ဝီကီပီးဒီးယား:အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးခြင်း

အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးခြင်း သည် အသုံးပြုသူ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး စာမျက်နှာသစ်များအား စောင့်ကြပ်စစ်ဆေးရသည့် ဝန်အားကို လျှော့ချနိုင်ရန် ရည်ရွယ်၍ သန့်စင်သော ဆောင်းပါးများစွာကို ဖန်တီးသူများအား ပေးအပ်လေ့ရှိသည်။ အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသော အသုံးပြုသူများ ဖန်တီးလိုက်သည့် ဆောင်းပါးများနှင့် စာမျက်နှာများကို "ဆန်းစစ်သုံးသပ်ပြီးကြောင်း"နှင့် "စောင့်ကြပ်စစ်ဆေးပြီးကြောင်း" စနစ်မှ အလိုအလျောက် မှတ်သားပေးသည်။ စာမျက်နှာသစ်များကို စာမျက်နှာသစ် စောင့်ကြပ်စစ်ဆေးသူတစ်ဦးမှ စစ်ဆေးကြည့်ရှုပြီး လက်သင့်ခံနိုင်ကြောင်း မှတ်သားလိုက်ပြီးသော်လည်း စာမျက်နှာသစ်များ စာရင်းတွင် ဖော်ပြပေးလျက်ရှိဦးမည် ဖြစ်သည်။ အဆိုပါအခွင့်အရေးရရှိထားသော အသုံးပြုသူများအနေဖြင့် ထပ်ဆောင်း နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ ရှိရန်မလိုပါ။ တည်းဖြတ်သူ၏ ဆောင်းပါးများ ဖန်တီးပုံတွင်လည်း ပြောင်းလဲမှု မရှိသကဲ့သို့ အသုံးပြုသူ၏ အတွေ့အကြုံ၊ အသုံးပြုမှု ပုံပန်းသွင်ပြင် သို့မဟုတ် စာမျက်နှာများ ဖန်တီးခြင်း သို့မဟုတ် ပြောင်းလဲခြင်းများတွင်လည်း တစ်စုံတစ်ရာ ပြောင်းလဲခြင်း သို့မဟုတ် ထူးခြားသွားခြင်း ရှိမည် မဟုတ်ပါ။ အခြားသော အသုံးပြုသူများမှ ကိုယ်တိုင်လုပ်ဆောင်ရသည့် လုပ်ဆောင်ချက်အား နောက်ကွယ်မှ အလိုအလျောက် လုပ်ဆောင်ပေးသော လုပ်ငန်းစဉ်သာ ဖြစ်သည်။

လုပ်ဆောင်ချက် ပြင်ဆင်ရန်

အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသော အခွင့်အရေး ရှိသူနှင့် မရှိသူများအကြား ဆောင်းပါးများ ဖန်တီးရာတွင် ကွာခြားချက်အား အောက်တွင် ဖော်ပြထားသည်။

ပုံမှန် လုပ်ငန်းစဉ်

  1. အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသော အသုံးပြုသူ အခွင့်အရေး မရှိသည့် တည်းဖြတ်သူသည် ဆောင်းပါးသစ်တစ်ခုအား ပင်မအမည်ညွှန်းတွင် တိုက်ရိုက်ဖန်တီးခြင်း သို့မဟုတ် စာမူကြမ်း သို့ အခြားနေရာများမှ ပင်မအမည်ညွှန်းသို့ ပြောင်းရွှေ့ခြင်းဖြင့် ဖန်တီးသည်။
  2. ယင်းစာမျက်နှာအား စာမျက်နှာသစ်များ စာရင်းတွင် အဝါရောင်နောက်ခံဖြင့် ပြသထားပြီး "စောင့်ကြပ်စစ်ဆေးပြီးခြင်း" မရှိသေးကြောင်း ဖော်ပြထားသည်။ ယင်းအား စောင့်ကြပ်စစ်ဆေးခြင်းပြီးဆုံးသည်အထိ သို့မဟုတ် ရက် ၉၀ ကြာသည်အထိ ရှာဖွေရေး အင်ဂျင်များမှ ဝှက်ထားမည်ဖြစ်သည်။
  3. စာမျက်နှာသစ် စောင့်ကြပ်စစ်ဆေးသူတစ်ဦးမှ ဆောင်းပါးသစ်အား ပြဿနာကြီးကြီးမားမား ရှိမရှိ ဖတ်ရှုစစ်ဆေးသည်။ ဤဆန်းစစ်စစ်ဆေးချက်သည် (မူပိုင်ခွင့် ချိုးဖောက်ခြင်းကြောင့် ဖျက်ပစ်ခြင်း ကဲ့သို့သော) ဖယ်ရှားရန် မရှိပါက စောင့်ကြပ်စစ်ဆေးသူမှ ယင်းစာမျက်နှာအား "ဆန်းစစ်သုံးသပ်ပြီးကြောင်း" သို့မဟုတ် "စောင့်ကြပ်စစ်ဆေးပြီးကြောင်း" မှတ်သားသည်။

