သစ်သစ်မြင့်
ဒေါ်သစ်သစ်မြင့်သည် မြန်မာ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။
ဒေါ်သစ်သစ်မြင့် | |
---|---|
ဒေါ်သစ်သစ်မြင့် ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ရစဉ် | |
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၁၆ | |
ယခင်လူ | ဦးအောင်ကျော်မိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) |
မဲဆန္ဒနယ် | တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် (၁) |
အနိုင်ရမဲ အရေအတွက် | ၃၂၁၀၂ ( ၈၀.၂၇%)[၁] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ရန်ကုန်မြို့ | ၁၄ ဇွန်၊ ၁၉၅၇
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရှေ့ပိုင်းခရိုင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် |
ကြင်ဖော်(များ) | ဦးထွန်းဝေ (ကွယ်လွန်) |
သားသမီး | မခိုင်ယုဝေ မောင်ရဲထွဋ်ဇော် |
မိဘ | သခင်စိုးမြင့် (ဖခင်) ဒေါ်အေးကြွယ် (မိခင်) |
ပညာရေး | ဝိဇ္ဇာဘွဲ့ (စိတ်ပညာ) |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံရေး
ပြင်ဆင်ရန်ဒေါ်သစ်သစ်မြင့်သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲအရေအတွက် ၃၂၁၀၂ ( ၈၀.၂၇%)[၁] ရရှိခဲ့ကာ အရွေးချယ်ခံခဲ့ရသည်။[၂]
မိသားစု
ပြင်ဆင်ရန်ဒေါ်သစ်သစ်မြင့်၏ ဖခင်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မှ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သခင်စိုးမြင့် ဖြစ်သည်။[၃] သို့သော် သခင်စိုးမြင့်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ မှ ၁၉၉၀ ရွေးကောက်ပွဲတွင် အများစုအနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းခြင်း မရှိခဲ့သောကြောင့် မိမိမဲဆန္ဒနယ်တွင် တာဝန်ထမ်းဆောင်ခွင့် မရရှိခဲ့ပေ။
-
ဒေါ်သစ်သစ်မြင့်၏ ၂၀၁၅ ရွေးကောက်ပွဲရလဒ်
-
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်တွေ့ရစဉ်
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ State and Region Hluttaws Results။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီ တိုင်းဒေသကြီးလွှတ်တော် မဲရလဒ်။ DVB (၁၁ နိုဝင်ဘာ ၂၀၁၅)။ ၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ မိုးယံမခ (၂၃ မေ ၂၀၁၀)။ အင်န်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းစည်း – ဥက္ကဋ္ဌ၊ ပါတီခေါင်းဆောင် ဦးစိုးမြင့် ဈာပန မြင်ကွင်း။ မိုးမခမီဒီယာ။ ၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ဤ မြန်မာနိုင်ငံ နိုင်ငံရေးသမား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |