သန်းဝင်းလှိုင် (၂၂ ဇူလိုင် ၁၉၅၈-၁၂ ဒီဇင်ဘာ ၂၀၂၀) သည် မြန်မာနိုင်ငံသား စာရေးဆရာ တစ်ဦးဖြစ်သည်။ ၁၉၅၈ ခု၊ ဇူလိုင် ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ အဖ ဦးစိန်ထွန်း (ဗေဒင် လက္ခဏာ ဆရာ)၊ အမိ ဒေါ်တင်အေး (ကွယ်လွန်) တို့မှ မွေးဖွား၍ တစ်ဦးတည်းသော သား ဖြစ်တယ်။ အမည်ရင်း ဦးသန်းဝင်းဖြစ်သည်။ ငယ်စဉ်ကပင် စာပေနှင့် ပန်းချီ ဝါသနာ ထုံ၍ နံရံကပ် စာစောင်များတွင် ဆောင်းပါးများ ရေးသား၍ ပန်းချီကားများ ရေးဆွဲခဲ့သည်။ ကျောင်းနေစဉ် ကျောင်းစာကြည့်တိုက်များ၌လည်း စာကြည့်တိုက်မှူးအဖြစ် အကြိမ်ကြိမ်တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။

သန်းဝင်းလှိုင်
မွေးဖွားသန်းဝင်း
(၁၉၅၈-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၇"။-၂၂)ဇူလိုင် ၂၂၊ ၁၉၅၈
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ကွယ်လွန်ဒီဇင်ဘာ ၁၆၊ ၂၀၂၀(၂၀၂၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၆) (အသက် ၆၂)
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုး မြန်မာ
မိဘဦးစိန်ထွန်း၊ ဒေါ်တင်အေး
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ထို့နောက် ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်းပါ 'အနာဂတ် အာကာသလွန်းပျံယာဉ်' သိပ္ပံ ဆောင်းပါးဖြင့် စာပေနယ်ကို စတင် ဝင်ရောက်ခဲ့သည်။ ၁၉⁠၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော 'ကျောက်မျက်ရတနာလက်စွဲ' စာအုပ်သည် ပထမဆုံး လုံးချင်းစာအုပ် ဖြစ်သည်။ ဆက်လက်၍ 'နေမဝင်သေးသည့် ဘုရင်များ'၊ 'လူတိုင်းအတွက် သုတဗေဒင်'၊ 'ရုပ်တုမှ ပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ'၊ '၂ဝ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ'၊ 'အနှစ်ချုပ် မြန်မာ့သမိုင်း အဘိဓာန်'၊ '၂ဝ ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ'၊ 'နန်းစဉ် ရတနာနှင့် နန်းဓလေ့ စာတမ်းများ'၊ 'အသုံးချ ရူပသျှတ္တရပညာ' စာအုပ်များကို ရေးသားခဲ့သည်။

ယခင်က သုတစွယ်စုံ မဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် (၁၉၈၆) ခုမှ (၁၉⁠၉၆)ခုနှစ်အထိ ရေးသားခဲ့သည်။ ထို့အပြင် 'မြန်မာ့ ဈေးကွက် စီးပွားရေးဂျာနယ်'နဲ့ 'မြရိပ်ညိုဂျာနယ်' တို့ကို ပထမဆုံး တာဝန်ခံ ထုတ်ဝေခဲ့ပြီး၊ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ သန်းဝင်းလှိုင် ကလောင် အမည်အပြင် 'သိပ္ပံချစ်သူ'၊ 'စိန်လှိုင်တင်'၊ 'နေရဲစွမ်း'၊ 'မောင်စစ်ပြန်'၊ 'ပြည်ဟိန်း' စသည့် ကလောင်အမည်ခွဲများဖြင့်လည်း စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး အဖွဲ့ဝင်အမှတ်မှာ (၁၀၁) ဖြစ်သည်။