အလိုအလျောက် စောင့်ကြပ်စစ်ဆေးသော လုပ်ငန်းစဉ်

  1. အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသော အသုံးပြုသူ အခွင့်အရေး ရှိသည့် တည်းဖြတ်သူသည် ဆောင်းပါးသစ်တစ်ခုအား ပင်မအမည်ညွှန်းတွင် တိုက်ရိုက်ဖန်တီးခြင်း သို့မဟုတ် စာမူကြမ်း သို့ အခြားနေရာများမှ ပင်မအမည်ညွှန်းသို့ ပြောင်းရွှေ့ခြင်းဖြင့် ဖန်တီးသည်။
  2. ယင်းစာမျက်နှာအား စာမျက်နှာသစ်များ စာရင်းတွင် (အဝါရောင်နောက်ခံဖြင့် မပြသဘဲ) "စောင့်ကြပ်စစ်ဆေးပြီးကြောင်း" အလိုအလျောက် မှတ်သားပေးသည်။ ယင်းအား ရှာဖွေရေး အင်ဂျင်များမှ ဝှက်ထားမည်မဟုတ်ဘဲ အလိုအလျောက် အက္ခရာဝလိ အညွှန်းဆောင်ရွက်သွားမည် ဖြစ်သည်။
  3. စာမျက်နှာအသစ်များ မီဒီယာဝီကီ ဆော့ဖ်ဝဲမှ "ဆန်းစစ်သုံးသပ်ပြီးကြောင်း"နှင့် "စောင့်ကြပ်စစ်ဆေးပြီးကြောင်း" အလိုအလျောက် မှတ်သားပေးခြင်းကြောင့် လူတစ်ဦးဦးမှ နေ၍ စောင့်ကြပ်စစ်ဆေးရန် လိုအပ်မည် မဟုတ်တော့ပေ။ (သို့သော်လည်း ဆန္ဒရှိပါက ပြုလုပ်နိုင်သည်)

မှတ်သားရန် အချက်များ ပြင်ဆင်ရန်

  • အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသော အခွင့်အရေးသည် သင့်အား ဆောင်းပါးများ ဖန်တီးရာတွင် ကူညီပေးမည် မဟုတ်ပါ။ စာမျက်နှာသစ် စောင့်ကြပ်စစ်ဆေးသူများအား အလုပ်ဝန်အား လျှော့ချနိုင်စေရန်အတွက် ဤအသုံးပြုသူ အခွင့်အရေးအား သန့်စင်သော ဆောင်းပါးများ ဖန်တီးသည့် တည်းဖြတ်သူများအား ပေးအပ်ခြင်း ဖြစ်သည်။ ဆောင်းပါးများ ဖန်တီးပုံ ဖန်တီးခြင်းနှင့် ပတ်သက်၍ ပြောင်းလဲခြင်း ရှိမည် မဟုတ်ပါ
  • ဤအသုံးပြုသူ အခွင့်အရေးမှ စာမျက်နှာသစ် စောင့်ကြပ်စစ်ဆေးသူများအား တစ်စုံတစ်ရာ အကျိုးခံစားခွင့် ပေးမည် မဟုတ်ပါ။ ယုံကြည်ရသော အသုံးပြုသူများမှ ဖန်တီးသော ဆောင်းပါးများအား စောင့်ကြပ်စစ်ဆေးပြီးကြောင်း နောက်ကွယ်မှ အလိုအလျောက် မှတ်သားခြင်းဖြစ်ပြီး စောင့်ကြပ်စစ်ဆေးသည့် အတွေ့အကြုံလုပ်ငန်းစဉ်များ အကျိုးသက်ရောက်မည် မဟုတ်သလို စာမျက်နှာများ ဆန်းစစ်ရာတွင် မြန်ဆန်ခြင်း ရှိမည်လည်း မဟုတ်ပါ။
  • ဆောင်းပါးမဟုတ်သော စာမျက်နှာများ (ဥပမာ တမ်းပလိတ်များ၊ ဖိုင်များကို စောင့်ကြပ်စစ်ဆေးခြင်း လိုကောင်းလိုနိုင်သည်။

