သစ်ထွဏ်း (ကာတွန်း)
မြန်မာကာတွန်းဆရာကြီး ဦးသစ်ထွဏ်းကို (၁၉၅၂)ခုနှစ်တွင် မွေးဖွားခဲ့သည်။ အဖ ဦးစိန်သန်း၊ အမိ ဒေါ်စိန် လှိုင်တို့၏ သား ဖြစ်သည်။ စလင်းမြို့ဇာတိ ဖြစ်သည်။ ကာတွန်းပညာကို ဝေါ့လ်ဒစ္စနီနှင့် ကာတွန်းဦးသန်းကြွယ်၊ ကာတွန်းဦးအောင်ရှိန်၊ ကာတွန်းဦးဖေသိန်းတို့၏ ကာ တွန်းပုံများကို လေ့လာရင်း လေ့ကျင့်သင်ယူခဲ့သည်။ (၁၉၇၀)ပြည့်နှစ်တွင် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ ကလေးများအတွက် ကောမစ်ဇာတ်လမ်းများ ကို အားသန်ခဲ့သည်။ ထင်ရှားသောဇာတ်ကောင်မှာ မောင်တီထွင် ဖြစ်သည်။ ယနေ့အချိန်အထိ စာနယ်ဇင်းများတွင် ကာတွန်းများ ရေးဆွဲလျက် ရှိသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်