သတ္တဝါ
ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
သတ္တဝါမျိုးဘုံဝင် သက်ရှိများ | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
နယ်ပယ်: | ယူကာယုတ် |
(unranked): | Unikonta |
(unranked): | Opisthokonta |
(unranked): | Holozoa |
(unranked): | Filozoa |
လောက: | Animalia လင်းနီးယပ်၊ ၁၇၅၈ |
Major divisions | |
Synonyms | |
|
ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်အားဖြင့် အဆန်ရှိဆဲလ်ဖွဲ့ (ယူခယ်ရီယုခ်) မျိုးဘုံ တစ်ခုဖြစ်သော သတ္တဝါများ (အင်္ဂလိပ်: Kingdom Animalia) ဆိုသည်မှာ များသောအားဖြင့် -
- သက်ရှိသစ် (သန္ဓေလောင်း) သည် ဥအတွင်း၌ဖြစ်စေ၊ မိခင့်ဝမ်းထဲဖြစ်စေ အတွင်းလွတ် ဆဲလ်အစုအလုံးအဖြစ် စတည် တည်ရှိရာမှ ဖွံ့ဖြိုးရှင်သန်လာသော၊
- အခြားသက်ရှိတို့ထံမှ ဇီဝဖွဲ့ မော်လီကျူးများကို အစားအစာ အဖြစ် လိုက်လံစားသွင်း ရှင်သန်သော၊
- (အောက်စီဂျင်သွင်း၊ ကားဘန် ဒိုင်အောက်ဆိုဒ် ထုတ် စသည်ဖြင့်) သက်ရှိဓာတ်ငွေ့လှည့်ခြင်း (respiration) အလုပ်ကို တနည်းနည်းနှင့် လုပ်ဆောင် ရှင်သန်သော၊
- မိမိကိုယ်ထည်ကို မိမိ ရွေ့လျားစေနိုင်သည့် ကိုယ်ထည်ဖွဲ့စည်းမှု ရှိတတ်သော၊
- အထီး-အမ ဖြစ်အင် ကွဲပြား၍ အချင်းချင်း လိင်ဆက်ဆံမှုဖြင့် ဆက်လက်မျိုးပွားတတ်သော၊
ဆဲလ်များစွာဖွဲ့-သက်ရှိများ ဖြစ်၍၊ အခြားသော အဆန်ရှိဆဲလ်ဖွဲ့ အပင်များ၊ မှိုများ စသည်တို့နှင့် ကွဲပြား၏။
ဝေါဟာရပိုင်း
ပြင်ဆင်ရန်အင်္ဂလိပ်အမည် "animal" သည် လက်တင်သဒ္ဒါ animale (ပင့်သက်အရှင်) မှ ဆင်းသက်လာသည်။ ဇီဝဗေဒတွင် အသုံးပြုသော သဒ္ဒါသည် လောက (Kingdom) ကိုညွှန်းသည်။
သတ္တဝါ မျိုးပေါင်းစုကြီးများ
ပြင်ဆင်ရန်ဤ သတ္တဝါမျိုးဘုံ ဟူသော မျိုးဘုံထဲတွင် အောက်ပါ မျိုးပေါင်းစုများ (Phyla) ပါဝင်၏။
ခြေဆစ်ချိုး သတ္တဝါများ (Arthropods) မျိုးပေါင်းစု
ပြင်ဆင်ရန်အဆစ်ဆစ်အပိုင်းပိုင်းသော ဖွဲ့စည်းမှုနှင့် ခြေချောင်းများ ၃စုံ (၆ချောင်း) နှင့် အထက် ရှိကာ၊ အတွင်း၌ အရိုးဖြင့် မတည်ရှိပဲ ကိုယ်ပြင်အုပ် အမာခွံနှင့် ကိုယ်ထည်ဖွဲ့ရှိသည်။ မျိုးစိတ်ပေါင်း ၈၀၀၀၀၀ ကျော်ရှိကာ အင်းဆက်များသည်လည်း ထိုအုပ်စုတွင် အပါအဝင်ဖြစ်သည်။ (ပုရွက်ဆိတ်၊ နှံကောင်၊ ချေးထိုးပိုး၊ ပင့်ကူ၊ ကဏန်း၊ ပုဇွန် စသည်)
ကိုယ်ပျစ် သတ္တဝါများ(Mollusks ) မျိုးပေါင်းစု
ပြင်ဆင်ရန်အရိုးလုံးဝမပါဘဲ ကျိချွဲပျော့တွဲသော ကိုယ်ထည်ရှိပြီး ပွတ်တိုက်ရွေ့လျားသွားလာတတ်သည့် အုပ်စုဖြစ်သည်။ အချို့မျိုးစိတ်များတွင် ပျော့တွဲသောကိုယ်ကို ကယ်လ်ဆီယမ် ပါဝင်သည့် အခွံမာတစ်ခုဖြင့် ကာကွယ်ထားတတ်ကြသည်။ (ခရု၊ ပက်ကျိ၊ မျှော့၊ ရေဘဝဲ၊ ကင်းမွန်၊ ယောက်သွား၊ ကမာ၊ ကြယ်ငါး စသည်တို့)
