုံကြည်ခြင်းခံရသော အမည်ရှိ တည်းဖြတ်သူများ ဖြစ်သည်။ ထို့အတွက်ကြောင့် စီမံခန့်ခွဲခြင်း သည် ယုံကြည်မှုအကြောင်းအခြင်းရာပေါ်တွင် မူတည်သည်။

မည်သူသည် စီမံခန့်ခွဲသူ တစ်ဦး ဖြစ်လာနိုင်သနည်း

  • မည်သည့် အမည်ရှိ တည်းဖြတ်သူမဆို မြန်မာဝီကီပီးဒီးယား၏ စီမံခန့်ခွဲသူတစ်ဦး ဖြစ်လာနိုင်သည်။ အမည်မသိ အသုံးပြုသူများအား စီမံခန့်ခွဲသူများအဖြစ် မခန့်အပ်နိုင်ပါ။
  • စီမံခန့်ခွဲသူအဖြစ် လျောက်ထားခြင်း မပြုမီ အသုံးပြုသူများအနေဖြင့် ဤပရောဂျက်တွင် ထိထိရောက်ရောက် ပါဝင်ပံ့ပိုးလျက်ရှိသူများ ဖြစ်ရမည်။ အချိန်သတ်မှတ်မထားသော်လည်း အနည်းဆုံး သုံးလခန့် ပါဝင်ပံ့ပိုးခဲ့ပြီး ဖြစ်သင့်သည်။
  • စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်လိုသည့် တည်းဖြတ်သူများသည် သူတို့၏ ကိုယ်ရေးတွင် ရေရာသော အီးမေးလ်လိပ်စာတစ်ခု ထည့်သွင်းထားသင့်သည်။ ထိုအီးမေးလ်အား ပုံမှန်စစ်ဆေးဖတ်ရှုကာ တုံ့ပြန်ရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် စီမံခန့်ခွဲသူများအား ရံဖန်ရံခါတွင် အီးမေးလ်ဖြင့် ဆက်သွယ်သည့်အတွက် ဖြစ်သည်။

အခြားလိုအပ်ချက်များ - စည်းမျဉ်းများနှင့် လုပ်ငန်းဆောင်တာများကို ရင်းနှီးပြီး ဖြစ်ရမည်

  • အဆိုပြုထားသူသည် မြန်မာဝီကီပီးဒီးယား၏ မူဝါဒများနှင့် လမ်းညွှန်ချက်များအား ရင်းနှီးပြီး ဖြစ်ရမည်။
  • အဆိုပြုထားသူသည် စာမျက်နှာများ ပြောင်းလဲခြင်းနှင့်လည်း ရင်းနှီးကျွမ်းဝင်ထားသင့်သည်။ ဤအချက်ကြောင့် အသုံးပြုသူတစ်ဦးသည် ဤဝီကီပီးဒီးယားသို့ ရာချီသော ပြင်ဆင်ပြောင်းလဲမှုများကို ဆောင်ရွက်ထားပြီး ဖြစ်ရမည်။ ပြင်ဆင်မှု အရေအတွက် အတိအကျ ကန့်သတ်မထားသော်လည်း ကောင်းမွန်သော ပြင်ဆင်မှု အနည်းငယ်သည် အရည်အသွေးညံ့သော ပြင်ဆင်မှု များစွာထက် ပိုမိုကောင်းမွန်သည်။
  • ဤဝီကီပီးဒီးယားတွင် မတူညီသော အစိတ်အပိုင်းများရှိသည်။ စီမံခန့်ခွဲသူ တစ်ဦး ဖြစ်လာရန်အတွက် အဆိုပြုထားသူ၏ တည်းဖြတ်မှု အများစုသည် ဤဝီကီပီးဒီးယားအား ပိုမိုကောင်းမွန်စေသော အပိုင်းများတွင် ဖြစ်ပါက ပိုမို သင့်လျော်သည်။ ဆောင်းပါးများ ("ပင်မ" အစိတ်အပိုင်းတွင်) ပေါင်းထည့်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊ တမ်းပလိတ်များ ("တမ်းပလိတ်" အစိတ်အပိုင်းတွင်) ရေးသားခြင်း သို့မဟုတ် ကောင်းမွန်အောင် ပြုပြင်ခြင်း၊ သို့မဟုတ် ကဏ္ဍစနစ် ("ကဏ္ဍ" အစိတ်အပိုင်း) အား ပိုမိုကောင်းမွန်စေခြင်းတို့ဖြင့် ဤဝီကီပီးဒီးယားအား ပိုမိုကောင်းမွန်လာစေသည်။ "အသုံးပြုသူ" သို့မဟုတ် "အသုံးပြုသူ ဆွေးနွေးချက်စာမျက်နှာ" အမည်ညွှန်းများတွင် ပြင်ဆင်မှု အများဆုံးပြုလုပ်လေ့ရှိသော အဆိုပြုထားသူများအား တည်းဖြတ်သူအများစုက ထောက်ခံလေ့မရှိပါ။

