[] သတ္တဘင်္ဂဝါဒ ဟူသည် — အိန္ဒိယပြည်တောင်ပိုင်း အန္ဓကတိုင်း(အန္ဓရာ ပြည်နယ်)၌ ထွန်းကားခဲ့သော နိဂဏ္ဌနာဋပုတ္တ (မဟာဝီရ)၏ ဝါဒဖြစ်သည်။ ၎င်း ဝါဒကို “ဂျိန်းဝါဒ” ဟူ၍လည်းကောင်း, “သိယာဝါဒ” ဟူ၍ လည်းကောင်း, “အနေကန္တိကဝါဒ” ဟူ၍လည်းကောင်း, “သံသယဝါဒ “ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသေးသည်။ ၎င်းဝါဒ၏ လိုရင်းအချုပ်ကား—

(၁) သိယာ အတ္ထိ ဇီဝေါ (ဇီဝေါ၊ ဇီဝသည်။ အတ္ထ၊ သဝိညာဏကတို့၌ ထင်ရှား ရှိသည်။ သိယာ၊ ဖြစ်မူလည်း ဖြစ်ရာ၏)။

(၂) သိယာ နတ္ထိ ဇီဝေါ (ဇီဝေါ၊ ဇီဝသည်။ နတ္ထိ၊ အဝိညာဏကတို့၌ ထင်ရှားမရှိသည်။ သိယာ၊ ဖြစ်မူလည်းဖြစ်ရာ၏)။

(၃) သိယာ အဝတ္တဗ္ဗော ဇီဝေါ (ဇီဝေါ၊ ဇီဝသည်။ (သမာနောပိ၊ ထင်ရှား ရှိသော်လည်း။) အဝတ္တဗ္ဗော၊ ထင်ရှားရှိသော ဇီဝ၏အဖြစ်ဖြင့် မဆိုအပ်သည်။ သိယာ၊ ဖြစ်မူလည်း ဖြစ်ရာ၏)။

(၄) သိယာ အတ္ထိ နတ္ထိ နတ္ထိရူပေါ ဇီဝေါ (ဇီဝေါ၊ ဇီဝသည်။ အတ္ထိ၊ ခန္ဓာကိုယ်ကို ဆောင်သောအခါ, ခန္ဓာ ကိုယ်နှင့် အတူတကွ ဖြစ်သောအခါ ထင်ရှား ရှိသည်လည်းကောင်း။ နတ္ထိ၊ ခန္ဓာကိုယ်နှင့် ကွဲကွာသောအခါ ထင်ရှား မရှိသည်လည်းကောင်း။ နတ္ထိရူပေါ၊ ထင်ရှားမရှိသော သဘော ရှိသည်လည်းကောင်း။ သိယာ၊ ဖြစ်မူလည်း ဖြစ်ရာ၏)။

(၅) သိယာ အတ္ထိ အဝတ္တဗ္ဗော ဇီဝေါ (ဇီဝေါ၊ ဇီဝသည်။ အတ္ထိ၊ ထင်ရှားကား ရှိ၏။ ကိန္တု၊ သို့သော်လည်း) အဝတ္တဗ္ဗော၊ ထင်ရှားရှိသော ဇီဝဟု မဆိုအပ်သည်။ သိယာ၊ ဖြစ်မူလည်း ဖြစ်ရာ၏)။

(၆) သိယာ နတ္ထိ အဝတ္တဗ္ဗော ဇီဝေါ (ဇီဝေါ၊ ဇီဝသည်။ နတ္ထိ၊ ပစ္စက္ခမာနအားဖြင့် ထင်ရှား မရှိသည်လည်းကောင်း။ အဝတ္တဗ္ဗော၊ စက္ခုပသာဒ၏ ပစ္စက္ခအဖြစ်ဖြင့် မဆိုအပ်သည်လည်းကောင်း။ သိယာ၊ ဖြစ်မူလည်း ဖြစ်ရာ၏)။

(၇) သိယာ အတ္ထိ နတ္ထိ အဝတ္တဗ္ဗော (ဇီဝေါ၊ ဇီဝသည်။ အတ္ထိ၊ အနုမာနအားဖြင့် ထင်ရှားရှိသည်လည်းကောင်း။ နတ္ထိ၊ မျက်မြင်အားဖြင့် ထင်ရှား မရှိသည်လည်းကောင်း။ အဝတ္တဗ္ဗော၊ ထင်ရှိ, မရှိအဖြစ်ဖြင့် မဆိုအပ်သည်လည်းကောင်း။ သိယာ၊ ဖြစ်မူလည်းဖြစ် ရာ၏)။ ဟူသော ကွေ့ကောက်စွာ ပြောဆိုအပ်သော စကား ၇-မျိုးတို့ပင်တည်း)။[]

  1. သတ္တဘင်္ဂဝါဒ (ပု) [သတ္တဘင်္ဂ+ဝါဒ] [သတ္တဘင်္ဂဒိဋ္ဌိ-ကြည့်။ ဧဝံ သတ္တဘင်္ဂဿ ဝိယ သေသဘင်္ဂါနမ္ပိ အသမ္ဘဝေါယေဝါတိ သတ္တဘင်္ဂဝါဒဿ အယုတ္တတာ ဝေဒိတဗ္ဗာ။ ဒီ၊ဋီ၊၁၊၁၅၃။ သီ၊ဋီ၊သစ်၊၁၊၄၁၂။ မ၊ဋီ၊၃၊၂၃၂။
  2. တိပိဋကအဘိဓာန် အတွဲ-၂၁