ထို့နောက် ဝန်ကြီးချုပ်ဟောင်း ဦးနု နှစ် (၁ဝဝ) ပြည့်နေ့ (၂၅ မေ ၂ဝ⁠ဝ၇) တွင် ထုတ်ဝေရန် စီစဉ်ထားသော 'ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ဘဝပုံရိပ်နဲ့ ဓာတ်ပုံမှတ်တမ်းများ' စာအုပ်ကိုလည်း နအဖ စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင် ခဲ့သည်။

နိုင်ငံရေးလုပ်ဆောင်ခြင်း ပြင်ဆင်ရန်

ဦးသန်းဝင်းလှိုင်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ၌ အမျိုးသားပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစုမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ပါတီတွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၁]

ဖမ်းဆီးထိန်းသိမ်းခံရခြင်း ပြင်ဆင်ရန်

စာရေးဆရာ သန်းဝင်းလှိုင်သည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပါဝင်သော ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ စာအုပ်ကို ရေးသားထုတ်ဝေမှုနှင့် ၂ဝ⁠ဝဝ ခုနှစ်၊ ဇွန်လတွင် ထောင် (၇) နှစ် ကျခံ ခဲ့ရပြီး၊ ၂ဝ⁠ဝ၇ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ကလောင်အမည်များ ပြင်ဆင်ရန်

  • သန်းဝင်းလှိုင်
  • သိပ္ပံချစ်သူ
  • ရွှေပြည်အောင်
  • စိန်လှိုင်တင်
  • နေရဲစွမ်း
  • ပြည်ဟိန်းအောင်
  • သန်းရွှေနိုင်

ထုတ်ဝေပြီး စာအုပ်များ ပြင်ဆင်ရန်

  • ကျောက်မျက်ရတနာလက်စွဲ
  • နေမဝင်သေးသည့် ရှင်ဘုရင်များ(ပ ဒုတွဲ)
  • လူတိုင်းအတွက် သုတဗေဒင်
  • ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ
  • ၂၀ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ
  • အနှစ်ချုပ် မြန်မာ့သမိုင်း အဘိဓာန်(ပ ဒုတွဲ)
  • ၂၀ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ
  • အသုံးချသျှတ္တရပညာ
  • အကျော်ဇေယျ စာဆိုတော်များ
  • မြန်မာ့သမိုင်းတွင် မေ့ပျောက်၍မရသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
  • ဥဩအော်မြည် ကုန်းဘောင်တည်
  • နယ်ချဲ့ဆန့်ကျင်ရေး ငြိမ်းချမ်းရေးဖခင်ကြီး
  • မျိုးချစ်စာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း
  • နီပေါနန်းကျဘုရင်
  • ဒုတိယမြောက်အဲလိဇဘက်ဘုရင်မ
  • ဂျပန်ဧကရာဇ်ဘုရင်
  • ထိုင်းဘုရင်မင်းမြတ်
  • နိုင်ငံ့ဥသျှောင် မင်းဧကရာဇ်များ
  • နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ
  • သူတို့မြင်သော ဗိုလ်ချုပ်အောင်ဆန်း
  • ဒေါက်တာဘမော်၏ နိုင်ငံရေးဆောင်ရွက်ချက်များ
  • ၁၉ရာစု မြန်မာ့သမိုင်းကိုပြောပြနေသော နေ့ရက်များ
  • အထင်ကရ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ
  • မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံခြားသားများ
  • အာဇာနည်နေ့ကိုဖြင့်မမေ့သင့်ပါ။
  • လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့
  • ဗိုလ်ချုပ်အောင်ဆန်းဘွဲ့ကဗျာနှင့် သီချင်းများ
  • တော်လှန်ရေးကောင်စီ ဘာကြောင့်အာဏာသိမ်းပိုက်ခဲ့သလဲ။
  • အာဏာရှင်ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း
  • လူငယ်နှင့်ခေါင်းဆောင်မှု
  • သခင်ဋီကာသစ်
  • သင်ဈေးရောင်းတတ်သလား
  • ဗိုလ်ချုပ်အောင်ဆန်း၏လူငယ်ဘဝ
  • ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သူ
  • တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဘာမှာခဲ့သလဲ