ကျောရိုးရှိတတ် သတ္တဝါများ မျိုးပေါင်းစု (Physlum Chordata)
ပြင်ဆင်ရန်ယေဘုယျအားဖြင့် ကျောရိုးရှိ သတ္တဝါများ မျိုးပေါင်းစု ဖြစ်၏။ အောက်ပါ မျိုးပေါင်း(မျိုးဂိုဏ်း) တို့ အကျုံးဝင်၏။
ငါးများ(Fish) မျိုးဂိုဏ်း
ပြင်ဆင်ရန်ရေတွင် ပါးဟပ်ဖြင့် အသက်ရှုကာ ဆူးတောင်ရေယက်များဖြင့် ကူးခတ်တတ်ပြီး အကြေးခွံရှိသော ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်သည့် ငါးမျိုးစိတ်ပေါင်း ၂၁၀၀၀ ခန့်ရှိသည်။ (ငါးမန်း၊ ရေနဂါး၊ ဆာလ်မွန်း၊ ထရောက် စသည်)
ရေနေကုန်းနေ သတ္တဝါများ (Amphibians) မျိုးဂိုဏ်း
ပြင်ဆင်ရန်ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်ကြပြီး ရေတွင်ပေါက်ဖွားကာ ကုန်းပေါ်တွင် အရွယ်ရောက်ကြသည်။ မျိုးစိတ် ၃၀၀၀ ခန့်ရှိသည်။ (ဖား၊ ဆယ်လ်မင်ဒါ စသည်)
တွားသွား သတ္တဝါများ (Reptiles) မျိုးဂိုဏ်း
ပြင်ဆင်ရန်အကြေးအခွံပါသော ကျောရိုးရှိ သွေးအေးသတ္တဝါများဖြစ်ကြပြီး၊ ရေမစိမ့်တတ်ဘဲ အတွင်း၌ သက်ရှိသစ်(သန္ဓေသား) နှင့်အတူ ရေနှင့်အာဟာရများကို ထိန်းပေးသည့် ဥများ ဥသည့်အလျောက် ကုန်းတွင်းပိုင်းတို့၌ ရှင်သန်ထွန်းကားနိုင်၏။ မျိုးစိတ် ၆၀၀၀ ကျော်ရှိသည်။ (မြွေ၊ လိပ်၊ ဖွတ်၊ ပုတ်သင်ညို စသည်)
ငှက်များ(Birds) မျိုးဂိုဏ်း
ပြင်ဆင်ရန်အခွံမာသော ဥမှပေါက်ဖွားပြီး အရွယ်ရောက်လျှင် အမွှေးအတောင်များရှိသော အများစု ပျံသန်းနိုင်သည့် ကျောရိုးရှိ သွေးနွေးသတ္တဝါများကို ငှက်ဟုခေါ်သည်။ မျိုးစိတ် ၈၀၀၀ ခန့်ရှိသည်။ (ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ကုလားအုပ်၊ ပင်ဂွင်း စသည်)
နို့တိုက် သတ္တဝါများ(Mammals) မျိုးပေါင်းစု မျိုးဂိုဏ်း
ပြင်ဆင်ရန်သားငယ်ကို မိခင်နို့တိုက်ကျွေးသည့် အလေ့အထရှိသော ကျောရိုးရှိ သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။ လူအပါအဝင် မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်ရှိသည်။ (လူ၊ မျောက်၊ ခွေး၊ ကျွဲ၊ နွား၊ ကျား၊ ဆင်၊ လင်းပိုင်၊ ဝေလငါး၊ ဖျံ စသည်)
မျိုးဘုံ(လောက)အတွင်း ကွဲပြားပုံပြဇယား
ပြင်ဆင်ရန်မျိုးပေါင်းစုများ | နမူနာပုံ | မျိုးစိတ်
အရေအတွက် |
ကုန်းနေ | အဏ္ဏဝါ
အဏ္ဏဝါနေ |
ရေချိုနေ | အမှီခိုကင်း | ကပ်ပါးနေ |
---|---|---|---|---|---|---|---|
တီမျိုး | ၁၇,၀၀၀[၁] | ရှိ (မြေဆီလွှာ) [၂] | ရှိ [၂] | ၁,၇၅၀[၃] | ရှိ | ၄၀၀[၄] | |
ခြေဆစ်များသတ္တဝါ | ၁,၂၅၇,၀၀၀[၁] | ၁,၀၀၀,၀၀၀
(အင်းဆက်)[၅] |
၄၀,၀၀၀ အထက်
(Malac- (Malacostraca)[၆] |