တောင်းဆိုမှု ပြုလုပ်ခြင်း

  • စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်လိုသူသည် Request for adminship စာမျက်နှာတွင် တောင်းဆိုမှုတစ်ခု (မဲတောင်းခံခြင်း) ကို ပြုလုပ်ရမည် ဖြစ်သည်။ မိမိကိုယ်တိုင်အား အဆိုပြုထားနိုင်သလို အခြားသော တည်းဖြတ်သူအားလည်း ကိုယ်စားအဆိုပြုနိုင်သည်။
  • အမည်ရှိ တည်းဖြတ်သူတစ်ဦးသည် အခြားသော တည်းဖြတ်သူတစ်ဦးအား စီမံခန့်ခွဲသူအဖြစ် အဆိုပြုထားနိုင်သော်လည်း အဆိုပြုခြင်းခံရသူသည် သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ပြီး အဆိုပြုခြင်းခံရသူသည် အဆိုပြုခြင်းအား လက်ခံရန် လိုအပ်သည်။

မဲပေးခွင့်ရှိသူများ

  • အမည်မသိ သို့မဟုတ် အမည်ရှိ အသုံးပြုသူများအပါအဝင် အသုံးပြုသူအားလုံးသည် တောင်းဆိုမှုများတွင် သုံးသပ်ချက်များ ပေးနိုင်သည်။
  • အမည်ရှိ တည်းဖြတ်သူတိုင်း မဲပေးနိုင်သည်။ သို့သော်လည်း ကန့်သတ်ချက်အချို့ရှိနေပြီး အောက်ပါအတိုင်း ဖြစ်သည်။
  • အမည်မသိ အသုံးပြုသူများ မဲပေးခွင့် မရှိပါ။
  • အမည်ရှိ တည်းဖြတ်သူများသည် မြန်မာဝီကီပီးဒီးယားတွင် သက်တမ်း သုံးလနှင့် ပင်မ အမည်ညွှန်းတွင် အလိုအလျောက် မဟုတ်သော တည်းဖြတ်မှုအနည်းဆုံး ၂၀၀ ပြည့်ပြီး ဖြစ်မှသာ ဝင်ရောက် မဲပေးနိုင်သည်။
  • စီမံခန့်ခွဲသူဖြစ်ရန် လျောက်ထားသည့် တည်းဖြတ်သူသည်လည်း သူ၏ တောင်းဆိုချက်တွင် မဲပေးခွင့် မရှိပါ။
  • အကောင့်များစွာ အသုံးပြု၍ မဲပေးရန် ကြိုးပမ်းပါက ပိတ်ပင်ခြင်း ခံရမည်ဖြစ်ပြီး ထိုမဲများအား ထည့်သွင်းရေတွက်မည် မဟုတ်ပါ။
  • မဲပေးမှု စတင်ချိန်တွင် ဆောင်းပါးများအား တည်းဖြတ်ခြင်း မပြုလုပ်နိုင်သော အသုံးပြုသူများ မဲပေးခွင့် မရှိပါ။ တည်းဖြတ်ခြင်းမှ ပိတ်ပင်ခံထားရသော အသုံးပြုသူများ၏ မဲများအား ထည့်သွင်းရေတွက်မည် မဟုတ်ပါ။

