ဝီလဂါမ ဝိဟာရ
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (February 2021) |
ဝီလဂါမဝိဟာရ ("ဗီဂန်ရာဇမဟာဝိဟာရ" ဟုလည်း သိကြ) သည် သီရိလင်္ကာနိုင်ငံ၊ ထရင်ကွန်မလီးခရိုင်၊ ကန်နိယမြို့တွင် တည်ရှိသည့် သမိုင်းဝင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းကျောင်းတော်ကို ဟိန္ဒူဘာသာဝင်များက "Natanar Kovil" ဟုလည်း သိကြသည်။ သမိုင်းကြောင်းများအရ ဗီဂန်ဝိဟန်ရသည် နိုင်ငံရှိ အရေးပါသည့် ဗုဒ္ဓဘာသာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကျောင်းတော်တွင် သီရိလင်္ကာနှင့် တမီလူမျိုး ဗုဒ္ဓဘာသာဝင်တို့သည် ဝတ်ပြုမှုများ လုပ်ကြသည်။
ဝီလဂါမဝိဟာရ | |
---|---|
වෙල්ගම් වෙහෙර | |
Ancient Stupa in Velgam Vehera | |
အချက်အလက်များ | |
တည်နေရာ | Trincomalee, Sri Lanka |
ကိုဩဒိနိတ် | 08°38′44.4″N 81°10′16.4″E / 8.645667°N 81.171222°Eကိုဩဒိနိတ်: 08°38′44.4″N 81°10′16.4″E / 8.645667°N 81.171222°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ခရိုင် | Trincomalee |
စီရင်စု | Eastern Province |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument[၁] |
ဗိသုကာ | |
ဗိသုကာ အမျိုးအစား | Buddhist Temple |
တည်ထောင်သူ | King Devanampiyathissa (307–267 BC) |
ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံရှေးဟောင်းသုတေသနဌာနက ထရင်ကွန်မလီးခရိုင်ရှိ ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ကျောင်းတော်ကို ဒေဝါနံပီယတိဿမင်း (307–267 BC) အုပ်စိုးစဉ်က တည်ခဲ့သည်ဟု ယုံကြည်ရသည်။ နောက်ပိုင်းတွင် ကျောင်းတော်အား ပြင်ဆင်မွမ်းမံမှုများကို ဘုရင် Bathiya I, Agkbo II, Vijayabahu I and Parakramabahu I အစရှိသည့် ဘုရင်များက ဆောင်ရွက်ခဲ့ကြသည်။ ဘုရင် Bhatika Tissa (141-165 AD) လက်ထက်တွင် ရေးထိုးထားခဲ့သည့် ကျောက်စာတစ်ခုကိုလည်း ကျောင်းတော်တွင် တွေခဲ့ရသည်။ အနုရာဒပူရနှင့် ပိုလွန်နရူပမင်းဆက်များ ပြိုလဲပြီးနောက်တွင် လူများသည် နိုင်ငံတောင်ပိုင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုသို့ ပြောင်းရွှေ့ခဲ့ကြသဖြင့် ကျောင်းတော်သည် စွန့်ပစ်ခံခဲ့ရကာ အပျက်အစီးများအဖြစ်သို့ ရောက်ရှိခဲ့သည်။
အေဒီ ၉၉၃ တွင် အိန္ဒိယမှ Cholas ၏ ကျူးကျော်မှုနှင့်အတူ နိုင်ငံတဝှမ်းရှိ ဗုဒ္ဓဘာသာကျောင်းတော်များစွာတို့သည့် ဖျက်ဆီးခံခဲ့ရသည်။[၂] ဝီလဂါမဝိဟာရသည် ဖျက်ဆီးခံရမှုမှ လွတ်မြောက်ခဲ့သည်။ Cholas လက်ထက်တွင် ကျောင်းတော်ကို ပြန်လည်ပြင်ဆင်ရမည့်အစား ကျောင်းတော်တွင် သူတို့၏ ကိုယ်ပိုင်ပုံစံများကို ထည့်သွင်းခဲ့သည်။ ထို့နောက်တွင် ဘုရင် Rajaraja I က ကျောင်းတော်ကို Rajarajaperumpalli ဟု အမည်ပေးခဲ့သည်။[၃] အချို့သော တမီကျောက်စာများတွင် ဘုရင် Rajaraja နှင့် Rajendradeva တို့လက်ထက်အတွင်း ပြုလုပ်ခဲ့ကြသည့် ကျောင်းတော်အတွက် လှူဒါန်းမှုများကို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။
၁၉၂၉ ခုနှစ်တွင် ဝီလဂါမဝိဟာရ၏ အပျက်အစီးများကို သီရိလင်္ကာရှေးဟောင်းသုတေသနဌာနက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၁၉၃၄ ခုနှစ်တွင် ထိုနေရာကို ထိန်းသိမ်းစောင့်ရှောက်ရမည့်နေရာအဖြစ် သတ်မှတ်ခဲ့သည်။[၄]
အပျက်အစီးများ
ပြင်ဆင်ရန်အချို့အပျက်အစီးများသည် ကျောင်းတော်ပဝုဏ်တစ်ခုလုံးတွင် ပြန့်ကြဲလျက်ရှိသည်။ ၎င်းပြန့်ကြဲနေသည်များတွင် ကျောက်စာများ၊ အုတ်အမိုးခုံးများ၊ ရုပ်ပွားတော်ထားရှိရာ အဆောက်အဦအပိုင်းအစများ၊ ဘောင်များ၊ တံတိုင်းကျောက်တုံးများ စသည်တို့ ပါဝင်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Velgamvehera။ Department of Archaeology။ 23 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Velgam Vehera။ Travel Lanka Compass။ 2 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2016 တွင် ပြန်စစ်ပြီး။
- ↑ A recollection of a past။ Exploresrilanka (March 2012)။ 17 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2016 တွင် ပြန်စစ်ပြီး။
- ↑ Velgam Vehera။ Govisitsrilanka.com။ 4 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2016 တွင် ပြန်စစ်ပြီး။