သက်ထားသူဇာ

ကြက်တောင်ရိုက် အားကစားသမား

သက်ထားသူဇာ (၁၅ မတ် ၁၉၉၉ မွေးဖွား) သည် မြန်မာ့အားကစားသမား ကြက်တောင်မယ်တစ်ဦးဖြစ်သည်။[၂] ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့သူဖြစ်သည်။

သက်ထားသူဇာ
ကိုယ်ရေးအချက်အလက်
နိုင်ငံ မြန်မာ
မွေးဖွား (1999-03-15) ၁၅ မတ်၊ ၁၉၉၉ (အသက် ၂၅)[၁]
ရန်ကုန်မြို့
အရပ်၁၅၈ စင်တီမီတာ
ကိုယ်အလေးချိန်၅၈ ကီလိုဂရမ်
လက်အနေအထားညာ
အမျိုးသမီး တစ်ဦးချင်း
လက်ရှိအဆင့်၆၄ (၃၀ မတ် ၂၀၂၁)



ပညာရေးနှင့် မိသားစု ပြင်ဆင်ရန်

ဖခင် ဦးထွန်းထွန်းဇော်နှင့် မိခင် ဒေါ်ဝင်းပပထွန်းတို့၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ Myanmar Imperial Universityမှ BA. Honsဘွဲ့ရရှိထားသည်။ မိဘနှစ်ပါးမှာလည်း ကြက်တောင်အားကစားသမားဟောင်းများဖြစ်ကြသည်။ ဖခင်ဖြစ်သူမှာ မြန်မာပြည်တံခွန်စိုက် ကြက်တောင်ရိုက်ချန်ပီယံဆုကို လေးကြိမ်ဆွတ်ခူးခဲ့သူဖြစ်သည်။[၃]

အားကစားလောက ပြင်ဆင်ရန်

အသက် ၇ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ ထိုင်းနိုင်ငံသို့သွား၍ ကြက်တောင်နည်းပြအဖြစ် လုပ်ကိုင်ရာ အတူလိုက်ပါသွားပြီး ထိုစဉ်မှပင် စတင်ကစားခဲ့သည်။ ထိုင်းနိုင်ငံဘုရင်မင်းမြတ်က ပေးအပ်သော ဂုဏ်ထူးဆောင်ဆု ၆ ဆုအထိ ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ထိုနှစ်တွင်ပင် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် သုံးကြိမ်ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လတွင် သူမ၏ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၆၄ ဖြစ်သည်။[၁]

အောင်မြင်မှုများ ပြင်ဆင်ရန်

BWF International Challenge/Series ပြင်ဆင်ရန်

အမျိုးသမီး တစ်ဦးချင်း

ခုနှစ် ပြိုင်ပွဲ ပြိုင်ဘက် ရမှတ် ရလဒ်
၂၀၁၉ Hellas Open   Kisona Selvaduray 14–21, 9–21   ဒုတိယ
၂၀၁၉ Cote d'Ivoire International   Sri Krishna Priya Kudaravalli 21–17, 21–13   အနိုင်ရရှိ
၂၀၁၉ Benin International   Daniela Macias 17–21, 21–18, 21–14   အနိုင်ရရှိ
၂၀၁၉ Mauritius International   Airi Mikkelä 21–10, 21–19   အနိုင်ရရှိ
၂၀၁၉ Kenya International   Domou Amro 21–10, 21–10   အနိုင်ရရှိ
၂၀၁၉ Uganda International   Domou Amro 21–14, 21–12   အနိုင်ရရှိ
၂၀၁၈ Nepal International   Chananchida Jucharoen 18–21, 21–10, 17–21   ဒုတိယ
၂၀၁၈ Egypt International   Alesia Zaitsava Walkover   အနိုင်ရရှိ
  BWF International Challenge tournament
  BWF International Series tournament
  BWF Future Series tournament

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "Thet Htar Thuzar"၊ BWF 
  2. Players: Thet Htar ThuzarBadminton World Federation။ 11 July 2019 တွင် ပြန်စစ်ပြီး။
  3. မင်္ဂလာမောင်မယ် ရုပ်စုံ၊ အတွဲ(၃၁)၊ အမှတ်-၅၊ (၂၀၁၉ခုနှစ် မေလ)