Animal diversity October 2007.jpg

သတ္တဗေဒ (ပါဏဗေဒ‎) ဆိုသည်မှာ သတ္တဝါများအကြောင်းကို လေ့လာသည့် ပညာတရပ်ဖြစ်ပြီး ဇီဝဗေဒမှ ခွဲထွက်လာသည့် ဘာသာ တစ်မျိုးဖြစ်သည်။ သတ္တဗေဒမှာ သတ္တဝါ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးဝင်ပုံ၊ ပြုမူနေထိုင်ပုံနှင့် ဆင့်ကဲပြောင်းလဲပုံများအား အဓိကထားလေ့လာသုံးသပ်သည့် သက်ရှိဆိုင်ရာ သိပ္ပံပညာတစ်ရပ်ပင် ဖြစ်သည်။


သမိုင်းပြင်ဆင်

ရှေးခေတ်မှ ဒါဝင်ခေတ်ကာလအထိပြင်ဆင်

 
Conrad Gessner (1516–1565). သူ၏ တိရိစ္ဆာန်များ၏သမိုင်း ကို ခေတ်သစ်သတ္တဗေဒ၏ အစအဖြစ်သတ်မှတ်ထားသည်။

အဓိကဆောင်းပါး သတ္တဗေဒသမိုင်း (၁၈၅၉ ခုနှစ်)

သတ္တဗေဒ၏သမိုင်းသည် ရှေးခေတ်မှ ယနေ့ခေတ်အထိ တိရစ္ဆာန်နယ်ပယ် လေ့လာခြင်းပညာရပ်၏ ဖြစ်ပေါ်တိုးတက်လာခဲ့မှုအကြောင်းကို ဖော်ပြသည်။ တစ်ခုတည်းသော ကြောင်းကျိုးညီညွတ်သည့် နယ်ပယ်တစ်ရပ်အဖြစ် သတ္တဗေဒ အယူအဆသည် နှောင်းကာလများစွာ၌ ပေါ်ပေါက်ခဲ့သော်လည်း ရှေးဟောင်း ဂရိ - ရောမယဉ်ကျေးမှုခေတ်မှ အရစ္စတိုတယ်နှင့် ဂေးလန်တို့၏ ဇီဝဗေဒဆိုင်ရာ လက်ရာများမှ အစပြုဖြစ်ပေါ်လာသော (သက်ရှိများအကြောင်းစူးစမ်းလေ့လာသည့်ပညာရပ်) သဘာဝသမိုင်းမှ သတ္တဗေဒနှင့်ဆိုင်သော လောကဓာတ်ပညာရပ်များ ပေါ်ထွန်းလာခဲ့သည်။ ဤရှေးဟောင်းလက်ရာကို အလယ်ခေတ်ကာလများ၌ ပို၍ ချဲ့ထွင်တိုးတက်စေသူများမှာ အယ်လ်ဘာတပ်စ် မဲဂ်နပ်စ် ကဲ့သို့သော ပညာရှင်များနှင့် မွတ်စလင်သမားတော်များဖြစ်ကြသည်။[၁][၂][၃] ရစ်နေဆန်းခေတ်နှင့် ခေတ်သစ်အစောပိုင်းကာလများ အတွင်း၌ပင် သတ္တဗေဒဆိုင်ရာ အတွေးအခေါ်များသည် ဥရောပ၌ လက်တွေ့မျက်မြင်သဘောတရားနှင့် ဆန်းသစ်သောသက်ရှိများကို ရှာဖွေတွေ့ရှိခြင်းအားဖြင့် တော်လှန်ပြောင်းလဲခဲ့သည်။ ဒီလှုပ်ရှားမှု၌ ထင်ရှားသောသူတို့မှာ အန်းဒရိယ ဗီဆေးလိယပ် နှင့် ဝီလျံ ဟာဗေးတို့ဖြစ်ကြသည်။ ၎င်းတို့သည် ဇီဝကမ္မဗေဒ၌ စမ်းသပ်ချက်များနှင့် အထူးပြုလေ့လာခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။   သက်ရှိ(အပင်၍ တိရစ္ဆာန်)များလေ့လာသူပညာရှင်များ Carl Linnaeus၊ Jean-Baptiste Lamarck နှင့် Buffon တို့သည် သက်ရှိများ၏ မျိုးကွဲများ၊ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းများ၊ သက်ရှိများ၏ အပြုအမူနှင့် ဖွံ့ဖြိုးတိုးတက်လာခြင်း စသည်တို့ကို စနစ်တကျခွဲခြားခဲ့ကြသည်။ အဏုကြည့်မှန်ပြောင်းအသုံးချခြင်းသည် ယခင်ကမသိသောသေးငယ်သောဇီဝသက်ရှိများ၏ ကမ္ဘာကြီးကိုဖော်ထုတ်ခဲ့ပြီး ဆဲလ်သီအိုရီအတွက် အခြေခံဖြစ်သည်။ စက်မှုအတွေးအခေါ်၏ မြင့်တက်မှုကို တစ်စိတ်တစ်ပိုင်း တုန့်ပြန်မှုအဖြစ် (ကြောင်းကျိုး၊ သဘာဝအတွေ့အကြုံကို အခြေခံသော လောကဖန်တီးရှင် ရှိ/မရှိ) သဘာဝဘာသာရေးစနစ်၏ ကြီးထွားလာသောအရေးပါမှုသည် (သက်ရှိများအကြောင်းစူးစမ်းလေ့လာသော) သဘာဝသမိုင်း ကြီးထွားမှုကိုအားပေးခဲ့သည် (သို့သော် သဘာဝသမိုင်းပညာရပ်သည် လောကဖန်တီးရှင် ရှိ/မရှိ အခြေတင်အငြင်းပွားမှုကို တည်ဆောက်အမြစ်တွယ်စေခဲ့သည်။)

၁၈၊ ၁၉၊ ၂၀ ရာစုနှစ်များတွင် သတ္တဗေဒသည် ပညာရပ်ဆန်သည့် သိပ္ပံနည်းကျဘာသာရပ်တစ်ခု ဖြစ်လာသည်။ အလက်ဇန္ဒားဗွန်ဟမ်ဘော့လ်ကဲ့သို့သော သဘာဝသမိုင်း စူးစမ်းလေ့လာသူ များသည် သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်အကြား အပြန်အလှန်အကျိုးသက်ရောက်မှုကိုစုံစမ်းစစ်ဆေးခဲ့သည်။ ဤဆက်နွယ်မှုသည်ပထဝီဝင်အနေအထားပေါ်တွင်မူတည်သည်။

ပြင်ပလင့်ခ်များပြင်ဆင်


  1. Bayrakdar, Mehmet (1986). "Al-Jahiz နှင့်ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်စဉ်တိုးတက်လာခြင်း". ဓမ္မအန်ကာရာတက္ကသိုလ်ဌာန၏ဂျာနယ် 27 (1): 307–315. အန်ကာရာတက္ကသိုလ်. doi:10.1501/Ilhfak_0000000674. 
  2. (2008) ဘဝအကြောင်းကို စဉ်းစားခြင်း - ဇီဝဗေဒနှင့်အခြားသိပ္ပံသမိုင်းနှင့်ဒဿနိကဗေဒ. Springer, 43. ISBN 978-1-4020-8865-0 
  3. Saint Albertus Magnus (1999). တိရိစ္ဆာန်များတွင်:အလယ်ခေတ်l ဆမ်းမာ့သတ္တဗေဒ. Johns Hopkins တက္ကသိုလ်စာနယ်ဇင်း. ISBN 0-8018-4823-7