သင်သေသွားသော်
သင်သေသွားသော်သည် ဆရာဇော်ဂျီ၊ စာရေးဆရာ၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ၁၉၃၅ ခုနှစ် ဒီဇင်ဘာလထုတ် အိုးဝေမဂ္ဂဇင်းတွင် ပါဝင်ခဲ့သည်။
သင်သေသွားသော်
ပြင်ဆင်ရန်ဩော်...
လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။
ကဗျာ တည်ဆောက်ပုံ
ပြင်ဆင်ရန်သင်သေသွားသော်ကဗျာသည် လင်္ကာ အမျိုးအစား ဖြစ်ပြီး အပိုဒ်လေးပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။