အဖွဲ့အစည်းမှ မဲပေးခြင်း

  • မဲပေးခြင်းအား ရက်သတ္တပတ် တစ်ပတ်ကြာ ဖွင့်ထားမည် ဖြစ်သည်။ ကိုယ်တိုင် အဆိုပြုခြင်း ဖြစ်ပါက တောင်းဆိုမှု စတင် တင်သွင်းသည့်ရက်မှ ရက်သတ္တပတ် တစ်ပတ် ရေတွက်မည်ဖြစ်သည်။ အကယ်၍ အခြားသော တည်းဖြတ်သူတစ်ဦးမှ အဆိုပြုထားခြင်း ဖြစ်ပါက အဆိုပြုခြင်း ခံရသည့် တည်းဖြတ်သူသည် အဆိုပြုခြင်အား လက်ခံသည့်ရက်မှ စတင်ရေတွက်မည် ဖြစ်သည်။
  • ထိုတစ်ပတ်အတွင်း အရည်အချင်းပြည့်မီသော တည်းဖြတ်သူများအနေဖြင့် တောင်းဆိုမှုနှင့် ပတ်သက်၍ ထင်မြင်ချက်ပေးကြမည် ဖြစ်သည်။ အရည်အချင်း ပြည့်မီသော တည်းဖြတ်သူတစ်ဦးသည် တောင်းဆိုမှုအား ထောက်ခံခြင်း (support) သို့မဟုတ် ကန့်ကွက်ခြင်း (oppose) ပြုလုပ်နိုင်သည်။ မဲပေးရာတွင် မဲပေးရသည့် အကြောင်းရင်းကိုပါ ထည့်သွင်းရေးသားလေ့ရှိသည်။
  • အရည်အချင်းပြည့်မီသော တည်းဖြတ်သူတိုင်း တောင်းဆိုမှုတစ်ခုတွင် မဲတစ်ကြိမ် ပေးနိုင်သည်။
  • ရံဖန်ရံခါတွင် တောင်းဆိုမှုတစ်ခုအား ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် အတွက် ဆုံးဖြတ်ရခက်ကောင်း ခက်နေနိုင်သည်။ ထိုအချိန်တွင် သင့်အနေဖြင့် ထင်မြင်ချက်အား သုံးသပ်ချက် (comment) အပိုင်းတွင် ဝင်ရောက်ပြောဆိုနိုင်သည်။ သုံးသပ်ချက်များသည် မဲများ မဟုတ်ပါ။ အချို့သော တည်းဖြတ်သူများသည် ဆုံးဖြတ်ရခက်ခဲချိန်တွင် ကြားနေ (neutral) အဖြစ် မဲပေးလေ့ရှိကြသော်လည်း ယင်းသို့ ဆောင်ရွက်ခြင်းအား အားမပေးပါ။ ထို မဲများသည် သုံးသပ်ချက်များအဖြစ် သတ်မှတ်ခြင်းခံရနိုင်ပြီး သုံးသပ်ချက်အပိုင်းသို့ ရွှေ့ပြောင်းခံရနိုင်သည်။
  • မဲပေးခြင်း မပိတ်မီ မဲပေးသူတစ်ဦးအနေဖြင့် ပြန်လည်ပြောင်းလဲလိုခြင်း သို့မဟုတ် မဲပြန်ရုတ်သိမ်းခြင်းများ ပြုလုပ်နိုင်သည်။ မူရင်းမဲပေးထားခြင်းအား မဖျက်သင့်ဘဲ စာကြောင်းအား ခြစ်ပစ်ခြင်းဖြင့် အမှတ်အသား ပြုလုပ်ပါ။ ထိုသို့မှတ်သားထားသော မဲများအား ပယ်မဲအဖြစ် သတ်မှတ်မည် ဖြစ်သည်။

မဲရေတွက်ခြင်း

  • ရက်သတ္တပတ် တစ်ပတ်ပြီးဆုံးပြီးနောက် မဲများအား ရေတွက်မည် ဖြစ်သည်။ ထောက်ခံမှု ၇၅ % ကျော်လွန်ပါက အောင်မြင်သော တောင်းဆိုမှုအဖြစ် ယေဘုယျအားဖြင့် သတ်မှတ်သည်။

အောင်မြင်သော တောင်းဆိုမှု

  • တောင်းဆိုမှုအား ဗျူရိုကရက်တစ်ဦးမှ ဆုံးဖြတ်ပေးမည် ဖြစ်သည်။ အဆိုပြုထားသူအား စီမံခန့်ခွဲသူ သို့မဟုတ် ဗျူရိုကရက်တစ်ဦးအဖြစ် အများသဘောတူရှိပါက မဲပေးမှု ပြီးဆုံးချိန်တွင် ဗျူရိုကရက်တစ်ဦးသည် သူ၏ ကိရိယာကို အသုံးပြုကာ တည်းဖြတ်သူအား စီမံခန့်ခွဲသူအဖြစ် တင်မြှောက်မည် ဖြစ်သည်။ တောင်းဆိုမှုကို ပိတ်သိမ်းသော ဗျူရိုကရက်အနေဖြင့် ဆုံးဖြတ်မှု ပြုလုပ်ရာတွင် အများသဘောဆန္ဒအတိုင်း ဖြစ်သင့်သည်။
  • ဗျူရိုကရက်များသည် ထောက်ခံမဲများ၏ ရာခိုင်နှုန်းကိုသာမက မဲပေးသော အသုံးပြုသူများ၏ သဘောထားဆန္ဒကို အခြေခံ၍ ဆုံးဖြတ်ချက်ချသည်။
  • ယေဘုယျအားဖြင့် တောင်းဆိုမှု အောင်မြင်နိုင်ရန်အတွက် ထောက်ခံမဲ အနည်းဆုံး ၇၅% ရရှိရန် လိုအပ်သည်။
  • "တရားဝင်သော" မဲအရေအတွက် စုစုပေါင်း ၃ ခုအောက်လျော့နည်းသော တောင်းဆိုချက်တစ်ခုအား ကျရှုံးသည်ဟု ယူဆသည်။
  • တောင်းဆိုမှုအား ပိတ်သိမ်းသော ဗျူရိုကရက်အနေဖြင့် ဆီလျော်သော ခေါင်းစီးနှင့် အပိတ်အား ဆွေးနွေးချက်အပိုင်းတွင် ထည့်သွင်းရမည် ဖြစ်သည်။

ဆက်စပ်စာမျက်နှာများ