ဝီကီပီးဒီးယား:ဖျက်ပစ်ရမည့်ဆောင်းပါးများ/ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ရန်(မူဟောင်း)
- အောက်ပါဆွေးနွေးချက်သည် ပိတ်သိမ်းပြီး ဖြစ်သည်။ ကျေးဇူးပြု၍ ပြုပြင်မွမ်းမံခြင်း မပြုလုပ်ပါနှင့်။ နောက်ဆက်တွဲ သုံးသပ်ချက်များကို အပိုင်းသစ်အနေဖြင့်သာ ရေးသားသင့်ပါသည်။ သုံးသပ်ဆွေးနွေးချက် အကျဉ်းချုပ်ရလဒ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
- ဤဆွေးနွေးချက်၏ ရလဒ်မှာ စာမျက်နှာဖျက်သိမ်းရန် ဖြစ်သည်။ Ninja✮Strikers «☎» ၁၂:၄၃၊ ၈ မတ် ၂၀၁၇ (UTC)
ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ရန်(မူဟောင်း) နှင့် ဘုရား ရှိခိုး၊ ဦးချနည်း စာမျက်နှာတွေဟာ စွယ်စုံကျမ်းဆောင်းပါးဆိုတာထက် ဘုရားစာအုပ်တစ်ခုနဲ့ တူနေပါတယ်။ ဝီကီပီးဒီးယားဟာ စွယ်စုံကျမ်းတစ်ခုဖြစ်ပါတယ်။ ဝီကီစာအုပ် တစ်ခုမဟုတ်သလို ဒါ့အပြင် [[ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ရန်(မူဟောင်း)] က စာသားတွေဟာ မူပိုင်ခွင့်ရှိစာအုပ်ကနေ တိုက်ရိုက် ကူးယူထားတာမျိုးဖြစ်နေပါတယ်။ ဂုဏ်တော်ကွန်ချာ လို စာမျက်နှာမျိုးက ဖြစ်ပေါ်လာပုံ၊ အဓိပ္ပာယ်ရှင်းပြချက်၊ အသုံးဝင်ပုံ စတာတွေ ပြန်ရေးလိုက်ရင် စွယ်စုံကျမ်းဆောင်းပါး ဖြစ်လာနိုင်ပေမယ့် အခုဒီဆောင်းပါးနှစ်ခုက ဆောင်းပါးအသွင်ရေးဖို့ မလွယ်ပါ။ ဘုရား ရှိခိုး၊ ဦးချနည်း ကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လိုမျိုးဆောင်းပါးရှိလာရင် ထည့်ရေးလို့ရနိုင်လိမ့်မယ်။ နှစ်ခုလုံး ဖျက်သင့် မဖျက်သင့် ဆွေးနွေးကြပါဦး။ Ninja✮Strikers «☎» ၁၆:၃၈၊ ၈ ဇန်နဝါရီ ၂၀၁၇ (UTC)
- အခုဟာလိုမျိုး တချို့သောဆောင်းပါးတွေက ဖောင်းပွနေတာမို့ ဖျက်သင့်ပါတယ်။ Dr Lotus Black (ဆွေးနွေး) ၀၂:၃၀၊ ၉ ဇန်နဝါရီ ၂၀၁၇ (UTC)
- အထက်ပါ ဆွေးနွေးချက်သည် ပိတ်သိမ်းပြီး ဖြစ်သည်။ ကျေးဇူးပြု၍ ပြုပြင်မွမ်းမံခြင်း မပြုလုပ်ပါနှင့်။ နောက်ဆက်တွဲ သုံးသပ်ချက်များကို အပိုင်းသစ်အနေဖြင့်သာ ရေးသားသင့်ပါသည်။