၉၄,၀၀၀[၃] | ရှိ [၂] | ၄၅,၀၀၀ အထက်[မှတ်စု ၁][၄] | |
Bryozoa | ၆,၀၀၀ [၁] | ရှိ [၂] | ၆၀ ~ ၈၀ [၃] | ရှိ | |||
ကော်ဒိတ် | ၇၀,၀၀၀ အထက်[၁][၇] | ၂၃,၀၀၀ [၈] | ၁၃,၀၀၀ [၈] | ၁၈,၀၀၀[၃]၉,၀၀၀[၈] | ရှိ | ၄၀ | |
Cnidaria | ၁၆,၀၀၀ [၁] | ရှိ[၂] | ရှိ(အနည်းငယ်)[၂] | ရှိ[၂] | ၁,၃၅၀ အထက်
(Myxozoa)[၄] | ||
Echinoderms | ၇,၅၀၀ [၁] | ၇,၅၀၀ [၁] | ရှိ[၂] | ||||
ကျိချွဲ သတ္တဝါ
(ခရုမျိုး) |
၈၅,၀၀၀ [၁]၁၀၇,၀၀၀ [၁၀] | ၃၅,၀၀၀ [၁၀] | ၆၀,၀၀၀ [၁၀] | ၅,၀၀၀ [၃]၁၂,၀၀၀ [၁၀] | ရှိ[၂] | ၅,၆၀၀ အထက် [၄] | |
Nematodes | ၂၅,၀၀၀[၁] | ရှိ (မြေဆီလွှာ)[၂] | ၄,၀၀၀ [၁၁] | ၂,၀၀၀[၃] | ၁၁,၀၀၀ [၁၁] | ၁၄,၀၀၀ [၁၁] | |
Platyhelminthes | ၂၉,၅၀၀ [၁] | ရှိ[၁၂] | ရှိ[၂] | ၁,၃၀၀[၃] | ရှိ[၂]၃,၀၀၀~၆,၅၀၀[၁၃] | ၄၀,၀၀၀ အထက်[၄]၄,၀၀၀–၂၅,၀၀၀ [၁၃] | |
Rotifers | ၂,၀၀၀ [၁] | ၄၀၀ အထက် [၁၄] | ၂,၀၀၀ [၃] | ရှိ | |||
စပန်းရေမြှုပ် | ၁၀,၈၀၀ [၁] | ရှိ[၂] | ၂၀၀ ~ ၃၀၀[၃] | ရှိ | ရှိ[၁၅] | ||
အကိုးအကား
ပြင်ဆင်ရန်- ↑ ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ Zhang, Zhi-Qiang (2013-08-30). "Animal biodiversity: An update of classification and diversity in 2013. In: Zhang, Z.-Q. (Ed.) Animal Biodiversity: An Outline of Higher-level Classification and Survey of Taxonomic Richness (Addenda 2013)". Zootaxa 3703 (1). doi: . မော်ကွန်းတင်ပြီးမိတ္တူ။ 24 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2021 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ There are only 35 kinds of animal and most are really weird။ BBC Earth။ 10 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2018 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ၃.၇ ၃.၈ Balian၊ E. V.; Lévêque၊ C.; Segers၊ H.; Martens၊ K. (2008)။ Freshwater Animal Diversity Assessment။ Springer။ p. 628။ ISBN 978-1-4020-8259-7။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ Poulin၊ Robert (2007)။ Evolutionary Ecology of Parasites။ Princeton University Press။ p. 6။ ISBN 978-0-691-12085-0။
- ↑ Stork, Nigel E. (January 2018). "How Many Species of Insects and Other Terrestrial Arthropods Are There on Earth?". Annual Review of Entomology 63 (1): 31–45. doi: . PMID 28938083. Stork notes that 1m insects have been named, making much larger predicted estimates.
