သက္ကယ်ဆိပ်ရွာ၊ သက္ကယ်ဆိပ်

သက္ကယ်ဆိပ်ကျေးရွာသည် ဘိုကလေးမြို့နယ် အတွင်း တည်ရှိပြီး သက္ကယ်ဆိပ်ကျေးရွာအုပ်စုဟု တွင်သည်။ ရှေးယခင်က ရွာကြီးတစ်ရွာဖြစ်ခဲ့သော်လည်း ရွာသူရွာသားများမှ စီးပွားရေးနိမ့်ပါး၍ အခြားအရပ်ဒေသများသို့ ပြောင်းရွှေ့ နေထိုင်လုပ်ကိုင်စားသောက်လာကြရာမှ အိမ်ခြေ ၇၀ ခန့်သာ ရှိသော ရွာသိမ်တစ်ရွာ ဖြစ်ခဲ့ရသည်။

သက္ကယ်ဆိပ်
သက္ကယ်ဆိပ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သက္ကယ်ဆိပ်
သက္ကယ်ဆိပ်
သက္ကယ်ဆိပ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°10′18″N 95°30′02″E / 16.17171°N 95.50054°E / 16.17171; 95.50054
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဖျာပုံခရိုင်
မြို့နယ်ဘိုကလေးမြို့နယ်
ကျေးရွာအုပ်စုသက္ကယ်ဆိပ်[၁]

သက္ကယ်ဆိပ်ကျေးရွာ အုပ်စုတွင် သက္ကယ်ဆိပ်ရွာအပါအဝင် ပတက်၊ ဓားမြချောင်း၊ သမ္ဗာန်ကွဲ၊ ကွက်သစ် ရွာ(၅)ရွာဖြင့် ဖွဲ့စည်းထားသည်။ ထိုကျေးရွာများထဲတွင် ပတက်ကျေးရွာမှာ စည်ကားလာပြီး ကျေးရွာအုပ်စုနှင့်သက်ဆိုင်သော အလုပ်ကိစ္စများကို ပတက်ရွာတွင်သာ စုဝေးဆောင်ရွက်ကြပေသည်။

သက္ကယ်ဆိပ်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းမှာ ရွာလယ်ပိုင်းတွင် တည်ရှိသည်။ ရွာတွင် သောက်ရေကန် (၅)ကန် ရှိသည့် အနက် ရွာလယ်ပိုင်းရှိ ကန်(၃)ကန်မှာ သောက်သုံးရေအတွက် အဓိက အသုံးပြုရသည်။ နာဂစ်မုန်တိုင်း တိုက်ခိုက်ရာ ဘိုကလေးတစ်မြို့နယ်လုံး အတိဒုက္ခ ရောက်ရသည်။ သက္ကယ်ဆိပ်ကျေးရွာသည် ချောင်းကျဉ်းပိုင်းတွင် တည်ရှိသည်မှန်သော်လည်း နာဂစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။

သက္ကယ်ဆိပ်ရွာရှိ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ရှေးဟောင်းရုပ်ပွားဆင်းတုတော်ကြီးဖြစ်ပြီး အလွန်ကြည်ညိုဖွယ်ဖြစ်သည်။ ပြုပြင်မွမ်းမံနိုင်ခြင်း မရှိသည့်အတွက်ကြောင့် မထင်ရှားပေ။ မန္တလေးမဟာမြတ်မုနိဘုရား ရုပ်ပွားဆင်းတုတော်မြတ်ကြီးကဲ့သို့ပင် ကြည်ညိုဖွယ် ကောင်းလှပေသည်။ အဆိုပါ ရုပ်ပွားတော်မြတ်ကြီးအား မန္တလေးမှ ပင့်ဆောင် ပူဇော်ထားခြင်းဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. GAD, Feb 2011