ဝေါဟာရ
ဝေါဟာရ ဆိုသည်မှာ ပါဠိ စကားလုံးတစ်လုံးဖြစ်ပြီး စကား၊ ခေါ်ဝေါ်ခြင်း၊ အမည်သညာ၊ ကုန်သွယ်ခြင်း၊ တရားဆုံးဖြတ်ခြင်း[၁] စသဖြင့် အဓိပ္ပာယ်ရသည်။ မြန်မာဘာသာစကားက "ဝေါဟာရ" စကားလုံးကို ယူရာတွင် အခေါ်အဝေါ်၊ စကားလုံး[၂] (term, word, vocabulary) ဟူ၍သာ ယူငင်သုံးစွဲကြသည်။ ဝေါဟာရသည် ဘာသာရပ်တိုင်းတွင် ရှိသည်။ ဘာသာစကားရပ်တိုင်းတွင် အဘိဓာန်ရှိသည်။ အဘိဓာန်တွင်လည်း ခေတ်သုံးစကားနဲ့ဆိုင်သော အဘိဓာန်၊ ရှေးသုံးစကားအဘိဓာန် စသဖြင့် မြောက်မြားစွာရှိသည်။ ထိုဝေါဟာရများအတွက် မြန်မာအဘိဓာန် ကျမ်းပြုစုရန် ခေတ်အဆက်ဆက် ပညာရှင်များ ကြိုးစားခဲ့သော်လည်း ယခုအချိန်ထိ ပြည့်စုံသည်ဟု မဆိုနိုင်သေးပေ။ မြန်မာဝေါဟာရအများစုသည် ပါဠိရင်း၊ ပါဠိသက်၊ ပါဠိပျက်၊ သက္ကတ၊ ပေါရာဏ၊ ကျောက်စာ၊ မွန် စသော ဘာသာများမှ ဆင်းသက်လာမှုများရှိသကဲ့သို့ အင်္ဂလိပ်ဘာသာမှ တိုက်ရိုက်မွေးစားယူသော ဝေါဟာရများလည်း ရှိသည်။[၃]
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဝေါဟာရ ကို ရှာဖွေကြည့်ရှုပါ။ |
ကိုးကား ပြင်ဆင်
- ↑ ပါဠိ-မြန်မာ အဘိဓာန်၊ ဦးဟုတ်စိန်
- ↑ Burmese Orthography, Myanmar Language Commission, 1993.
- ↑ လွင်ဦးစာပေ ၂၀၁၆ မတ်လ ပထမအကြိမ်မြန်မာဝေါဟာရကျမ်းစာ