သတိုးဟိန်း (၁၉၇၃ မွေးဖွား) သည် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

၁၉၇၃ တွင် မွေးသည်။ ၁၉၉၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရသည်။ ၂၀၀၈ ခုတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အမှုဆောင်စီးပွားစီမံမဟာဘွဲ့ကို ယူသည်။ စင်ကာပူအမျိုးသားတက္ကသိုလ်မှ စီးပွားရေးကျောင်းနှင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လော့အိန်ဂျလိအန်ဒါဆင်စီမံခန့်ခွဲရေးကျောင်းတို့ အာရှပစိဖိတ်ဒေသအတွက် ပေါင်းသင်သည့် ကမ္ဘာလုံးဆိုင်ရာအမှုဆောင်စီးပွားစီမံမဟာဘွဲ့ကိုလည်း ရခဲ့သည်။

စီးပွားရေးခြေလှမ်းများ ပြင်ဆင်ရန်

ဘွဲ့ရသည်နောက် မိဘလုပ်ငန်း၌ နိုင်ငံခြားများနှင့် ပြောဆိုညှိနှိုင်းရသည့် ဆက်ဆံရေးအရာရှိအဖြစ် ဝင်လုပ်သည်။ နောက် ဒပ်ခ်ျကုမ္ပဏီ ခမ္မီနိုဗာ (Cheminova) မှာ မြေဩဇာကို ပြည်တွင်းသို့ သွင်းရန် မြန်မာ့ဩဘာကုမ္ပဏီကို ထူထောင်သည်။ [၁]

၁၉၉၇ ခုတွင် နာမည်ကျော် ကောမက် ရွက်ဖြန်းမြေဩဇာကို ထုတ်ရောင်းနိုင်ခဲ့သည်။

၂၀၀၃ ခုတွင် ဧရာဝတီမျိုးစေ့ချရေသွင်းကုမ္ပဏီကို ထူထောင်ကာ နိုင်ငံခြားစပ်မျိုးများကို တင်သွင်းသည်။ ၂၀၁၀ ခုတွင် ဥရောပသို့သွင်းနိုင်သော ဆန်အရည်အသွေးကောင်းရစေရန် ပဲခူးနယ်၌ ဒေါ်လာ ၃ သန်းတန် ဆန်စက်ဆောက်သည်။

၂၀၁၅ ခုတွင် ဂျာမနီမှ နာမည်ကြီးမြေဩဇာတံဆိပ် နိုတ္ထြိုဖိုစကာ (Nitrophoska) ကို ပြည်တွင်းသို့ သွင်းသည်။

၂၀၁၆ ခု၊ ဖေဖော်ဝါရီလတွင် ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်းမှ ရန်ကုန်၌ စိုက်ပျိုးရေးသုံးဓာတုစက်ရုံတည်ရန် အစုစပ်ချေးငွေအဖြစ် ဒေါ်လာ ၁၀ သန်းထုတ်ချေးသည်။ အဆိုပါစက်ရုံမှာ ဒေါ်လာ ၂၅ သန်း ကုန်ကျမည်ဖြစ်သဖြင့် လိုငွေ ၁၅ သန်းအနက်မှ ၁၀ သန်းကိုလည်း ၎င်းကော်ပိုရေးရှင်းမှပင် ချေးပေးမည်ဖြစ်သည်။ ဧပြီလရောက်သော် ကနဦးချေးငွေ ၁၀ သန်းမှ ၁.၅ သန်းကို အရင်းအဖြစ် မတည်ပေးပြီး ကျန် ၆ သန်းကို ကျေးလက်ချေးငွေဝန်ဆောင်မှုအဖြစ် သုံးစွဲရန် သတ်မှတ်ကာ၊ စုစုပေါင်း ၇.၅ သန်းကို လျှော်ပေးသည်။ ထိုနှစ် ဒီဇင်ဘာလတွင် နွေပင်လယ်အထူးစက်မှုဇုန်၌ ၎င်းစက်ရုံကို ဆောက်သည်။

၂၀၁၇ ခုတွင် မဟာစိုက်ပျိုးရေးအသေးစားချေးငွေလုပ်ငန်းကို စတင်သည်။ [၂]

ဒါရိုက်တာအဖြစ်ဆောက်ရွက်သည့်လုပ်ငန်းများ ပြင်ဆင်ရန်

  • မြန်မာဩဘာအုပ်စု ကုမ္ပဏီ လီမိတက်
  • မဟာစိုက်ပျိုးရေး အများပိုင် ကုမ္ပဏီ လီမိတက်
  • ဝိစာရအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမိတက်
  • ရွှေကဝမြေ ကုမ္ပဏီ လီမိတက်
  • ရွှေကဝ ကုမ္ပဏီ လီမိတက်
  • ပီတိပြည့်စုံ ကုမ္ပဏီ လီမိတက်
  • တိုးအာကာမြေ ပဲမျိုးစုံ ကုမ္ပဏီ လီမိတက်
  • ကျူပက်ခ် ကုမ္ပဏီ လီမိတက်

မိသားစုဘဝ ပြင်ဆင်ရန်

ဒေါ်စိုးမာလာနှင့်လက်ထပ်ရာ သား ၃ ယောက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Homepage - Myanma Awba
  2. Home - Maha

ပြင်ပလင့်များ ပြင်ဆင်ရန်

  ဖေ့စ်ဘွတ်ခ် ပေါ်ရှိ သတိုးဟိန်း