သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး(၁၉၃၀-၁၉၄၈)

တက္ကသိုလ်စိန်တင်၏စာအုပ်

သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး(၁၉၃၀-၁၉၄၈)စာအုပ်သည် မြန်မာစာရေးဆရာ တက္ကသိုလ်စိန်တင်ရေးသားသောစာအုပ်ဖြစ်သည်။[၁]၂၀၀၉ခုနှစ်တွင်ထုတ်ဝေသည်။ဤစာအုပ်တွင် တို့ဗမာအစည်းအရုံးဝင်သခင်များဖြစ်ကြသော တို့ဗမာအစည်းအရုံးနာယကများ တို့ဗမာအစည်းအရုံးဥက္ကဋ္ဌများ နှင့်တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး (ဗိုလ်ချုပ်အောင်ဆန်း)တို့၏အတ္ထုပ္ပတ္တိများပါဝင်သည်။ ထို့ပြင် သမိုင်းဝင်ဓာတ်ပုံများနှင့် အမျိုးသားရေး သီချင်းများလည်းပါဝင်သည်။ ဤစာအုပ်တွင် အဆိုပါသခင်များအပေါ်စာရေးသူ၏အမြင်ကိုပါဖော်ပြထားသည်။တက္ကသိုလ်စိန်တင်က မိမိစာအုပ်သည် တို့ဗမာသခင်များ၏ အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီးကို ပြည့်စုံအောင်ရေးသားထားသော စာတစ်စောင် ပေတစ်ဖွဲ့မဟုတ်ပါကြောင်း နောင်တစ်ချိန်တွင် လွတ်လပ်ရေးကြိုးပမ်းမှုကြီးကို အခန်းကဏ္ဍစုံလင်စွာဖြင့်ရေးသားကြသောအခါ မှီငြမ်းပြုရန်စာအုပ်တစ်အုပ်မျှသာ ဖြစ်ပါကြောင်း အမှာစာတွင်ရေးသားထားသည်။

စာအုပ်ရှေ့မျက်နှာဖုံး

ထုတ်ဝေမှု ပြင်ဆင်ရန်

စာပေလောကစာအုပ်တိုက်တည်ထောင်သူ သခင်ခင်ညွန့်သည် တက္ကသိုလ်စိန်တင်နှင့်တွေ့ဆုံခဲ့ပြီး စာအုပ်ရေးသားပြုစုရန် စတင်စကားကမ်းလှမ်းခဲ့သည်။ တို့ဗမာအစည်းအရုံးသမိုင်း ပြုစုရေးကော်မတီဝင်များ သခင်စံလှိုင်(ဗိုလ်မှူးအောင် ရဲဘော်သုံးကျိပ်) သခင်ချစ်မောင်(ဝိဓူရ) သခင်ခင်အောင် သခင်ချစ်(ဒေးဒရဲ)နှင့် သခင်သိန်းဖေ(ဝါးခယ်မ)တို့က စာမူကို တည်းဖြတ်ပေး ဆွေးနွေးပေးခဲ့ကြသည်။[၂] စာစီရာတွင် စိတ်ရှည်လက်ရှည်ဆောင်ရွက်ပေးသော "ပုံရိပ်ရှင် ကွန်ပျူတာနှင့်ဖလင်"မှမောင်အောင်ဇော်ထွန်း မသွယ်သွယ်ဟန်နှင့် အတွင်းဓာတ်ပုံအချို့ရှာဖွေကူညီပေးသော ဝါရင့်ဓာတ်ပုံပညာရှင် ညောင်ဦးဘိုးချို စာရေးဆရာ သန်းဝင်းလှိုင်နှင့် စာရေးဆရာ ဇင်ယော်(မာန်) မျက်နှာဖုံးဓာတ်ပုံနှင့်အတွင်းဓာတ်ပုံဒီဇိုင်းများ အကြိမ်ကြိမ်ပြင်ဆင်ရေးဆွဲကူညီပေးခဲ့သော နိဒါန်းသစ်ပုံနှိပ်လုပ်ငန်းမှ ပန်းချီအံ့ဘွယ်ဇင်နှင့် ညီမငယ်လေး မိုးဒေဝါ အတွင်းပုံနှိပ်သူ ဝိဇာဒ်ပုံနှိပ်တိုက်မှ ဦးမျိုးမင်း မျက်နှာဖုံးပုံနှိပ်သူ နေလရောင်ပုံနှိပ်တိုက်မှ ဦးတိုးဝင်း စာအုပ်ချုပ်ဦးစိုးမြင့် ပပစိုးတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းကို စာရေးသူက အမှာစာတွင်ရေးသားဖော်ပြထားသည်။ အားမာန်သစ်စာပေတိုက်ပိုင်ရှင် ဆရာခွန်ဂျာမှိုင်း(ဦးညိုမှိုင်း) သဇင်ဓာတ်ပုံတိုက်မှ အုပ်ချုပ်သူပညာရှင်လူငယ်နှင့်ဧည့်သည်ဓာတ်ပုံပညာရှင် မိန်းမပျိုတို့ကိုလည်းကျေးဇူးတင်ပါကြောင်း စာရေးသူက မှတ်တမ်းတင်ထားသည်။

အမှာစာရက်စွဲ ပြင်ဆင်ရန်

အမှာစာ၏အဆုံးသတ်တွင်ရှိသော ရက်စွဲသည် ၁၉၉၈ ဇန်နဝါရီ ၄ရက်နေ့ဖြစ်သည်။ သို့သော် ၂၀၀၉ခုနှစ် အောက်တိုဘာရောက်မှသာ ပထမဆုံးအကြိမ်ထုတ်ဝေနိုင်ခဲ့သည်။ဤသို့နှောင့်နှေးကြန့်ကြာနေရသည့်အကြောင်းရင်းကို စာရေးသူက စာအုပ်တွင်ဖော်ပြမထားပါ။

ရည်ညွှန်းချက် ပြင်ဆင်ရန်

တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးကော်မတီက ဤစာအုပ်ကို မျိုးနွယ်ဆက်လူငယ်များအထူးပင်ဂုဏ်ယူလေ့လာထိုက်ကြောင်းညွှန်းဆိုထားသည်။

မာတိကာ ပြင်ဆင်ရန်

တို့ဗမာအစည်းအရုံးနာယကများ ပြင်ဆင်ရန်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း

သခင်မောင်ကြီး(လယ်တီပဏ္ဍိတ ဦးမောင်ကြီး M.A)

သခင်စိုးသိမ်း

တို့ဗမာအစည်းအရုံးဥက္ကဋ္ဌများ ပြင်ဆင်ရန်

သခင်ဘသောင်း

သခင်ဗစိန်

သခင်လေးမောင်

သခင်သိန်းမောင်ကြီး(မီးတုတ်)

သခင်ထွန်းအုပ်

သခင်မြ

တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးများ ပြင်ဆင်ရန်

သခင်အောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) [၃]

ကိုးကား ပြင်ဆင်ရန်

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

(၁)တို့ဗမာအစည်းအရုံးသမိုင်း ပထမတွဲ တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့

(၂)တို့ဗမာအစည်းအရုံးသမိုင်း ဒုတိယတွဲ တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့

(၃)တို့ဗမာအစည်းအရုံးကြီး တို့ဗမာအစည်းအရုံးဌာနချုပ်

(၄)ဆရာကြီးသခင်ကိုယ်တော်မှိုင်းလူထုဒေါ်အမာ

(၅)လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး၊ ပါရဂူ

စာကိုး ပြင်ဆင်ရန်