- ↑ Poore၊ Hugh F. (2002)။ "Introduction"။ Crustacea: Malacostraca။ Zoological catalogue of Australia။ 19.2A။ CSIRO Publishing။ pp. 1–7။ ISBN 978-0-643-06901-5။
- ↑ Uetz, P.. "A Quarter Century of Reptile and Amphibian Databases". Herpetological Review 52: 246-255.
- ↑ ၈.၀ ၈.၁ ၈.၂ Reaka-Kudla၊ Marjorie L.; Wilson၊ Don E.; Wilson၊ Edward O. (1996)။ Biodiversity II: Understanding and Protecting Our Biological Resources။ Joseph Henry Press။ p. 90။ ISBN 978-0-309-52075-1။
- ↑ Burton၊ Derek; Burton၊ Margaret (2017)။ Essential Fish Biology: Diversity, Structure and Function။ Oxford University Press။ pp. 281–282။ ISBN 978-0-19-878555-2။
Trichomycteridae ... includes obligate parasitic fish. Thus 17 genera from 2 subfamilies, Vandelliinae; 4 genera, 9spp. and Stegophilinae; 13 genera, 31 spp. are parasites on gills (Vandelliinae) or skin (stegophilines) of fish.
- ↑ ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ Nicol, David (June 1969). "The Number of Living Species of Molluscs". Systematic Zoology 18 (2): 251–254. doi: .
- ↑ ၁၁.၀ ၁၁.၁ ၁၁.၂ Felder၊ Darryl L.; Camp၊ David K. (2009)။ Gulf of Mexico Origin, Waters, and Biota: Biodiversity။ Texas A&M University Press။ p. 1111။ ISBN 978-1-60344-269-5။
- ↑ Sluys, R. (1999). "Global diversity of land planarians (Platyhelminthes, Tricladida, Terricola): a new indicator-taxon in biodiversity and conservation studies". Biodiversity and Conservation 8 (12): 1663–1681. doi: .
- ↑ ၁၃.၀ ၁၃.၁ Pandian၊ T. J. (2020)။ Reproduction and Development in Platyhelminthes။ CRC Press။ pp. 13–14။ ISBN 978-1-000-05490-3။
- ↑ Fontaneto၊ Diego။ Marine Rotifers | An Unexplored World of Richness 4–5။ JMBA Global Marine Environment။ 2 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2021 တွင် ပြန်စစ်ပြီး။
- ↑ Morand၊ Serge; Krasnov၊ Boris R.; Littlewood၊ D. Timothy J. (2015)။ Parasite Diversity and Diversification။ Cambridge University Press။ p. 44။ ISBN 978-1-107-03765-6။ 12 December 2018 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 2 March 2018 တွင် ပြန်စစ်ပြီး။
ကိုးကား အမှား - <ref>
tags exist for a group named "မှတ်စု", but no corresponding <references group="မှတ်စု"/>
tag was found