အခွင့်အရေး ရယူခြင်း ပြင်ဆင်ရန်

အသုံးပြုသူအခွင့်အရေးအား ဝီကီပီးဒီးယား:ခွင့်ပြုချက် တောင်းဆိုခြင်းများ/အလိုအလျောက် စောင့်ကြပ်စစ်ဆေးခြင်း တွင် တောင်းဆိုနိုင်သည်။ သို့မဟုတ် သင့်လုပ်ဆောင်ချက်များအား ရင်းနှီးကျွမ်းဝင်သည့် မည်သည့် စီမံခန့်ခွဲသူမဆိုမှ ပေးအပ်နိုင်သည်။ စီမံခန့်ခွဲသူများအနေဖြင့် သူတို့ကိုယ်တိုင်အား ဤအခွင့်အရေး ပေးအပ်နိုင်သည်။ ဝီကီပီးဒီးယား၏ မူဝါဒများ နှင့် လမ်းညွှန်ချက်များ အထူးသဖြင့် သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများမူပိုင်ခွင့်များစိစစ်အတည်ပြုခံနိုင်မှု နှင့် ထင်ရှားအရေးပါမှု တို့ဖြင့် ရင်းနှီးကျွမ်းဝင်ကာ ဆောင်းပါးသစ်များ ပုံမှန် ရေးသားလေ့ရှိသော ယုံကြည်ရသည့် တည်းဖြတ်သူများအား ဤအလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသော အခွင့်အရေးကို ပေးအပ်လေ့ရှိသည်။ အကြံပြုထားသော စံသတ်မှတ်ချက်မှာ ပြန်ညွှန်းများ သို့မဟုတ် သံတူကြောင်းကွဲစာမျက်နှာများ မပါဘဲ ခိုင်လုံသော ဆောင်းပါး ၂၅ ခု ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော်လည်း ဤအခွင့်အရေးအား အသုံးပြုသူအသစ်များအား ဆောင်းပါးမည်မျှပင် ဖန်တီးထားစေကာမူ ပုံမှန်အားဖြင့် ပေးအပ်လေ့မရှိပါ။

  • အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသော အသုံးပြုသူ အခွင့်အရေးရှိသူများအား စာမျက်နှာများအား ဆန်းစစ် စစ်ဆေးပြီးကြောင်း သို့မဟုတ် စောင့်ကြပ်စစ်ဆေးပြီးကြောင်း မှတ်သားနိုင်သည့် အခွင့်အရေးပေးအပ်ခြင်း မဟုတ်ပါ။
  • သင့်အနေဖြင့် "သန့်စင်သော" ဆောင်းပါးများ ဖန်တီးသည့် ခိုင်လုံသော ရာဇဝင်ရှိသော အတွေ့အကြုံရှိ တည်းဖြတ်သူတစ်ဦးအား သိရှိပါက သူတို့အတွက် အခွင့်အရေးအား တောင်းဆိုပေးနိုင်သည်။
  • အသုံးပြုသူတစ်ဦး၏ သန့်စင်သော စာမျက်နှာများ အများအပြား ဖန်တီးထားပါက စီမံခန့်ခွဲသူများအနေဖြင့် သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဤအခွင့်အရေးအား ပေးအပ်နိုင်သည်။ ဤသို့ဖြင့် စာမျက်နှာသစ် စောင့်ကြပ်စစ်ဆေးသူများ၏ အလုပ်ဝန်အားကို လျှော့ချပေးနိုင်သည်။ ဤသို့ဖြင့် စီမံခန့်ခွဲသူများသည် ပုံမှန် တောင်းဆိုခြင်းလမ်းစဉ် သို့မဟုတ် ဆွေးနွေးချက်များအား လုပ်ဆောင်ရန်မလိုဘဲ အခြားသော တည်းဖြတ်သူများ (သူတို့ကိုယ်တိုင်အပါအဝင်)ကို လွတ်လပ်စွာ ပေးအပ်နိုင်သည်။
  • အထက်တွင် ဖော်ပြထားသော အရေအတွက်စံနှုန်းဖြင့် ကိုက်ညီနေသော်လည်း အသုံးပြုသူတစ်ဦး၏ စာမျက်နှာများဖန်တီးမှုသည် စောင့်ကြပ်စစ်ဆေးရန် လိုအပ်သည်ဟု ယူဆပါက စီမံခန့်ခွဲသူများသည် သူတို့၏ ဆုံးဖြတ်ချက်ဖြင့် အသုံးပြုသူအား အခွင့်အရေး ပေးအပ်ရန် ငြင်းဆိုနိုင်သည်။

လတ်တလောတွင် အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသော အသုံးပြုသူ အခွင့်အရေးရှိသည့် အသုံးပြုသူ ၅ ဦး ရှိသည်။

တမ်းပလိတ်:Wikipedia accounts