မထုတ်ဝေရသေးသောစာအုပ်များ ပြင်ဆင်ရန်

  • ဝန်ကြီးချုပ် ဦးနုဘဝနှင့် စာပေမှတ်တမ်း
  • ရုန်းထွက်ခဲ့ရသောဗမာပြည်
  • အနက်ဖော်ရခက်သော နေ့စဉ်သုံးမြန်မာဝေါဟာရ အဘိဓာန်
  • ဗိုလ်ချုပ်အောင်ဆန်း၏ဘဝနှင့် ဓာတ်ပုံမှတ်တမ်း
  • မြန်မာ့သမိုင်းဝင် စာချုပ်စာတမ်းများ
  • လူငယ်နီတိ
  • နှစ်၃၀၀ နိုင်ငံရေးအဘိဓာန်
  • သခင်သန်းထွန်း၏ အတိတ် ပစ္စုပ္ပန် အနာဂတ်ပုံရိပ်
  • ရှေးခေတ်မြန်အာစစ်ပညာ အဘိဓာန်
  • အာဏာရှင်ခေတ် မြန်မာစစ်ဗိုလ်ချုပ်များ
  • ဗိုလ်အောင်ကျော်ဘဝနှင့်သူ့လုပ်ဆောင်ချက်
  • အာဏာရှင်နှင့် ပေါင်းစားနေသော ခရိုနီကြီးများ
  • ဗိုလ်ချုပ်ဂွမ်မော် သို့မဟုတ် ကချင်တော်လှန်ရေးအတွက်မွေးဖွားလာခဲ့သူ
  • ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ဖွဲ့စည်းခဲ့သော ရဲဘော်သုံးကျိပ်
  • ဓာတ်ပုံထဲမှ ဗိုလ်ချုပ်ဘဝ

ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ ပြင်ဆင်ရန်

ဂဠုန်ဦးစော၏နောက်ဆုံးနေ့များ စာအုပ်သည် ၂၀⁠၀၉ ခုနှစ်တွင် အရောင်းရဆုံး (TopTen) စာရင်းဝင်လေသည်။

ဂဠုန်ဦးစောရဲ့ နောက်ဆုံးနေ့များ စာအုပ်နှင့် ပတ်သက်၍ ဂဠုန်ဦးစော၏ မြေးများက အချက်အလက်များ မှားယွင်းကြောင်းနှင့် ထုတ်ဝေခွင့် တောင်းခံမှုမပြုခဲ့ခြင်း တို့ကြောင့် တောင်းပန်ခိုင်းသည့် စာတစောင်ပေးခဲ့သည်။ စာရေးဆရာသန်းဝင်းလှိုင် ရေးသားသော ယင်းစာအုပ်အတွက် တောင်းပန်ခိုင်းသည့်စာကို အင်ကြင်းစာပေမှ တဆင့် ဂဠုန်ဦးစော၏မြေး ဒေါ်ခေမာရင် ပေးပို့ခဲ့ရာ လက်ခံရရှိခဲ့ကြောင်း စာရေးဆရာက အတည်ပြု ပြောဆိုသည်။ အဆိုပါစာတွင် မိသားစု၏ ခွင့်ပြုချက်မရဘဲ စီးပွားရေးအတွက် ထုတ်ဝေခြင်းနှင့် ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာစေသော အချက်များပါခြင်းတို့ကြောင့် စာရေးသူမှ တောင်းပန်ရမည်ဟု ဖော်ပြထားသည်။ “ကျနော်တို့က စီးပွားရေးအရ ထုတ်ဝေတာမဟုတ်ဘူး။ နိုင်ငံရေးအရ ထုတ်ဝေတာလည်း မဟုတ်ဘူး။ အများသိသင့်သိထိုက်တဲ့ သမိုင်းတွေမို့လို့ ရေးသားထုတ်ဝေတာ ဖြစ်တယ်။ နောက်ပြီး သူတို့က အချက်အလက်တွေ မှားတယ်လို့ ပြောတယ်။ ဂဠုန်ဦးစောသမီး ဘေဘီစောရဲ့ အခြားနာမည်ဟာ မခင်ရီဆိုတာ မဟုတ်ဘူးလို့လည်း သူတို့က ပြောတယ်။ ကျနော်က အသေအချာ ကိုးကားပြီးမှ ရေးခဲ့တာ။ ၁၉၄၇ ခုနှစ် ဩဂုတ်လ (၂၉) ရက်ထုတ် သတင်းစုံဂျာနယ်မှာလည်း ဘေဘီစောရဲ့ အခြားအမည်ဟာ မခင်ရီဆိုတာ ရေးထားတယ်” ဟု စာရေးသူက ပြောသည်။ အဆိုပါ စာမူအား စာပေစိစစ်ရေးအပြင် သမိုင်းသုတေသနဌာနသို့လည်း တင်ပြခဲ့ရကြောင်း၊ ယင်းဌာနတို့မှ ၂၀⁠၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့် ချပေးခဲ့ရာ ယခုနှစ် ဇန်နဝါရီ (၂၅) ရက်တွင် စာအုပ်ဖြန့်ချိခဲ့ကြောင်း စာရေးသူက ဆက်လက်ပြောသည်။

ထိုစာအုပ်ထွက်ရှိလာပြီးနောက် ဦးညီ⁠ညီရင်နှင့် ဒေါ်ဘေဘီစောတို့၏ သားသမီးများက စာရေးဆရာထံ တောင်းပန်ရန်စာ ပေးပို့ထားခြင်း ဖြစ်ကြောင်း၊ ယင်းစာပေးပို့မှုမှာ ပုဂ္ဂလိက တောင်းဆိုမှုတစ်ခု သာဖြစ်ကြောင်း စာရေးသူဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်ခင်⁠ခင်အေးက ပြောသည်။ [၂]

၂ဝရာစု မြန်မာ့သမိုင်း စာအုပ်သည်လည်း ၂၀⁠၀၉-ခုနှစ်တွင် အရောင်းရဆုံး (TopTen) စာရင်းတွင် နံပါတ်(၁)ဖြစ်သည်။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. "UNDP ပါတီ ဒုတိယဥက္ကဋ္ဌ စာရေးဆရာ သန်းဝင်းလှိုင် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည်" (in my)၊ Eleven Media Group Co., Ltd၊ ၂၄ ဇူလိုင် ၂၀၂၀။ 
  2. ခေတ်ပြိုင်
  3. "ကိုဗစ်ကြောင့် အပါအဝင် ၂၀၂၀ အတွင်း ကြွေလွင့်သွားခဲ့ရသော အနုပညာရှင်များ" (in my)၊ Eleven Media Group Co., Ltd၊ ၂၈ ဒီဇင်ဘာ ၂၀၂၀။ 
  4. သန်းဝင်းလှိုင် (မေ ၂ဝ⁠ဝ၉)။ ၂ဝရာစု မြန်မာ့သမိုင်း။ ကံကော်ဝတ်ရည် စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  5. သန်းဝင်းလှိုင် (ဒီဇင်ဘာ ၂ဝ⁠ဝ၇)။ ရုပ်တုမှ ပြောသော မြန်မာ့ သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ။ ကံကော်ဝတ်ရည် စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  6. ဒီဗွီဘီ ၂၄ ၊ မေ ၊ ၂ဝ⁠ဝ၇ နဲ့ ၁ဝ ၊ ဇန်နဝါရီ ၊ ၂ဝ⁠ဝ၈ သတင်း
  7. သန်းဝင်းလှိုင် (၂၀၁၄ နိုဝင်ဘာလ)။ ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သူ (ပထမအကြိမ် ed.)။ လွင်ဦးစာပေ (လှည်းတန်း)။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)